ဘရိုက်တန်ရဲ့ဂိုးကို VAR ခွင့်မပြုခဲ့မှုအတွက် ဘောလုံးပရိသတ်များဒေါသထွက်၊ အာဆင်နယ်ပရိသတ်များပင် မယုံကြည်နိုင်အောင် ဖြစ်နေ

ဘောလုံးပရိသတ်များဟာမနေ့ညတုန်းကအာဆင်နယ်နှင့်ပွဲစဉ်တွင်ဘရိုက်တန်ရဲ့တတိယဂိုးကို VAR ကခွင့်မပြုခဲ့မှုအတွက်အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။

ဘရိုက်တန်ညာနောက်ခံလူကာအိုရူမီတိုမာဟာယင်းပွဲတွင်၄-၃ဖြစ်စေမဲ့ဘရိုက်တန်အတွက်တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ VAR ကကြားဝင်လာပြီးယင်းဂိုးကိုခွင့်မပြုခဲ့ပါဘူး။

မနေ့ညကပွဲတွင်အာဆင်နယ်ဟာဆာကာ၊မာတင်အိုဒီဂတ်၊နကီတာတို့ရဲ့ဂိုးဖြင့်၃-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးမီတိုမာကပထမချေပဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်မာတီနယ်လီကအာဆင်နယ်အတွက်စတုတ္ထဂိုးကိုသွင်းခဲ့ပြီးအသက်၁၈နှစ်အရွယ်ရှိအီဗန့်ဖာဂူဆန်ကသူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးအဖြစ်၄-၂ဖြစ်စေမဲ့ဒုတိယချေပဂိုးကိုသွင်းခဲ့ပါတယ်။

ယင်းနောက်မီတိုမာဟာဘရိုက်တန်အတွက်အဖိုးတန်တစ်မှတ်ရရှိစေရေးမျှော်လင့်ချက်လင်းလက်စေမဲ့တတိယချေပဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့VAR လူကျွံတယ်ဆိုပြီးသတ်မှတ်ခဲ့ပါတယ်။

သူဟာလက်ပစ်ဘောကနေဂျူလီယိုကန်စီဆိုထံမှဘောလုံးရရှိပြီးနောက်ကန်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့VAR ကမီတိုမာဟာဘောလုံးမရရှိမီလူကျွံနေခဲ့တယ်ဆိုပြီးလူကျွံဘောအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များကလူကျွံစည်းမျဉ်းကိုထပ်မံသုံးသပ်ရန်လိုအပ်နေကြောင်းပြောဆိုနေကြပါတယ်။

အာဆင်နယ်ဟာမနေ့ညကနိုင်ပွဲကြောင့်ဒုတိယနေရာမှမန်စီးတီးကိုရမှတ်၇မှတ်ဖြတ်ကာ၂၀၂၃ခုနှစ်ကိုစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ZawGyi

ဘ႐ိုက္တန္ရဲ႕ဂိုးကို VAR ခြင့္မျပဳခဲ့မႈအတြက္ ေဘာလုံးပရိသတ္မ်ားေဒါသထြက္၊ အာဆင္နယ္ပရိသတ္မ်ားပင္ မယုံၾကည္ႏိုင္ေအာင္ ျဖစ္ေန

ေဘာလုံးပရိသတ္မ်ားဟာမေန႔ညတုန္းကအာဆင္နယ္ႏွင့္ပြဲစဥ္တြင္ဘ႐ိုက္တန္ရဲ႕တတိယဂိုးကို VAR ကခြင့္မျပဳခဲ့မႈအတြက္အႀကီးအက်ယ္ေဒါသထြက္ေနၾကပါတယ္။

ဘ႐ိုက္တန္ညာေနာက္ခံလူကာအို႐ူမီတိုမာဟာယင္းပြဲတြင္၄-၃ျဖစ္ေစမဲ့ဘ႐ိုက္တန္အတြက္တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။

ဒါေပမဲ့ VAR ကၾကားဝင္လာၿပီးယင္းဂိုးကိုခြင့္မျပဳခဲ့ပါဘူး။

မေန႔ညကပြဲတြင္အာဆင္နယ္ဟာဆာကာ၊မာတင္အိုဒီဂတ္၊နကီတာတို႔ရဲ႕ဂိုးျဖင့္၃-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးမီတိုမာကပထမေခ်ပဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္မာတီနယ္လီကအာဆင္နယ္အတြက္စတုတၳဂိုးကိုသြင္းခဲ့ၿပီးအသက္၁၈ႏွစ္အ႐ြယ္ရွိအီဗန႔္ဖာဂူဆန္ကသူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဂိုးအျဖစ္၄-၂ျဖစ္ေစမဲ့ဒုတိယေခ်ပဂိုးကိုသြင္းခဲ့ပါတယ္။

ယင္းေနာက္မီတိုမာဟာဘ႐ိုက္တန္အတြက္အဖိုးတန္တစ္မွတ္ရရွိေစေရးေမွ်ာ္လင့္ခ်က္လင္းလက္ေစမဲ့တတိယေခ်ပဂိုးသြင္းခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့VAR လူကြၽံတယ္ဆိုၿပီးသတ္မွတ္ခဲ့ပါတယ္။

သူဟာလက္ပစ္ေဘာကေနဂ်ဴလီယိုကန္စီဆိုထံမွေဘာလုံးရရွိၿပီးေနာက္ကန္သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမဲ့VAR ကမီတိုမာဟာေဘာလုံးမရရွိမီလူကြၽံေနခဲ့တယ္ဆိုၿပီးလူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားကလူကြၽံစည္းမ်ဥ္းကိုထပ္မံသုံးသပ္ရန္လိုအပ္ေနေၾကာင္းေျပာဆိုေနၾကပါတယ္။

အာဆင္နယ္ဟာမေန႔ညကႏိုင္ပြဲေၾကာင့္ဒုတိယေနရာမွမန္စီးတီးကိုရမွတ္၇မွတ္ျဖတ္ကာ၂၀၂၃ခုႏွစ္ကိုစတင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။