
ဘရိုက်တန်အလယ်တန်းကစားသမားမွိုက်စ်ကိုင်စီဒိုဟာအသင်းနှင့်၂၀၂၇ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။ကိုင်စီဒိုရဲ့ဘရိုက်တန်နှင့်စာချုပ်သစ်အတွင်းမှာနောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။
အသက်၂၁နှစ်ရှိအီကွေဒေါအလယ်တန်းကစားသမားဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကအာဆင်နယ်ရဲ့ကမ်းလှမ်းမှုအကြိမ်ကြိမ်ရရှိပြီးနောက်အသင်းပြောင်းခွင့်တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ဘရိုက်တန်ဟာအာဆင်နယ်ကပေါင်သန်း၇၀အထိတိုးမြှင့်ကမ်းလှမ်းလာမှုကိုပယ်ချပြီးကိုင်စီဒိုကိုအပြောင်းအရွှေ့ဈေးကွက်ကာလမှာအနားပေးခဲ့ပါတယ်။
ကိုင်စီဒိုဟာ၂၀၂၁ခုနှစ်တွင်Independiente del Valle မှပြောင်းရွှေ့လာခဲ့ပြီးနောက်စပါးစ်နှင့်၂၀၂၂ခုနှစ်အက်ဖ်အေဖလားပြိုင်ပွဲတွင်ပထမဆုံးပွဲကစားခဲ့ပါတယ်။
သူဟာ၂၀၂၂ခုနှစ်တွင်ပင်အာဆင်နယ်နှင့်ပွဲစဉ်မှာဘရိုက်တန်အတွက်ပထမဆုံးပွဲချိန်ပြည့်ကစားခဲ့ပြီးသူပါဝင်ကစားတဲ့ပရီးမီးယားလိဂ်ပွဲ၂၉ပွဲတွင်၁၅ပွဲနိုင်ပွဲရရှိထားပါတယ်။
ကိုင်စီဒိုစာချုပ်သစ်ချုပ်ဆိုလိုက်မှုက ယနေ့ညတွင်ဝက်စ်ဟမ်းကိုဧည့်ခံကစားရမဲ့ အဆင့်၈နေရာမှဘရိုက်တန်အတွက်သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။
ZawGyi
ဘ႐ိုက္တန္ႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ အာဆင္နယ္ရဲ႕ပစ္မွတ္
ဘ႐ိုက္တန္အလယ္တန္းကစားသမားမြိဳက္စ္ကိုင္စီဒိုဟာအသင္းႏွင့္၂၀၂၇ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။ကိုင္စီဒိုရဲ႕ဘ႐ိုက္တန္ႏွင့္စာခ်ဳပ္သစ္အတြင္းမွာေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးႏိုင္မဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။
အသက္၂၁ႏွစ္ရွိအီေကြေဒါအလယ္တန္းကစားသမားဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအာဆင္နယ္ရဲ႕ကမ္းလွမ္းမႈအႀကိမ္ႀကိမ္ရရွိၿပီးေနာက္အသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ဘ႐ိုက္တန္ဟာအာဆင္နယ္ကေပါင္သန္း၇၀အထိတိုးျမႇင့္ကမ္းလွမ္းလာမႈကိုပယ္ခ်ၿပီးကိုင္စီဒိုကိုအေျပာင္းအေ႐ႊ႕ေဈးကြက္ကာလမွာအနားေပးခဲ့ပါတယ္။
ကိုင္စီဒိုဟာ၂၀၂၁ခုႏွစ္တြင္Independiente del Valle မွေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္စပါးစ္ႏွင့္၂၀၂၂ခုႏွစ္အက္ဖ္ေအဖလားၿပိဳင္ပြဲတြင္ပထမဆုံးပြဲကစားခဲ့ပါတယ္။
သူဟာ၂၀၂၂ခုႏွစ္တြင္ပင္အာဆင္နယ္ႏွင့္ပြဲစဥ္မွာဘ႐ိုက္တန္အတြက္ပထမဆုံးပြဲခ်ိန္ျပည့္ကစားခဲ့ၿပီးသူပါဝင္ကစားတဲ့ပရီးမီးယားလိဂ္ပြဲ၂၉ပြဲတြင္၁၅ပြဲႏိုင္ပြဲရရွိထားပါတယ္။
ကိုင္စီဒိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္မႈက ယေန႔ညတြင္ဝက္စ္ဟမ္းကိုဧည့္ခံကစားရမဲ့ အဆင့္၈ေနရာမွဘ႐ိုက္တန္အတြက္သတင္းေကာင္းတစ္ခုျဖစ္ေနပါတယ္။