ဘရိုက်တန်နှင့်ပွဲစဉ်မှ ဂွါဒီယိုလာရဲ့ဝတ်စုံနှင့်ပတ်သက်ပြီး ပရိသတ်များ တသံတည်းထွက်လာ

ဘောလုံးပရိသတ်များဟာ့ဘရိုက်တန်နှင့်ပွဲစဉ်တွင်မန်စီးတီးနည်းပြဂွါဒီယိုလာဝတ်ဆင်ခဲ့တဲ့ဝတ်စုံနှင့်ပတ်သက်ပြီးတလေသံတည်းထွက်နေပါတယ်။

မန်စီးတီးနည်းပြဟာဘရိုက်တန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင် ဂျင်းဘောင်းဘီ၊ Hoodie နှင့် Trainers ဝတ်ဆင်ထားခဲ့ပါတယ်။

အသက်၅၁နှစ်ရှိစပိန်လူမျိုးနည်းပြရဲ့Hoodie တွင် P ဆိုတဲ့စာလုံးလည်းပါဝင်ပြီး သူ့အမည်ကိုရည်ညွှန်းပုံရပါတယ်။

ဂွါဒီယိုလာရဲ့စတိုင်နဲ့ပတ်သက်ပြီး ပရိသတ်တစ်ဦးက “ပက်ရဲ့စတိုင်ကတော့ တခုခုတော့တခုခုပဲ”လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “မာဖီးယားခေါင်းဆောင်ကျနေတာပဲဝတ်ထားတာက”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ပူပူနွေးနွေးကွာရှင်းထားတဲ့ကလေးအဖေပုံပေါက်နေတယ်”လို့ဆိုသွားပါတယ်။

မန်စီးတီးဟာလည်းမနေ့ညတုန်းကဘရိုက်တန်နှင့်ပွဲတွင်နည်းပြဂွါဒီယိုလာကဲ့သို့ပင်စတိုင်ကျကျနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ယင်းပွဲတွင်အာလင်းဟာလန်းက၂ဂိုးသွင်းနိုင်ခဲ့ပြီးပရီးမီးယားလိဂ်ဂိုး၁၇ဂိုးရှိသွားပြီဖြစ်ကာကီဗင်ဒီဘရိုင်းလည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။

ZawGyi







