ဘရာဇီးအိုလံပစ်အသင်းတွင် အာဆင်နယ်ရဲ့ဂါဘရီရယ်နှင့်မာတင်နယ်လီတို့ပါဝင်လာ

အာဆင်နယ်နောက်ခံလူဂါဘရီရယ်နှင့်တောင်ပံတိုက်စစ်သမားဂါဘရီရယ်မာတင်နယ်လီတို့ဟာဘရာဇီးရဲ့အိုလံပစ်အသင်းလူစာရင်းတွင်ပါဝင်လာပါတယ်။

ဖီဖာဟာကိုအစောပိုင်းတုန်းကအိုလံပစ်အတွက်၁၈ဦးလူစာရင်းသာတင်သွင်းခွင့်ပြုခဲ့သော်လည်းကိုဗစ်ကြောင့်ကစားသမား၂၂ဦးအထိရွေးချယ်ခွင့်ပြုလာပါတယ်။

ဒါ့အပြင်ဖီဖာဟာကလပ်များအနေဖြင့်ကစားသမားများကိုအိုလံပစ်တွင်မကစားရန်တားဆီးခွင့်ပြုထားပါတယ်။

ဒါကြောင့်လည်းဘရာဇီးအိုလံပစ်နည်းပြအင်ဒရေဂျာဒိုင်းဟာဘရာဇီးအိုလံပစ်အသင်းရဲ့လူစာရင်းကိုအပြောင်းအလဲလုပ်ခြင်း၊ထပ်တိုးခြင်းတို့ပြုလုပ်လာပါတယ်။

ဖလာမင်ဂို၊မာဆေးလ်၊ဇင်းနစ်တို့ကပီဒရို၊ဂါဆင်နှင့်မယ်ကွမ်းတို့အားမစေလွှတ်မှုကြောင့်ဘရာဇီးနည်းပြဂျာဒိုင်းဟာအဲဗာတန်စတားရီချက်လီဆင်၊PAOK အလယ်တန်းကစားသမားဒေါက်ကလပ်အူဂပ်စ်တိုတို့ကိုရွေးချယ်ခဲ့ပါတယ်။

ဒါ့အပြင်ဘရာဇီးဟာယခင်၁၈ဦးစာရင်းတွင်မပါဝင်ခဲ့တဲ့ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားရေနီယာရီကိုလည်းရွေးချယ်ခဲ့ပါတယ်။

ဘရာဇီးဟာအစောပိုင်းတုန်းရီးရဲလ်မက်ဒရစ်စတားဗီနီစီးယပ်စ်အားရွေးချယ်လိုခဲ့သော်လည်းကလပ်ဘက်ကမလွတ်မှုကြောင့်လက်လွှတ်ခဲ့ရပါတယ်။ဒါ့အပြင်ပီအက်စ်ဂျီကလည်းနေမာနှင့်မာကွင်ဟို့စ်တို့ကိုလက်မလွတ်ခဲ့ပါဘူး။

ဘရာဇီးအိုလံပစ်အသင်းရဲ့၂၄နှစ်အထက်ကစားသမားသုံးဦးစာရင်းတွင်ဘာစီလိုနာဂန္ထဝင်ဒါနီအဲလ်ဗက်စ်၊ပီနိုင်းရိုးဂိုးသမားဆန်တို့စ်၊ဆီဗီလာနောက်ခံလူဒီယေဂိုကားလို့စ်တို့ ရွေးချယ်ခြင်းခံထားရပါတယ်။

ZawGyi

ဘရာဇီးအိုလံပစ္အသင္းတြင္ အာဆင္နယ္ရဲ႕ဂါဘရီရယ္ႏွင့္မာတင္နယ္လီတို႔ပါဝင္လာ

အာဆင္နယ္ေနာက္ခံလူဂါဘရီရယ္ႏွင့္ေတာင္ပံတိုက္စစ္သမားဂါဘရီရယ္မာတင္နယ္လီတို႔ဟာဘရာဇီးရဲ႕အိုလံပစ္အသင္းလူစာရင္းတြင္ပါဝင္လာပါတယ္။

ဖီဖာဟာကိုအေစာပိုင္းတုန္းကအိုလံပစ္အတြက္၁၈ဦးလူစာရင္းသာတင္သြင္းခြင့္ျပဳခဲ့ေသာ္လည္းကိုဗစ္ေၾကာင့္ကစားသမား၂၂ဦးအထိေ႐ြးခ်ယ္ခြင့္ျပဳလာပါတယ္။

ဒါ့အျပင္ဖီဖာဟာကလပ္မ်ားအေနျဖင့္ကစားသမားမ်ားကိုအိုလံပစ္တြင္မကစားရန္တားဆီးခြင့္ျပဳထားပါတယ္။

ဒါေၾကာင့္လည္းဘရာဇီးအိုလံပစ္နည္းျပအင္ဒေရဂ်ာဒိုင္းဟာဘရာဇီးအိုလံပစ္အသင္းရဲ႕လူစာရင္းကိုအေျပာင္းအလဲလုပ္ျခင္း၊ထပ္တိုးျခင္းတို႔ျပဳလုပ္လာပါတယ္။

ဖလာမင္ဂို၊မာေဆးလ္၊ဇင္းနစ္တို႔ကပီဒ႐ို၊ဂါဆင္ႏွင့္မယ္ကြမ္းတို႔အားမေစလႊတ္မႈေၾကာင့္ဘရာဇီးနည္းျပဂ်ာဒိုင္းဟာအဲဗာတန္စတားရီခ်က္လီဆင္၊PAOK အလယ္တန္းကစားသမားေဒါက္ကလပ္အူဂပ္စ္တိုတို႔ကိုေ႐ြးခ်ယ္ခဲ့ပါတယ္။

ဒါ့အျပင္ဘရာဇီးဟာယခင္၁၈ဦးစာရင္းတြင္မပါဝင္ခဲ့တဲ့ရီးရဲလ္မက္ဒရစ္အလယ္တန္းကစားသမားေရနီယာရီကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

ဘရာဇီးဟာအေစာပိုင္းတုန္းရီးရဲလ္မက္ဒရစ္စတားဗီနီစီးယပ္စ္အားေ႐ြးခ်ယ္လိုခဲ့ေသာ္လည္းကလပ္ဘက္ကမလြတ္မႈေၾကာင့္လက္လႊတ္ခဲ့ရပါတယ္။ဒါ့အျပင္ပီအက္စ္ဂ်ီကလည္းေနမာႏွင့္မာကြင္ဟို႔စ္တို႔ကိုလက္မလြတ္ခဲ့ပါဘူး။

ဘရာဇီးအိုလံပစ္အသင္းရဲ႕၂၄ႏွစ္အထက္ကစားသမားသုံးဦးစာရင္းတြင္ဘာစီလိုနာဂႏၴဝင္ဒါနီအဲလ္ဗက္စ္၊ပီႏိုင္း႐ိုးဂိုးသမားဆန္တို႔စ္၊ဆီဗီလာေနာက္ခံလူဒီေယဂိုကားလို႔စ္တို႔ ေ႐ြးခ်ယ္ျခင္းခံထားရပါတယ္။