ဘရုဂျက်ကို ကိုင်တွယ်ပြီး ၇ ပတ်အကြာတွင် အထုတ်ခံရမဲ့ အရေးနှင့် ရင်ဆိုင်နေရတဲ့ စကော့ပါကား

စကော့ပါကားဟာဘယ်လ်ဂျီယံချန်ပီယံကလပ်ဘရုဂျက်ကိုကိုင်တွယ်ပြီး၇ပတ်အကြာမှာဘဲရာထူးမှထုတ်ပယ်ခြင်းခံရမဲ့အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ဖူလ်ဟမ်နှင့်ဘုန်းမောက်နည်းပြဟောင်းဟာယခုနှစ်အစောပိုင်းတုန်းကကလပ်ဘရုဂျက်နည်းပြသစ်အဖြစ်ကားလ်ဟိုးကန်ရဲ့နေရာတွင်အစားထိုးခန့်အပ်ခြင်းခံရပြီးနောက်၉ပွဲကိုင်တွယ်ခဲ့ရာတွင်တစ်ပွဲတည်းသာနိုင်ပွဲရရှိအောင်ဦးဆောင်ထားနိုင်ပါတယ်။

ပရိသတ်များဟာတနင်္ဂနွေနေ့တုန်းကမြို့ခံပြိုင်ဘက်စာစယ်ဘရုဂျက်စ်နှင့်နှစ်ဂိုးစီသရေကျတဲ့ပရိုလိဂ်ပွဲအပြီးတွင်စကော့ပါကားကိုထုတ်ပယ်ရန်တောင်းဆိုလာကြပါတယ်။

အဆိုပါပွဲအပြီးတွင်ဘရုဂျက်ရဲ့ဒိန်းမတ်တောင်ပံကစားသမားလင်းဟာကလပ်ရဲ့ကစားဖော်များကိုအပတ်စဉ်အပတ်တိုင်းလုပ်ဆောင်နိုင်ခြင်းမရှိမှုအတွက်ဒေါသတကြီးဆဲဆိုပြောကြားခဲ့တာလည်းတွေ့ရပါတယ်။

ဘရုဂျက်စ်ဟာဘယ်လ်ဂျီယံပရိုလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးဂျန့်နှင့်၂၁မှတ်အထိကွာဟနေပါတယ်။

၎င်းတို့ဟာချန်ပီယံလိဂ်တွင်လည်းဘင်ဖီကာကိုအိမ်ကွင်းမှာ၂-၀ဂိုးဖြင့်ရှုံးနိမ့်ထားရာ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာရမဲ့အရေးနှင့်ရင်ဆိုင်နေရပါတယ်။

စကော့ပါကားဟာဩဂုတ်လတုန်းကလီဗာပူးကို၉-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဘုန်းမောက်နည်ပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

ဘ႐ုဂ်က္ကို ကိုင္တြယ္ၿပီး ၇ ပတ္အၾကာတြင္ အထုတ္ခံရမဲ့ အေရးႏွင့္ ရင္ဆိုင္ေနရတဲ့ စေကာ့ပါကား

စေကာ့ပါကားဟာဘယ္လ္ဂ်ီယံခ်န္ပီယံကလပ္ဘ႐ုဂ်က္ကိုကိုင္တြယ္ၿပီး၇ပတ္အၾကာမွာဘဲရာထူးမွထုတ္ပယ္ျခင္းခံရမဲ့အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

ဖူလ္ဟမ္ႏွင့္ဘုန္းေမာက္နည္းျပေဟာင္းဟာယခုႏွစ္အေစာပိုင္းတုန္းကကလပ္ဘ႐ုဂ်က္နည္းျပသစ္အျဖစ္ကားလ္ဟိုးကန္ရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံရၿပီးေနာက္၉ပြဲကိုင္တြယ္ခဲ့ရာတြင္တစ္ပြဲတည္းသာႏိုင္ပြဲရရွိေအာင္ဦးေဆာင္ထားႏိုင္ပါတယ္။

ပရိသတ္မ်ားဟာတနဂၤေႏြေန႔တုန္းကၿမိဳ႕ခံၿပိဳင္ဘက္စာစယ္ဘ႐ုဂ်က္စ္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပ႐ိုလိဂ္ပြဲအၿပီးတြင္စေကာ့ပါကားကိုထုတ္ပယ္ရန္ေတာင္းဆိုလာၾကပါတယ္။

အဆိုပါပြဲအၿပီးတြင္ဘ႐ုဂ်က္ရဲ႕ဒိန္းမတ္ေတာင္ပံကစားသမားလင္းဟာကလပ္ရဲ႕ကစားေဖာ္မ်ားကိုအပတ္စဥ္အပတ္တိုင္းလုပ္ေဆာင္ႏိုင္ျခင္းမရွိမႈအတြက္ေဒါသတႀကီးဆဲဆိုေျပာၾကားခဲ့တာလည္းေတြ႕ရပါတယ္။

ဘ႐ုဂ်က္စ္ဟာဘယ္လ္ဂ်ီယံပ႐ိုလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာတြင္ရပ္တည္ေနၿပီးထိပ္ဆုံးဂ်န႔္ႏွင့္၂၁မွတ္အထိကြာဟေနပါတယ္။

၎တို႔ဟာခ်န္ပီယံလိဂ္တြင္လည္းဘင္ဖီကာကိုအိမ္ကြင္းမွာ၂-၀ဂိုးျဖင့္ရႈံးနိမ့္ထားရာ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာရမဲ့အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

စေကာ့ပါကားဟာဩဂုတ္လတုန္းကလီဗာပူးကို၉-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ ဘုန္းေမာက္နည္ျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။