ဘရိုက်တန်တိုက်စစ်သမားထရိုဆတ်အား ခေါ်ယူရန် သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာဘရိုက်တန်မှဘယ်လ်ဂျီယံလက်ရွေးစင်လီယန်ဒရိုထရိုဆတ်အားပေါင်၂၁သန်းအပြင်အပိုဆုကြေးငွေများပါပေးရမဲ့အချက်ဖြင့်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိထရိုဆတ်ဟာဘရိုက်တန်နည်းပြရောဘတ်တိုဒီဇာဘီနှင့်အချင်းများပြီးနောက် ဘရိုက်တန်မှထွက်ခွာရန်လုပ်ဆောင်နေခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာချန်ပီယံဆုအတွက်နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်နိုင်ရန်အတွက်ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အားနည်းနေတဲ့တိုက်စစ်ကိုအားဖြည့်ရန်ကြိုးပမ်းနေတာဖြစ်ပြီး မိုင်ခေလိုမူဒရစ်ကိုလည်းချဲလ်ဆီးသို့လက်လွတ်လိုက်ရပါတယ်။

ယခုအခါမှာတော့အာဆင်နယ်ဟာဘရိုက်တန်စတားကိုခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ထရိုဆတ်ဟာယခုရာသီတွင်ဘရိုက်တန်အတွက်ပရီးမီးယားလိဂ်ပွဲ၁၆ပွဲကစားထားရာမှာ၇ဂိုးသွင်းယူပြီး၃ကြိမ်ဖန်တီးထားနိုင်သူဖြစ်ပါတယ်။

အောက်တိုဘာလတုန်းကလီဗာပူးနှင့်သုံးဂိုးစီသရေကျတဲ့ပွဲတွင်ဟက်ထရစ်သွင်းယူခဲ့တဲ့သူဟာနည်းပြနှင့်စကားများကလေ့ကျင့်ရေးကွင်းမှစောစောစီးစီးထွက်ခွာကာဘယ်လ်ဂျီယံသို့ထွက်ခွာသွားပြီးနောက် ဇန်နဝါရီလ၁၄ရက်နေ့တုန်းကလီဗာပူးကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ချန်လှပ်ခံခဲ့ရပါတယ်။

ZawGyi

ဘ႐ိုက္တန္တိုက္စစ္သမားထ႐ိုဆတ္အား ေခၚယူရန္ သေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့ အာဆင္နယ္

အာဆင္နယ္ဟာဘ႐ိုက္တန္မွဘယ္လ္ဂ်ီယံလက္ေ႐ြးစင္လီယန္ဒ႐ိုထ႐ိုဆတ္အားေပါင္၂၁သန္းအျပင္အပိုဆုေၾကးေငြမ်ားပါေပးရမဲ့အခ်က္ျဖင့္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိထ႐ိုဆတ္ဟာဘ႐ိုက္တန္နည္းျပေရာဘတ္တိုဒီဇာဘီႏွင့္အခ်င္းမ်ားၿပီးေနာက္ ဘ႐ိုက္တန္မွထြက္ခြာရန္လုပ္ေဆာင္ေနခဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာခ်န္ပီယံဆုအတြက္ေနာက္ဆုံးအခ်ိန္အထိတိုက္ပြဲဝင္ႏိုင္ရန္အတြက္ယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အားနည္းေနတဲ့တိုက္စစ္ကိုအားျဖည့္ရန္ႀကိဳးပမ္းေနတာျဖစ္ၿပီး မိုင္ေခလိုမူဒရစ္ကိုလည္းခ်ဲလ္ဆီးသို႔လက္လြတ္လိုက္ရပါတယ္။

ယခုအခါမွာေတာ့အာဆင္နယ္ဟာဘ႐ိုက္တန္စတားကိုေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ထ႐ိုဆတ္ဟာယခုရာသီတြင္ဘ႐ိုက္တန္အတြက္ပရီးမီးယားလိဂ္ပြဲ၁၆ပြဲကစားထားရာမွာ၇ဂိုးသြင္းယူၿပီး၃ႀကိမ္ဖန္တီးထားႏိုင္သူျဖစ္ပါတယ္။

ေအာက္တိုဘာလတုန္းကလီဗာပူးႏွင့္သုံးဂိုးစီသေရက်တဲ့ပြဲတြင္ဟက္ထရစ္သြင္းယူခဲ့တဲ့သူဟာနည္းျပႏွင့္စကားမ်ားကေလ့က်င့္ေရးကြင္းမွေစာေစာစီးစီးထြက္ခြာကာဘယ္လ္ဂ်ီယံသို႔ထြက္ခြာသြားၿပီးေနာက္ ဇန္နဝါရီလ၁၄ရက္ေန႔တုန္းကလီဗာပူးကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ခ်န္လွပ္ခံခဲ့ရပါတယ္။