ဘရာဇီးဝတ်စုံကို ပြောင်းလဲလိုက်မှုကြောင့် မာန်တက်နေတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ နေမာ

နေမာဟာကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီဘရာဇီးဝတ်စုံကိုအပြောင်းအလဲလုပ်လာမှုနှင့်အတူမာန်တက်နေတယ်ဆိုပြီးဝေဖန်ခြင်းခံနေရပါတယ်။

တောင်အမေရိကထိပ်သီးဘရာဇီးဟာကမ္ဘာ့ဖလားငါးကြိမ်ဆွတ်ခူးထားပြီးကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရေးကြိုးပမ်းလာပါမယ်။

ဘရာဇီးဟာကမ္ဘာ့ဖလားငါးကြိမ်ဆွတ်ခူးထားနိုင်မှုနှင့်အတူ၎င်းတို့ရဲ့ဝတ်စုံတွင်လည်းကြယ်ပွင့်ပါဝင်ပါတယ်။

ဒါပေမဲ့နေမာဟာ၂၀၂၂ကမ္ဘာ့ဖလားအတွက်သူ့ရဲ့ဝတ်စုံတွင် ကြယ်တစ်ပွင့်ထပ်တိုးပြီးကြယ်ခြောက်ပွင့်ထည့်သွင်းထားပါတယ်။

ဒါကြောင့်လည်းဂျာမန်ထိပ်သီးသတင်းစာ Bild ကပီအက်စ်ဂျီနှင့်ဘရာဇီးတိုက်စစ်မှူးနေမာကိုမာန်တက်နေတယ်ဆိုပြီးဝေဖန်ရေးသားလာခဲ့ပါတယ်။

ဒါပေမဲ့လည်းဘရာဇီးကစားဖော်ရီချာလီဆင်ကတော့နေမာကိုကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ရီချာလီဆင်က “သူတို့ကမှမာန်တက်နေတာ။ကျွန်တော်တို့အိပ်မက်မက်နေသူတွေပါ။ကျွန်တော်တို့ဟာခြောက်ပွင့်မြောက်ကြယ်ပွင့်အတွက်အိပ်မက်မက်နေတယ်။သူတို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တပ်သွားမယ်။အဲဒီသတင်းထောက်ကသေနာကောင်ပါ”လို့ဆိုသွားပါတယ်။

ဘရာဇီးဟာလာမယ့်ကြာသပတေးနေ့တွင်ဆားဘီးယားနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရပါမယ်။၎င်းတို့ဟာယင်းပွဲအပြီးတွင်ဆွစ်ဇာလန်၊ကင်မရွန်းတို့နှင့်လည်းရင်ဆိုင်ကစားရပါမယ်။ဘရာဇီးဟာ၁၉၅၈၊၁၉၆၂၊၁၉၇၀၊၁၉၉၄နှင့်၂၀၂၂ခုနှစ်တို့တွင်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ZawGyi

ဘရာဇီးဝတ္စုံကို ေျပာင္းလဲလိုက္မႈေၾကာင့္ မာန္တက္ေနတယ္ဆိုၿပီး ေဝဖန္ခံေနရတဲ့ ေနမာ

ေနမာဟာကမာၻ႔ဖလားအဖြင့္ပြဲမတိုင္မီဘရာဇီးဝတ္စုံကိုအေျပာင္းအလဲလုပ္လာမႈႏွင့္အတူမာန္တက္ေနတယ္ဆိုၿပီးေဝဖန္ျခင္းခံေနရပါတယ္။

ေတာင္အေမရိကထိပ္သီးဘရာဇီးဟာကမာၻ႔ဖလားငါးႀကိမ္ဆြတ္ခူးထားၿပီးကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေျခာက္ႀကိမ္ေျမာက္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ေရးႀကိဳးပမ္းလာပါမယ္။

ဘရာဇီးဟာကမာၻ႔ဖလားငါးႀကိမ္ဆြတ္ခူးထားႏိုင္မႈႏွင့္အတူ၎တို႔ရဲ႕ဝတ္စုံတြင္လည္းၾကယ္ပြင့္ပါဝင္ပါတယ္။

ဒါေပမဲ့ေနမာဟာ၂၀၂၂ကမာၻ႔ဖလားအတြက္သူ႔ရဲ႕ဝတ္စုံတြင္ ၾကယ္တစ္ပြင့္ထပ္တိုးၿပီးၾကယ္ေျခာက္ပြင့္ထည့္သြင္းထားပါတယ္။

ဒါေၾကာင့္လည္းဂ်ာမန္ထိပ္သီးသတင္းစာ Bild ကပီအက္စ္ဂ်ီႏွင့္ဘရာဇီးတိုက္စစ္မႉးေနမာကိုမာန္တက္ေနတယ္ဆိုၿပီးေဝဖန္ေရးသားလာခဲ့ပါတယ္။

ဒါေပမဲ့လည္းဘရာဇီးကစားေဖာ္ရီခ်ာလီဆင္ကေတာ့ေနမာကိုကာကြယ္ေျပာဆိုသြားခဲ့ပါတယ္။

ရီခ်ာလီဆင္က “သူတို႔ကမွမာန္တက္ေနတာ။ကြၽန္ေတာ္တို႔အိပ္မက္မက္ေနသူေတြပါ။ကြၽန္ေတာ္တို႔ဟာေျခာက္ပြင့္ေျမာက္ၾကယ္ပြင့္အတြက္အိပ္မက္မက္ေနတယ္။သူတို႔ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ တပ္သြားမယ္။အဲဒီသတင္းေထာက္ကေသနာေကာင္ပါ”လို႔ဆိုသြားပါတယ္။

ဘရာဇီးဟာလာမယ့္ၾကာသပေတးေန႔တြင္ဆားဘီးယားႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားရပါမယ္။၎တို႔ဟာယင္းပြဲအၿပီးတြင္ဆြစ္ဇာလန္၊ကင္မ႐ြန္းတို႔ႏွင့္လည္းရင္ဆိုင္ကစားရပါမယ္။ဘရာဇီးဟာ၁၉၅၈၊၁၉၆၂၊၁၉၇၀၊၁၉၉၄ႏွင့္၂၀၂၂ခုႏွစ္တို႔တြင္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။