ဘရာဇီး-အာဂျင်တီးနားဖြစ်ရပ်ကြောင့် လာမယ့်လနိုင်ငံတကာပွဲများသို့ ကစားသမားများကို ပရီးမီးယားလိဂ်စေလွှတ်မည်မဟုတ်

ပရီးမီးယားလိဂ်ကလပ်များကလာမယ့်လတွင်ကစားမယ့်နိုင်ငံတကာပွဲစဉ်များသို့ကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများသို့ကစားသမားများကိုစေလွှတ်မှုပြုလုပ်သွားမှာမဟုတ်ကြောင်းဆိုလာပါတယ်။

ဗီလာအမှုဆောင်ချုပ်ခရစ္စတီယန်ပေါ်စလောဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကဘရာဇီးတွင်ကစားတဲ့ဘရာဇီးနှင့်အာဂျင်တီးနားပွဲစဉ်မှဖြစ်ရပ်ကြောင့်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

အာဂျင်တီးနားအသင်းတွင်ပါဝင်တဲ့စပါးစ်မှလိုစယ်ဆို၊ခရစ္စတီယန်ရိုမဲရိုး၊ဗီလာမှအီမီလီယာနိုမာတီနက်ဇ်၊အီမီလီယာနိုဘူအန်ဒီယာတို့ဟာကိုဗစ်ကွာရန်တင်းစည်းမျဉ်းကိုချိုးဖောက်တယ်လို့စွပ်စွဲခြင်းခံခဲ့ရပြီးကွင်းအတွင်းသို့ဘရာဇီးရဲနှင့်ကျန်းမာရေးဝန်ထမ်းတို့ ဝင်ရောက်လာမှုနဲ့အတူပွဲပျက်ခဲ့ပါတယ်။၎င်းတို့ဟာလည်းဘရာဇီးရဲ့ပြည်နှင်ခြင်းခံခဲ့ရပါတယ်။

၎င်းတို့ဟာဘရာဇီးနိုင်ငံအတွင်းသို့စာရွက်စာတမ်းအမှားဖြင့်ဝင်ရောက်လာခဲ့တယ်လို့စွပ်စွဲခြင်းခံခဲ့ရပါတယ်။

ဗီလာဟာပရီးမီးယားလိဂ်ကပိတ်ပင်တဲ့ကြားမှာ၎င်းတို့ရဲ့ကစားသမားနှစ်ဦးကိုအာဂျင်တီးရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကိုကစားခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါဗီလာအမှုဆောင်ချုပ်က “တနင်္ဂနွေနေ့တုန်းကဘရာဇီးမှာဖြစ်ပျက်ခဲ့တာကတော့ကျွန်တော့်ဘဝမှာမြင်ခဲ့ဖူးသမျှဘောလုံးပွဲတွေမှာအဆိုးရွားဆုံးဖြစ်ပါတယ်။ဘာတွေဖြစ်ခဲ့လဲဆိုတာနားမလည်ပါဘူး။ဒါပေမယ့်ဒီဖြစ်ရပ်ကလုံးဝနောင်တရစေပြီးအားကစားကိုလည်းသရုပ်ပျက်စေပါတယ်။ကျွန်တော်တို့ဟာကစားသမားတွေကိုအရေးအပါအဆုံးပွဲတွေမှာကစားနိုင်ဖို့အစွမ်းကုန်လုပ်ပေးခဲ့ပါတယ်။ကစားသမားတွေကိုအကြပ်အတည်းကာလကြားထဲမှာခွင့်ပြုခဲ့လို့အရမ်းလည်းနောင်တရခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါကစားသမားလေးဦးတို့ဟာစပါးစ်နှင့်ဗီလာတို့ရဲ့ပရီးမီးယားလိဂ်ပွဲနှစ်ပွဲနှင့်ဥရောပပွဲတစ်ပွဲကိုလွဲချော်ပါမယ်။

စပါးစ်ဟာသူတို့ရဲ့ကစားသမားများကိုဒဏ်ရိုက်မှုပြုလုပ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

ZawGyi

ဘရာဇီး-အာဂ်င္တီးနားျဖစ္ရပ္ေၾကာင့္ လာမယ့္လႏိုင္ငံတကာပြဲမ်ားသို႔ ကစားသမားမ်ားကို ပရီးမီးယားလိဂ္ေစလႊတ္မည္မဟုတ္

ပရီးမီးယားလိဂ္ကလပ္မ်ားကလာမယ့္လတြင္ကစားမယ့္ႏိုင္ငံတကာပြဲစဥ္မ်ားသို႔ကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္ရွိႏိုင္ငံမ်ားသို႔ကစားသမားမ်ားကိုေစလႊတ္မႈျပဳလုပ္သြားမွာမဟုတ္ေၾကာင္းဆိုလာပါတယ္။

ဗီလာအမႈေဆာင္ခ်ဳပ္ခရစၥတီယန္ေပၚစေလာဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကဘရာဇီးတြင္ကစားတဲ့ဘရာဇီးႏွင့္အာဂ်င္တီးနားပြဲစဥ္မွျဖစ္ရပ္ေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

အာဂ်င္တီးနားအသင္းတြင္ပါဝင္တဲ့စပါးစ္မွလိုစယ္ဆို၊ခရစၥတီယန္႐ိုမဲ႐ိုး၊ဗီလာမွအီမီလီယာႏိုမာတီနက္ဇ္၊အီမီလီယာႏိုဘူအန္ဒီယာတို႔ဟာကိုဗစ္ကြာရန္တင္းစည္းမ်ဥ္းကိုခ်ိဳးေဖာက္တယ္လို႔စြပ္စြဲျခင္းခံခဲ့ရၿပီးကြင္းအတြင္းသို႔ဘရာဇီးရဲႏွင့္က်န္းမာေရးဝန္ထမ္းတို႔ ဝင္ေရာက္လာမႈနဲ႔အတူပြဲပ်က္ခဲ့ပါတယ္။၎တို႔ဟာလည္းဘရာဇီးရဲ႕ျပည္ႏွင္ျခင္းခံခဲ့ရပါတယ္။

၎တို႔ဟာဘရာဇီးႏိုင္ငံအတြင္းသို႔စာ႐ြက္စာတမ္းအမွားျဖင့္ဝင္ေရာက္လာခဲ့တယ္လို႔စြပ္စြဲျခင္းခံခဲ့ရပါတယ္။

ဗီလာဟာပရီးမီးယားလိဂ္ကပိတ္ပင္တဲ့ၾကားမွာ၎တို႔ရဲ႕ကစားသမားႏွစ္ဦးကိုအာဂ်င္တီးရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲကိုကစားခြင့္ေပးခဲ့တာလည္းျဖစ္ပါတယ္။

ယခုအခါဗီလာအမႈေဆာင္ခ်ဳပ္က “တနဂၤေႏြေန႔တုန္းကဘရာဇီးမွာျဖစ္ပ်က္ခဲ့တာကေတာ့ကြၽန္ေတာ့္ဘဝမွာျမင္ခဲ့ဖူးသမွ်ေဘာလုံးပြဲေတြမွာအဆိုး႐ြားဆုံးျဖစ္ပါတယ္။ဘာေတြျဖစ္ခဲ့လဲဆိုတာနားမလည္ပါဘူး။ဒါေပမယ့္ဒီျဖစ္ရပ္ကလုံးဝေနာင္တရေစၿပီးအားကစားကိုလည္းသ႐ုပ္ပ်က္ေစပါတယ္။ကြၽန္ေတာ္တို႔ဟာကစားသမားေတြကိုအေရးအပါအဆုံးပြဲေတြမွာကစားႏိုင္ဖို႔အစြမ္းကုန္လုပ္ေပးခဲ့ပါတယ္။ကစားသမားေတြကိုအၾကပ္အတည္းကာလၾကားထဲမွာခြင့္ျပဳခဲ့လို႔အရမ္းလည္းေနာင္တရခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါကစားသမားေလးဦးတို႔ဟာစပါးစ္ႏွင့္ဗီလာတို႔ရဲ႕ပရီးမီးယားလိဂ္ပြဲႏွစ္ပြဲႏွင့္ဥေရာပပြဲတစ္ပြဲကိုလြဲေခ်ာ္ပါမယ္။

စပါးစ္ဟာသူတို႔ရဲ႕ကစားသမားမ်ားကိုဒဏ္႐ိုက္မႈျပဳလုပ္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။