ဘရုစ်ကို ဂျိုကာအဖြစ်လှောင်ပြောင်ထားတဲ့ပိုစတာကပ်ပြီး ထုတ်ပယ်ရန် နယူးကာဆယ်ပရိသတ်တောင်းဆို

နယူးကာဆယ်ပရိသတ်များဟာစိန့်ဂျိမ်းပါ့ခ်ကွင်းအပြင်ဘက်တွင်နည်းပြစတိဗ်ဘရုစ်ကိုဂျိုကာအဖြစ် လှောင်ပြောင်ထားတဲ့ပိုစတာကိုထောင်ကာရာထူးမှထုတ်ပယ်ရန်တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

နယူးကာဆယ်ပရိသတ်များထောင်ထားတဲ့ပိုစတာတွင်အသင်းပိုင်ရှင်မိုက်အက်ရှ်လေကဘရုစ်မျက်နှာပါ ဂျိုကာဖဲနှစ်ချပ်ကိုင်ထားတဲ့ဓာတ်ပုံပါဝင်ပါတယ်။

ဒါ့အပြင်နယူးကာဆယ်ပရိသတ်အဖွဲ့ Wor Flags တွစ်တာအကောင့်တွင်ယင်းဓာတ်ပုံနှင့်အတူ Stop Gambling with our Club ၊ Don’t Stick with this joker ၊ Ashley out,Bruce out ဆိုတဲ့စာသားကိုလည်းရေးသားထားပါတယ်။

နယူးကာဆယ်ဟာနောက်ဆုံးပရီးမီးယားလိဂ်၁၀ပွဲတွင်၈ပွဲရှုံးနိမ့်ထားပြီးတန်းဆင်းဇုန်နှင့်ရမှတ်၃မှတ်အကွာတွင်ရပ်တည်နေပါတယ်။

နယူးကာဆယ်ပရိသတ်များဟာတန်းဆင်းဇုန်နှင့်တဖြည်းဖြည်းကပ်လာကာတန်းမဆင်းရရေးတိုက်ပွဲ ဝင်နေရတဲ့အခြေအနေအပေါ်စိတ်ပျက်လျက်ရှိနေပါတယ်။

နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်ကိုယ်တိုင်က ၎င်းတို့မှာပရီးမီးယားလိဂ်မှတန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်နေရပြီဖြစ်ကြောင်းဝန်ခံပြောကြားထားပါတယ်။

နယူးကာဆယ်ဟာဒီဇင်ဘာလ၁၂ရက်နေ့တုန်းကစိန့်ဂျိမ်းပါ့ခ်တွင်ဝက်စ်ဘရွန်းကိုအနိုင်ရရှိပြီးနောက်ပိုင်းတွင်ပရီးမီးယားလိဂ်ပွဲ၁၄ပွဲကစားခဲ့ရာတွင်၈မှတ်တည်းသာရယူထားနိုင်ပါတယ်။

ZawGyi

ဘ႐ုစ္ကို ဂ်ိဳကာအျဖစ္ေလွာင္ေျပာင္ထားတဲ့ပိုစတာကပ္ၿပီး ထုတ္ပယ္ရန္ နယူးကာဆယ္ပရိသတ္ေတာင္းဆို

နယူးကာဆယ္ပရိသတ္မ်ားဟာစိန႔္ဂ်ိမ္းပါ့ခ္ကြင္းအျပင္ဘက္တြင္နည္းျပစတိဗ္ဘ႐ုစ္ကိုဂ်ိဳကာအျဖစ္ ေလွာင္ေျပာင္ထားတဲ့ပိုစတာကိုေထာင္ကာရာထူးမွထုတ္ပယ္ရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

နယူးကာဆယ္ပရိသတ္မ်ားေထာင္ထားတဲ့ပိုစတာတြင္အသင္းပိုင္ရွင္မိုက္အက္ရွ္ေလကဘ႐ုစ္မ်က္ႏွာပါ ဂ်ိဳကာဖဲႏွစ္ခ်ပ္ကိုင္ထားတဲ့ဓာတ္ပုံပါဝင္ပါတယ္။

ဒါ့အျပင္နယူးကာဆယ္ပရိသတ္အဖြဲ႕ Wor Flags တြစ္တာအေကာင့္တြင္ယင္းဓာတ္ပုံႏွင့္အတူ Stop Gambling with our Club ၊ Don’t Stick with this joker ၊ Ashley out,Bruce out ဆိုတဲ့စာသားကိုလည္းေရးသားထားပါတယ္။

နယူးကာဆယ္ဟာေနာက္ဆုံးပရီးမီးယားလိဂ္၁၀ပြဲတြင္၈ပြဲရႈံးနိမ့္ထားၿပီးတန္းဆင္းဇုန္ႏွင့္ရမွတ္၃မွတ္အကြာတြင္ရပ္တည္ေနပါတယ္။

နယူးကာဆယ္ပရိသတ္မ်ားဟာတန္းဆင္းဇုန္ႏွင့္တျဖည္းျဖည္းကပ္လာကာတန္းမဆင္းရေရးတိုက္ပြဲ ဝင္ေနရတဲ့အေျခအေနအေပၚစိတ္ပ်က္လ်က္ရွိေနပါတယ္။

နယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ကိုယ္တိုင္က ၎တို႔မွာပရီးမီးယားလိဂ္မွတန္းမဆင္းရေရးအတြက္ တိုက္ပြဲဝင္ေနရၿပီျဖစ္ေၾကာင္းဝန္ခံေျပာၾကားထားပါတယ္။

နယူးကာဆယ္ဟာဒီဇင္ဘာလ၁၂ရက္ေန႔တုန္းကစိန႔္ဂ်ိမ္းပါ့ခ္တြင္ဝက္စ္ဘ႐ြန္းကိုအႏိုင္ရရွိၿပီးေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ပြဲ၁၄ပြဲကစားခဲ့ရာတြင္၈မွတ္တည္းသာရယူထားႏိုင္ပါတယ္။