
လူကာမိုဒရစ်နှင့်ကက်စ်မီရိုတို့ဟာပွဲပြီးအောင်တောင်မစောင့်နိုင်ဘဲသူငယ်ချင်းကောင်းတွေအဖြစ်ရှိနေဆဲဖြစ်ကြောင်းပြသခဲ့ကြပါတယ်။
အဆိုပါကစားသမားနှစ်ဦးတို့ဟာခရိုအေးရှားကဘရာဇီးကိုအနိုင်ရရှိတဲ့ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ပထမပိုင်းအပြီးတွင်ပင်အင်္ကျီလဲလှယ်မှုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားနှစ်ဦးဟာရီးရဲလ်မက်ဒရစ်တွင်ဆယ်စုနှစ်တစ်ခုနီးပါးကြာအတူတွဲကစားခဲ့ကြသူများဖြစ်ပြီး ချန်ပီယံလိဂ်ဖလား၅ကြိမ်အတူလက်တွဲရယူနိုင်ခဲ့ကြပါတယ်။
ကက်စ်မီရိုဟာနွေရာသီတုန်းကယူနိုက်တက်သို့ပြောင်းရွှေ့မှုနှင့်အတူ လူကာမိုဒရစ်တို့ရီးရဲလ်မက်ဒရစ်နှင့်လမ်းခွဲခဲ့ရပါတယ်။
ဒါပေမဲ့၎င်းတို့ဟာကမ္ဘာ့ဖလားကွာတားပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာအင်္ကျီလဲလှယ်ပြီးတစ်ဦးကိုတစ်ဦးအပြန်အလှန်လေးစားနေဆဲဖြစ်ကြောင်းပြသခဲ့ကြပါတယ်။
၎င်းတို့နှစ်ဦးဟာဥမင်လှိုဏ်ခေါင်းသို့အဝင်တွင်ရယ်စရာမောစရာပြောနေကြတာလည်းတွေ့ရပါတယ်။
မနေ့ညကပွဲတွင်ပွဲချိန်အတွင်းဂိုးမရှိသရေကျပြီးနောက်အချိန်ပိုကစားခဲ့ရာမှာလည်းတစ်ဂိုးစီသရေကျခဲ့ပါတယ်။ယင်းနောက်ပင်နယ်တီအဆုံးအဖြတ်တွင်ခရိုအေးရှားကအနိုင်ရရှိသွားပါတယ်။
ခရိုအေးရှားဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းရှုံးထွက်အဆင့်တွင် မိနစ်၉၀အတွင်းနိုင်ပွဲမရရှိခဲ့ဘဲအချိန်ပို(သို့မဟုတ်)ပင်နယ်တီဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ယခုကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း၎င်းတို့ဟာရှုံးထွက်အဆင့်နှင့်ကွာတားအဆင့်တို့ကိုပင်နယ်တီဖြင့်အနိုင်ရရှိကာဆီမီးဖိုင်နယ်သို့နှစ်ကြိမ်ဆက်တိုက်တက်လာခဲ့ပြီဖြစ်ပါတယ်။
ZawGyi
ဘရာဇီး-ခ႐ိုေအးရွားပြဲပထမပိုင္းအၿပီးတြင္ အက်ႌလဲလွယ္ခဲ့ၾကတဲ့ ကက္စ္မီ႐ိုႏွင့္ လူကာမိုဒရစ္
လူကာမိုဒရစ္ႏွင့္ကက္စ္မီ႐ိုတို႔ဟာပြဲၿပီးေအာင္ေတာင္မေစာင့္ႏိုင္ဘဲသူငယ္ခ်င္းေကာင္းေတြအျဖစ္ရွိေနဆဲျဖစ္ေၾကာင္းျပသခဲ့ၾကပါတယ္။
အဆိုပါကစားသမားႏွစ္ဦးတို႔ဟာခ႐ိုေအးရွားကဘရာဇီးကိုအႏိုင္ရရွိတဲ့ကြာတားဖိုင္နယ္ပြဲစဥ္ရဲ႕ပထမပိုင္းအၿပီးတြင္ပင္အက်ႌလဲလွယ္မႈျပဳလုပ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။
ကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားႏွစ္ဦးဟာရီးရဲလ္မက္ဒရစ္တြင္ဆယ္စုႏွစ္တစ္ခုနီးပါးၾကာအတူတြဲကစားခဲ့ၾကသူမ်ားျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလား၅ႀကိမ္အတူလက္တြဲရယူႏိုင္ခဲ့ၾကပါတယ္။
ကက္စ္မီ႐ိုဟာေႏြရာသီတုန္းကယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕မႈႏွင့္အတူ လူကာမိုဒရစ္တို႔ရီးရဲလ္မက္ဒရစ္ႏွင့္လမ္းခြဲခဲ့ရပါတယ္။
ဒါေပမဲ့၎တို႔ဟာကမာၻ႔ဖလားကြာတားပြဲစဥ္ရဲ႕ပထမပိုင္းအၿပီးမွာအက်ႌလဲလွယ္ၿပီးတစ္ဦးကိုတစ္ဦးအျပန္အလွန္ေလးစားေနဆဲျဖစ္ေၾကာင္းျပသခဲ့ၾကပါတယ္။
၎တို႔ႏွစ္ဦးဟာဥမင္လႈိဏ္ေခါင္းသို႔အဝင္တြင္ရယ္စရာေမာစရာေျပာေနၾကတာလည္းေတြ႕ရပါတယ္။
မေန႔ညကပြဲတြင္ပြဲခ်ိန္အတြင္းဂိုးမရွိသေရက်ၿပီးေနာက္အခ်ိန္ပိုကစားခဲ့ရာမွာလည္းတစ္ဂိုးစီသေရက်ခဲ့ပါတယ္။ယင္းေနာက္ပင္နယ္တီအဆုံးအျဖတ္တြင္ခ႐ိုေအးရွားကအႏိုင္ရရွိသြားပါတယ္။
ခ႐ိုေအးရွားဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းရႈံးထြက္အဆင့္တြင္ မိနစ္၉၀အတြင္းႏိုင္ပြဲမရရွိခဲ့ဘဲအခ်ိန္ပို(သို႔မဟုတ္)ပင္နယ္တီျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ခဲ့တဲ့အသင္းျဖစ္ပါတယ္။ယခုကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္း၎တို႔ဟာရႈံးထြက္အဆင့္ႏွင့္ကြာတားအဆင့္တို႔ကိုပင္နယ္တီျဖင့္အႏိုင္ရရွိကာဆီမီးဖိုင္နယ္သို႔ႏွစ္ႀကိမ္ဆက္တိုက္တက္လာခဲ့ၿပီျဖစ္ပါတယ္။