
အာဆင်နယ်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပထမဆုံးခေါ်ယူမှုအဖြစ်ဘရိုက်တန်တိုက်စစ်မှူးလီယန်ဒရိုထရိုဆတ်အားခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးဟာဘရိုက်တန်တွင်သုံးနှစ်ခွဲကြာကစားလာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဂိုး၂၅ဂိုးသွင်းယူထားပါတယ်။သူဟာအာဆင်နယ်အသင်းနှင့်နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အာဆင်နယ်သို့ပြောင်းရွှေ့ပြီးတဲ့နောက်ထရိုဆတ်က အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ဖြစ်လာရေးအတွက်အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်းကတိပြုသွားပါတယ်။
ထရိုဆတ်က “ဒီကလပ်ကကလပ်ကြီးတစ်ခုပါ။ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာပြသဖို့အသင့်ပါ။ကျွန်တော်တို့ဘာတွေလုပ်ပြနိုင်တယ်ဆိုတာလူတွေမြင်ပြီးသားပါ။ကျွန်တော်ဟာသူတို့ရဲ့အိပ်မက်ဖြစ်မြောက်လာရေးကူညီဖို့ရောက်လာတာဖြစ်ပါတယ်။တစ်နေ့ပြီးတစ်နေ့သွားမယ်။အလုပ်ကြိုးစားမယ်။သူတို့ရဲ့ရည်မှန်းချက်တွေဖြစ်လာအောင်ကူညီမယ်။ပြီးတော့ကျွန်တော်လည်းပိုပြီးတော့ကောင်းလာချင်တယ်”လို့ပြောကြားသွားပါတယ်။
ထရိုဆတ်ဟာအာဆင်နယ်အသင်းတွင်ကျောနံပါတ်၁၉ကိုဝတ်ဆင်ကစားသွားပါမယ်။
သူဟာမနက်ဖြန်မန်စီးတီးကိုအီတီဟတ်ကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမဲ့ပွဲစဉ်တွင်အာဆင်နယ်အတွက်ပထမဆုံးပွဲအဖြစ်ကစားလာပါမယ်။
ZawGyi
ဘ႐ိုက္တန္မွ ေျပာင္းလာၿပီးေနာက္ အာဆင္နယ္ရဲ႕အိပ္မက္ကို ျဖည့္ဆည္းေပးမည္ဟု ထ႐ိုဆတ္ကတိျပဳလာ
အာဆင္နယ္ဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပထမဆုံးေခၚယူမႈအျဖစ္ဘ႐ိုက္တန္တိုက္စစ္မႉးလီယန္ဒ႐ိုထ႐ိုဆတ္အားေခၚယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္တိုက္စစ္မႉးဟာဘ႐ိုက္တန္တြင္သုံးႏွစ္ခြဲၾကာကစားလာခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္ဂိုး၂၅ဂိုးသြင္းယူထားပါတယ္။သူဟာအာဆင္နယ္အသင္းႏွင့္ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။
အာဆင္နယ္သို႔ေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္ထ႐ိုဆတ္က အာဆင္နယ္ရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံအိပ္မက္ျဖစ္လာေရးအတြက္အစြမ္းကုန္ကူညီေပးသြားမည္ျဖစ္ေၾကာင္းကတိျပဳသြားပါတယ္။
ထ႐ိုဆတ္က “ဒီကလပ္ကကလပ္ႀကီးတစ္ခုပါ။ကြၽန္ေတာ္ဘာလုပ္ႏိုင္တယ္ဆိုတာျပသဖို႔အသင့္ပါ။ကြၽန္ေတာ္တို႔ဘာေတြလုပ္ျပႏိုင္တယ္ဆိုတာလူေတြျမင္ၿပီးသားပါ။ကြၽန္ေတာ္ဟာသူတို႔ရဲ႕အိပ္မက္ျဖစ္ေျမာက္လာေရးကူညီဖို႔ေရာက္လာတာျဖစ္ပါတယ္။တစ္ေန႔ၿပီးတစ္ေန႔သြားမယ္။အလုပ္ႀကိဳးစားမယ္။သူတို႔ရဲ႕ရည္မွန္းခ်က္ေတြျဖစ္လာေအာင္ကူညီမယ္။ၿပီးေတာ့ကြၽန္ေတာ္လည္းပိုၿပီးေတာ့ေကာင္းလာခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။
ထ႐ိုဆတ္ဟာအာဆင္နယ္အသင္းတြင္ေက်ာနံပါတ္၁၉ကိုဝတ္ဆင္ကစားသြားပါမယ္။
သူဟာမနက္ျဖန္မန္စီးတီးကိုအီတီဟတ္ကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရမဲ့ပြဲစဥ္တြင္အာဆင္နယ္အတြက္ပထမဆုံးပြဲအျဖစ္ကစားလာပါမယ္။