
ဘရိုက်တန်တိုက်စစ်သမားခိုရူမီတိုမာမနေ့ညတုန်းကလက်စတာနှင့်ပွဲစဉ်တွင်အလွန်လှပတဲ့ဂိုးတစ်ဂိုးသွင်းပြကာပရီးမီးယားလိဂ်တွင်အကောင်းဆုံးပုံစံပြသနေတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းထပ်မံသက်သေပြလာပါတယ်။
ဂျပန်လက်ရွေးစင်ကစားသမားဟာ၂၀၂၁ခုနှစ်တုန်းကဂျပန်ဂျေလိဂ်၁ကလပ်ကာဝါဆာကီဖရွန်တယ်မှပြောင်းရွှေ့ကြေးပေါင်၂.၅သန်းတည်းဖြင့်ပြောင်းရွှေ့လာပြီးနောက်ယခုအခါ Amax တွင်ပရိသတ်အချစ်တော်ကစားသမားတစ်ဦးဖြစ်နေပါတယ်။
သူဟာစနေ့ညတုန်းကလည်းအလွန်လှပတဲ့ဂိုးတစ်ဂိုးသွင်းပြကာတကယ့်ကိုပါရမီရှင်တစ်ဦးဖြစ်ကြောင်းသက်သေပြလာပါတယ်။
သူဟာမနေ့ညတုန်းကလက်စတာနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာဘယ်ခြမ်းမှာဘောလုံးရရှိပြီးနောက်အတွင်းသို့ ထိုးဖောက်ကာလှပတဲ့ဝှေ့ဝိုက်ကန်သွင်းချက်ဖြင့်ဂိုးသွင်းယူခဲ့ပါတယ်။
သူဟာယခုရာသီတွင်ဘရိုက်တန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၈ပွဲကစားထားရာမှာ၅ဂိုးသွင်းထားနိုင်ပါတယ်။
ဘယ်လ်ဂျီယံကလပ်Royal Union Saint-Gilloise တွင်တစ်ရာသီအငှားဖြင့်ကစားစဉ်အတွင်းအကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့မီတိုမာဟာငယ်စဉ်ကတည်းကပါရမီရှင်တစ်ဦးဖြစ်ကြောင်းသက်သေပြလာခဲ့သူဖြစ်ပါတယ်။
သူဟာအသက်၁၆နှစ်အရွယ်မှာပဲဂျေဝမ်းကလပ်ကာဝါဆာကီဖရွန်တယ်ရဲ့ပရော်ဖက်ရှင်နယ်စာချုပ်ကမ်းလှမ်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။
ဒါပေမဲ့ကာနာဂါဝါဖွားတိုက်စစ်သမားဟာပရော်ဖက်ရှင်နယ်စာချုပ်ကမ်းလှမ်းမှုကိုချက်ချင်းလက်မခံဘဲ University of Tsukuba မှာနည်းပြ၊အားကစားများနှင့်အာဟာရတို့နှင့်ပတ်သက်ပြီးသင်ကြားကာခဲ့ပါတယ်။
သူဟာဂျပန်တွင်တက္ကသိုလ်ပြိုင်ပွဲများစွာတို့မှာခြေစွမ်းပြခဲ့တဲ့အပြင် တက္ကသိုလ်မှာ ဘောလုံးလိမ်ခေါက်မှုနဲ့ပတ်သက်ပြီး စာတမ်းပြုစုခဲ့ပါသေးတယ်။သူဟာ GoPro ကင်မရာကိုအသုံးပြုကာဘောလုံးရွှေ့လျားမှု၊ပြိုင်ဘက်ကိုဘယ်လိုကျော်ဖြတ်နိုင်မယ်ဆိုတာနဲ့ပတ်သက်ပြီးလေ့လာစာတမ်းပြုစုခဲ့ပါတယ်။
သူဟာနှစ်နှစ်ကြာလေ့လာမှုပြုလုပ်ပြီးနောက်မှာမှ ကာဝါဆာကီဖရွန်တယ်ရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပါတယ်။သူဟာဂျေဝမ်းလိဂ်မှာ၆၄ပွဲကစားရာမှာဂိုး၃၀အထိသွင်းယူခဲ့တယ်။
ZawGyi
ဘ႐ိုက္တန္အတြက္ အလြန္လွပတဲ့ဂိုးသြင္းျပကာ တကယ့္ကိုပါရမီရွင္အစစ္ျဖစ္ေၾကာင္း ျပသခဲ့တဲ့ မီတိုမာ
ဘ႐ိုက္တန္တိုက္စစ္သမားခို႐ူမီတိုမာမေန႔ညတုန္းကလက္စတာႏွင့္ပြဲစဥ္တြင္အလြန္လွပတဲ့ဂိုးတစ္ဂိုးသြင္းျပကာပရီးမီးယားလိဂ္တြင္အေကာင္းဆုံးပုံစံျပသေနတဲ့ကစားသမားတစ္ဦးျဖစ္ေၾကာင္းထပ္မံသက္ေသျပလာပါတယ္။
ဂ်ပန္လက္ေ႐ြးစင္ကစားသမားဟာ၂၀၂၁ခုႏွစ္တုန္းကဂ်ပန္ေဂ်လိဂ္၁ကလပ္ကာဝါဆာကီဖ႐ြန္တယ္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၂.၅သန္းတည္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ယခုအခါ Amax တြင္ပရိသတ္အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္ေနပါတယ္။
သူဟာစေန႔ညတုန္းကလည္းအလြန္လွပတဲ့ဂိုးတစ္ဂိုးသြင္းျပကာတကယ့္ကိုပါရမီရွင္တစ္ဦးျဖစ္ေၾကာင္းသက္ေသျပလာပါတယ္။
သူဟာမေန႔ညတုန္းကလက္စတာႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာဘယ္ျခမ္းမွာေဘာလုံးရရွိၿပီးေနာက္အတြင္းသို႔ ထိုးေဖာက္ကာလွပတဲ့ေဝွ႔ဝိုက္ကန္သြင္းခ်က္ျဖင့္ဂိုးသြင္းယူခဲ့ပါတယ္။
သူဟာယခုရာသီတြင္ဘ႐ိုက္တန္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၈ပြဲကစားထားရာမွာ၅ဂိုးသြင္းထားႏိုင္ပါတယ္။
ဘယ္လ္ဂ်ီယံကလပ္Royal Union Saint-Gilloise တြင္တစ္ရာသီအငွားျဖင့္ကစားစဥ္အတြင္းအေကာင္းဆုံးေျခစြမ္းျပသခဲ့တဲ့မီတိုမာဟာငယ္စဥ္ကတည္းကပါရမီရွင္တစ္ဦးျဖစ္ေၾကာင္းသက္ေသျပလာခဲ့သူျဖစ္ပါတယ္။
သူဟာအသက္၁၆ႏွစ္အ႐ြယ္မွာပဲေဂ်ဝမ္းကလပ္ကာဝါဆာကီဖ႐ြန္တယ္ရဲ႕ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကမ္းလွမ္းျခင္းခံခဲ့ရသူျဖစ္ပါတယ္။
ဒါေပမဲ့ကာနာဂါဝါဖြားတိုက္စစ္သမားဟာပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကမ္းလွမ္းမႈကိုခ်က္ခ်င္းလက္မခံဘဲ University of Tsukuba မွာနည္းျပ၊အားကစားမ်ားႏွင့္အာဟာရတို႔ႏွင့္ပတ္သက္ၿပီးသင္ၾကားကာခဲ့ပါတယ္။
သူဟာဂ်ပန္တြင္တကၠသိုလ္ၿပိဳင္ပြဲမ်ားစြာတို႔မွာေျခစြမ္းျပခဲ့တဲ့အျပင္ တကၠသိုလ္မွာ ေဘာလုံးလိမ္ေခါက္မႈနဲ႔ပတ္သက္ၿပီး စာတမ္းျပဳစုခဲ့ပါေသးတယ္။သူဟာ GoPro ကင္မရာကိုအသုံးျပဳကာေဘာလုံးေ႐ႊ႕လ်ားမႈ၊ၿပိဳင္ဘက္ကိုဘယ္လိုေက်ာ္ျဖတ္ႏိုင္မယ္ဆိုတာနဲ႔ပတ္သက္ၿပီးေလ့လာစာတမ္းျပဳစုခဲ့ပါတယ္။
သူဟာႏွစ္ႏွစ္ၾကာေလ့လာမႈျပဳလုပ္ၿပီးေနာက္မွာမွ ကာဝါဆာကီဖ႐ြန္တယ္ရဲ႕ကမ္းလွမ္းမႈကိုလက္ခံခဲ့ပါတယ္။သူဟာေဂ်ဝမ္းလိဂ္မွာ၆၄ပြဲကစားရာမွာဂိုး၃၀အထိသြင္းယူခဲ့တယ္။