ဘရုစ်နေရာတွင် အစားထိုးမယ့် နည်းပြသုံးဦးကို ဆန်ကာတင်ရွေးချယ်လိုက်တဲ့ နယူးကာဆယ်ပိုင်ရှင်သစ်

နယူးကာဆယ်ပိုင်ရှင်သစ်များဟာစတိဗ်ဘရုစ်နေရာတွင်အစားထိုးခန့်အပ်ရန် နည်းပြသုံးဦးအားဆန်ကာတင်ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

ဆော်ဒီရင်းနှီးမြှပ်နှံသူများဟာနယူးကာဆယ်ကိုဝယ်ယူပြီးနောက်စတိဗ်ဘရုစ်ကိုထုတ်ပယ်ကာနည်းပြသစ်ခန့်အပ်လိုနေခဲ့ပါတယ်။ဒါပေမယ့်၎င်းတို့ဟာစတိဗ်ဘရုစ်ကသူ့ရဲ့နည်းပြဘဝပွဲ၁၀၀၀မြောက်ပွဲအဖြစ်တနင်္ဂနွေနေ့တုန်းကစပါးစ်အား၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲကိုကိုင်တွယ်ခွင့်ပေးခဲ့ပါတယ်။

The Times ရဲ့ဖော်ပြချက်အရနယူးကာဆယ်အသင်းပိုင်ရှင်တို့ရဲ့ဆန်ကာတင်နည်းပြသုံးဦးစာရင်းတွင် ရောဘတ်တိုမာတီနက်ဇ်၊အူနိုင်းအမ်မရီ၊စတီဗင်ဂျရတ်တို့ပါဝင်နေကြောင်းသိရပါတယ်။

နယူးကာဆယ်ဟာယခုရက်ပိုင်းအတွင်းတွင်နည်းပြသစ်အားခန့်အပ်ရန်စီစဉ်နေပြီးလာမယ်စနေနေ့ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှစတင်ကာကိုင်တွယ်စေသွားမယ်လို့သိရပါတယ်။

မာတီနက်ဇ်ဟာလက်ရှိအချိန်တွင်ဘယ်လ်ဂျီယံအသင်းကိုကိုင်တွယ်နေပြီးလာမယ့်၂၀၂၂ကမ္ဘာ့ဖလားအပြီးမှာစာချုပ်သက်တမ်းပြည့်ပါမယ်။နယူးကာဆယ်ဟာမာတီနက်ဇ်ကိုအသင်းကိုကိုင်တွယ်စဉ်အတွင်းဘယ်လ်ဂျီယံကိုလည်းစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိကိုင်တွယ်စေမယ်လို့သိရပါတယ်။

စပိန်လူမျိုးနည်းပြမာတီနက်ဇ်ဟာဆွမ်စီး၊ဝီဂန်နှင့်အဲဗာတန်တို့ကိုကိုင်တွယ်ဖူးကာအင်္ဂလိပ်ဘောလုံးအကြောင်းကျွမ်းကျင်သူလည်းဖြစ်ပါတယ်။

လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်ဟာရိန်းဂျားကိုကိုင်တွယ်နေသူဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းက၁၀နှစ်အတွင်းပထမဆုံးစကော့တလန်အဆင့်မြင့်တန်းဖလားရရှိအောင်ကူညီခဲ့ပါတယ်။ရိန်းဂျားဟာယခုရာသီတွင်လည်းပွဲစဉ်၁၀အပြီးမှာအမှတ်ပေးဇယားကိုဦးဆောင်နေပါတယ်။

အမ်မရီမှာနည်းပြဘဝတစ်လျှောက်ယူရိုပါလိဂ်ဖလား၃ကြိမ်ဆွတ်ခူးထားသူဖြစ်ပြီးမေလတုန်းကမန်ယူကိုအနိုင်ယူကာဗီလာရီးရဲလ်အတွက်ယူရိုပါလိဂ်ဖလားပူပူနွေးနွေးရယူပေးထားသူဖြစ်ပါတယ်။သူဟာအာဆင်နယ်ကို၁၈လကြာကိုင်တွယ်စဉ်အတွင်းမအောင်မြင်မှုကြောင့်ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။သူဟာလည်းအင်္ဂလိပ်ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်ကာသူ့အစွမ်းပြသရန်စိတ်အားထက်သန်နေသူဖြစ်ပါတယ်။

ZawGyi

ဘ႐ုစ္ေနရာတြင္ အစားထိုးမယ့္ နည္းျပသုံးဦးကို ဆန္ကာတင္ေ႐ြးခ်ယ္လိုက္တဲ့ နယူးကာဆယ္ပိုင္ရွင္သစ္

နယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာစတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးခန႔္အပ္ရန္ နည္းျပသုံးဦးအားဆန္ကာတင္ေ႐ြးခ်ယ္လိုက္ၿပီျဖစ္ပါတယ္။

ေဆာ္ဒီရင္းႏွီးျမႇပ္ႏွံသူမ်ားဟာနယူးကာဆယ္ကိုဝယ္ယူၿပီးေနာက္စတိဗ္ဘ႐ုစ္ကိုထုတ္ပယ္ကာနည္းျပသစ္ခန႔္အပ္လိုေနခဲ့ပါတယ္။ဒါေပမယ့္၎တို႔ဟာစတိဗ္ဘ႐ုစ္ကသူ႔ရဲ႕နည္းျပဘဝပြဲ၁၀၀၀ေျမာက္ပြဲအျဖစ္တနဂၤေႏြေန႔တုန္းကစပါးစ္အား၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲကိုကိုင္တြယ္ခြင့္ေပးခဲ့ပါတယ္။

The Times ရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္အသင္းပိုင္ရွင္တို႔ရဲ႕ဆန္ကာတင္နည္းျပသုံးဦးစာရင္းတြင္ ေရာဘတ္တိုမာတီနက္ဇ္၊အူႏိုင္းအမ္မရီ၊စတီဗင္ဂ်ရတ္တို႔ပါဝင္ေနေၾကာင္းသိရပါတယ္။

နယူးကာဆယ္ဟာယခုရက္ပိုင္းအတြင္းတြင္နည္းျပသစ္အားခန႔္အပ္ရန္စီစဥ္ေနၿပီးလာမယ္စေနေန႔ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္မွစတင္ကာကိုင္တြယ္ေစသြားမယ္လို႔သိရပါတယ္။

မာတီနက္ဇ္ဟာလက္ရွိအခ်ိန္တြင္ဘယ္လ္ဂ်ီယံအသင္းကိုကိုင္တြယ္ေနၿပီးလာမယ့္၂၀၂၂ကမာၻ႔ဖလားအၿပီးမွာစာခ်ဳပ္သက္တမ္းျပည့္ပါမယ္။နယူးကာဆယ္ဟာမာတီနက္ဇ္ကိုအသင္းကိုကိုင္တြယ္စဥ္အတြင္းဘယ္လ္ဂ်ီယံကိုလည္းစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိကိုင္တြယ္ေစမယ္လို႔သိရပါတယ္။

စပိန္လူမ်ိဳးနည္းျပမာတီနက္ဇ္ဟာဆြမ္စီး၊ဝီဂန္ႏွင့္အဲဗာတန္တို႔ကိုကိုင္တြယ္ဖူးကာအဂၤလိပ္ေဘာလုံးအေၾကာင္းကြၽမ္းက်င္သူလည္းျဖစ္ပါတယ္။

လီဗာပူးဂႏၴဝင္စတီဗင္ဂ်ရတ္ဟာရိန္းဂ်ားကိုကိုင္တြယ္ေနသူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီတုန္းက၁၀ႏွစ္အတြင္းပထမဆုံးစေကာ့တလန္အဆင့္ျမင့္တန္းဖလားရရွိေအာင္ကူညီခဲ့ပါတယ္။ရိန္းဂ်ားဟာယခုရာသီတြင္လည္းပြဲစဥ္၁၀အၿပီးမွာအမွတ္ေပးဇယားကိုဦးေဆာင္ေနပါတယ္။

အမ္မရီမွာနည္းျပဘဝတစ္ေလွ်ာက္ယူ႐ိုပါလိဂ္ဖလား၃ႀကိမ္ဆြတ္ခူးထားသူျဖစ္ၿပီးေမလတုန္းကမန္ယူကိုအႏိုင္ယူကာဗီလာရီးရဲလ္အတြက္ယူ႐ိုပါလိဂ္ဖလားပူပူေႏြးေႏြးရယူေပးထားသူျဖစ္ပါတယ္။သူဟာအာဆင္နယ္ကို၁၈လၾကာကိုင္တြယ္စဥ္အတြင္းမေအာင္ျမင္မႈေၾကာင့္ထုတ္ပယ္ခံခဲ့ရသူျဖစ္ပါတယ္။သူဟာလည္းအဂၤလိပ္ေဘာလုံးေလာကသို႔ျပန္လည္ဝင္ေရာက္ကာသူ႔အစြမ္းျပသရန္စိတ္အားထက္သန္ေနသူျဖစ္ပါတယ္။