ဘရိုက်တန်အားရှုံးနိမ့်တဲ့ပွဲအပြီးမှာ ပြိုင်ဘက်နည်းပြနှင့်အချင်းများခဲ့တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိိုလာဟာအေမက်စ်မှာဘရိုက်တန်အား၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာဘရိုက်တန်နည်းပြဂရေဟမ်ပေါ်တာနှင့်အချင်းများခဲ့ပါတယ်။

ဘရိုက်တန်ဟာလီယန်ဒရိုထရိုဆတ်၊အဒမ်ဝက်ဘ်စတား၊ဒန်ဘန်းတို့သွင်းယူတဲ့ဂိုးဖြင့်မန်စီးတီးကို၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးတွင်မန်စီးတီးနည်းပြဂွါဒီယိုလာဟာပေါ်တာဆီသို့သွားရောက်ကာရန်မူရန်ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာပွဲအစ၂မိနစ်မှာဘဲဂန်ဒိုဂန်ရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ယင်းဂိုးဟာဂျာမနီလက်ရွေးစင်အတွက်ယခုရာသီ၁၃ဂိုးမြောက်ပရီးမီးယားလိဂ်ဂိုးလည်းဖြစ်ပါတယ်။

ဒါပေမယ့်၈မိနစ်အကြာမှာကန်စီလိုဟာမန်ယူတိုက်စစ်မှူးဟောင်းဒန်နီဝဲလ်ဘက်ကိုဂိုးမသွင်းနိုင်အောင်တားဆီးတယ်ဆိုပြီးအနီကတ်ပြထုတ်ပယ်ခံခဲ့ရကာမန်စီးတီးတို့၁၀ဦးတည်းဖြင့်ကစားခဲ့ရပါတယ်။

မန်စီးတီးဟာ၁၀ဦးတည်းဖြင့်ကစားရပေမယ့်ဒုတိယပိုင်းမှာဖီးလ်ဖိုဒန်ကဂိုးထပ်သွင်းခဲ့လို့နှစ်ဂိုးအသာဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ဘရိုက်တန်ရဲ့ကစားသမားသုံးဦးတို့ကဂိုးများအသီးသီးသွင်းခဲ့တာကြောင့်၃-၂ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဘရိုက်တန်အရှုံးကြောင့်မန်စီးတီးဟာနောက်ဆုံးပရီးမီးယားလိဂ်၃ပွဲမှာ၂ပွဲရှုံးနိမ့်ထားပြီဖြစ်ပြီးမေလ၂၉ရက်နေ့တွင်ကစားရမယ့်ချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီဖိအားများကျရောက်နေပြီဖြစ်ပါတယ်။

အသက်၅၀နှစ်ရှိစပိန်လူမျိုးနည်းပြကဘရိုက်တန်နည်းပြပေါ်တာနှင့်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်နှင့်ပတ်သက်ပြီးမီဒီယာများသို့ပြောကြားရန်ငြင်းဆိုထားပါတယ်။

ဘရိုက်တန်နည်းပြပေါ်တာကတော့ဂွါဒီယိုလာဟာသူ့ရဲ့အောင်ပွဲခံမှုအပေါ်ဒေါသထွက်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။ပေါ်တာဟာဂွါဒီယိုလာရဲ့ရန်မူမှုကိုသာမကမန်စီးတီးလက်ထောက်နည်းပြများရဲ့ရန်မူမှုကိုလည်းခံခဲ့ရပါတယ်။

၎င်းက “သူ့ကိုကျွန်တော်တို့အရမ်းစိတ်ပျက်သွားခဲ့တာ။ကျွန်‌တော်တို့ရဲ့ပထမဆုံးဂိုးအောင်ပွဲခံတုန်းကကျွန်တော်ခံစားမှုလွန်ကဲသွားခဲ့ပါတယ်။ကျွန်တော်တောင်းပန်ပါတယ်။စိတ်ခံစားချက်ကြောင့်ဖြစ်သွားတာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi


မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာအေမက်စ်မှာဘရိုက်တန်အား၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာဘရိုက်တန်နည်းပြဂရေဟမ်ပေါ်တာနှင့်အချင်းများခဲ့ပါတယ်။








