ဘရာဟမ်ဒိုင်ယက်ဇ်ကို နောက်ထပ် ၂ နှစ်အငှားစာချုပ်ဖြင့် အေစီမီလန်ခေါ်ယူဦးမည်

ရီးရဲလ်မက်ဒရစ်တိုက်စစ်သမားဘရာဟမ်ဒိုင်ယက်ဇ်ဟာအေစီမီလန်သို့၂ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာဦးမှာဖြစ်ကြောင်းသိရပါတယ်။

ဒိုင်ယက်ဇ်ဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီလတုန်းကမန်စီးတီးမှရီးရဲလ်မက်ဒရစ်သို့ယူရို၁၇သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်နေရာရရှိရန်ရုန်းကန်ရမှုကြောင့်၂၀၂၀-၂၁ဘောလုံးရာသီတုန်းကအေစီမီလန်သို့အငှားဖြင့်လာရောက်ကစားခဲ့ပါတယ်။

အေစီမီလန်ဟာအငှားဖြင့်လာရောက်ကစားစဉ်ခြေစွမ်းပြကစားနိုင်တဲ့ဒိုင်ယက်ဇ်ကို ၂နှစ်အငှားဖြင့်ထပ်မံခေါ်ယူရန်ဆွေးနွေးမှုအပြီးသတ်လုနီးပါးအနေအထားသို့ရောက်နေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ၂၀၂၅ခုနှစ်အထိစာချုပ်ချုုပ်ဆိုထားတဲ့ဒိုင်ယက်ဇ်ရဲ့အေစီမီလန်အငှားစာချုပ်အတွင်းမှာအပြီးသတ်ရောင်းချမယ့်အချက်ကိုထည့်သွင်းထားခြင်းမရှိပါဘူး။

ဒိုင်ယက်ဇ်ဟာအေစီမီလန်မှာကျောနံပါတ်၁၀ကိုဝတ်ဆင်ကစားသွားဖို့ရှိပါတယ်။မီလန်ဟာသူ့အတွက်ငှားရမ်းခယူရို၃သန်းခန့်ပေးရဖို့ရှိပါတယ်။

ZawGyi

ဘရာဟမ္ဒိုင္ယက္ဇ္ကို ေနာက္ထပ္ ၂ ႏွစ္အငွားစာခ်ဳပ္ျဖင့္ ေအစီမီလန္ေခၚယူဦးမည္

ရီးရဲလ္မက္ဒရစ္တိုက္စစ္သမားဘရာဟမ္ဒိုင္ယက္ဇ္ဟာေအစီမီလန္သို႔၂ရာသီအငွားစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕လာဦးမွာျဖစ္ေၾကာင္းသိရပါတယ္။

ဒိုင္ယက္ဇ္ဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီလတုန္းကမန္စီးတီးမွရီးရဲလ္မက္ဒရစ္သို႔ယူ႐ို၁၇သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ေနရာရရွိရန္႐ုန္းကန္ရမႈေၾကာင့္၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကေအစီမီလန္သို႔အငွားျဖင့္လာေရာက္ကစားခဲ့ပါတယ္။

ေအစီမီလန္ဟာအငွားျဖင့္လာေရာက္ကစားစဥ္ေျခစြမ္းျပကစားႏိုင္တဲ့ဒိုင္ယက္ဇ္ကို ၂ႏွစ္အငွားျဖင့္ထပ္မံေခၚယူရန္ေဆြးေႏြးမႈအၿပီးသတ္လုနီးပါးအေနအထားသို႔ေရာက္ေနၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳုပ္ဆိုထားတဲ့ဒိုင္ယက္ဇ္ရဲ႕ေအစီမီလန္အငွားစာခ်ဳပ္အတြင္းမွာအၿပီးသတ္ေရာင္းခ်မယ့္အခ်က္ကိုထည့္သြင္းထားျခင္းမရွိပါဘူး။

ဒိုင္ယက္ဇ္ဟာေအစီမီလန္မွာေက်ာနံပါတ္၁၀ကိုဝတ္ဆင္ကစားသြားဖို႔ရွိပါတယ္။မီလန္ဟာသူ႔အတြက္ငွားရမ္းခယူ႐ို၃သန္းခန႔္ေပးရဖို႔ရွိပါတယ္။