ဘရူနိုဖာနန်ဒက်စ်အား ကန်တိုနာနဲ့ နှိုင်းယှဉ်မှု ရပ်တန်းက ရပ်ကြရန် ရွိုင်ကိန်းပြောကြား

ရွိုင်ကိန်းဟာမြို့ခံပြိုင်ဘက်မန်စီးတီးအား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပွဲကို အလှည့်အပြောင်းဖြစ်လာအောင်လုပ်ဆောင်နိုင်စွမ်းမရှိတဲ့ဘရူနိုဖာနန်ဒက်စ်ကိုဝေဖန်ပြောကြားလိုက်ပြီးသူ့ကို အဲရစ်ကန်တိုနာနှင့်နှိုင်းယှဉ်ပြောကြားမှုအားရပ်တန့်ကြတော့မှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကမန်စီးတီးကိုရှုံးနိမ့်ကာကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှထွက်ခွာခဲ့ရပါတယ်။ယင်းပွဲစဉ်မှာမန်စီးတီးအတွက်ဂိုးများကိုဂျွန်စတုန်းနှင့်ဖာနန်ဒင်ဟိုတို့ကသွင်းယူခဲ့ကြပါတယ်။

ဖာနန်ဒက်စ်ဟာယခုနှစ်အစောပိုင်းဇန်နဝါရီလတုန်းကစပို့တင်းလစ္စဘွန်းမှရောက်လာပြီးနောက်မန်ယူတွင်အရေး ပါတဲ့ကစားသမားအဖြစ်ခြေစွမ်းပြလာခဲ့သူလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာနောက်ပိုင်းမန်ယူပွဲစဉ်များတွင်အထူးခြေစွမ်းပြကစားလာမှုကြောင့်မန်ယူဂန္ထဝင်ကစားသမားအဲရစ် ကန်တိုနာနှင့်ပင်နှိုင်းယှဉ်ပြောကြားမှုခံလာခဲ့ရပါတယ်။

ဒါပေမယ့်မန်ယူဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းက “ဘောလုံးဆုဖလားက ရဖို့မလွယ်ပါဘူး။လွန်ခဲ့တဲ့လအ နည်းငယ်အတွင်းမှာဖာနန်ဒက်စ်ဟာအထူးချီးကျူးခံခဲ့ရပါတယ်။လူတွေကသူ့ကိုအဲရစ်ကန်တိုနာအပါအဝင်အခြား ဂန္ထဝင်တွေနဲ့နှိုင်းယှဉ်ပြောကြပါတယ်။ဒါပေမယ့်ဖာနန်ဒက်စ်ဟာဒီညမှာတော့ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ထိပ်တန်း ကစားသမားဆိုတာကြီးမားတဲ့ပွဲတွေမှာအလှည့်အပြောင်းဖြစ်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ဒါကကန်တိုနာလုပ်ခဲ့ တာတွေပါ။ဒါကြောင့်လည်းဆုဖလားတွေတသီကြီးရခဲ့တာပါ။ဒီအသင်းမှာကစားသမား၁ဦး၊၂ဦးအားဖြည့်ဖို့လိုပါ သေးတယ်။ဆီမီးဖိုင်နယ်မှာအနိုင်ရဖို့စိတ်ဓာတ်နဲ့ယုံကြည်မှုကလည်းလိုအပ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဖာနန်ဒက်စ်ဟာမန်ယူအတွက်၄၆ပွဲကစားထားရာမှာ၂၇ဂိုးသွင်းယူပြီး၁၇ကြိမ်ဖန်တီးထားပါတယ်။ဒါပေမယ့်သူဟာ ဗုဒ္ဓဟူးညပွဲစဉ်မှာတော့ဘောလုံးဆုံးရှုံးမှုများအလွတ်တကူဖြစ်ခဲ့ပါတယ်။

ZawGyi

ဘ႐ူႏိုဖာနန္ဒက္စ္အား ကန္တိုနာနဲ႔ ႏႈိင္းယွဥ္မႈ ရပ္တန္းက ရပ္ၾကရန္ ႐ြိဳင္ကိန္းေျပာၾကား

႐ြိဳင္ကိန္းဟာၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ပြဲစဥ္တြင္ ပြဲကို အလွည့္အေျပာင္းျဖစ္လာေအာင္လုပ္ေဆာင္ႏိုင္စြမ္းမရွိတဲ့ဘ႐ူႏိုဖာနန္ဒက္စ္ကိုေဝဖန္ေျပာၾကားလိုက္ၿပီးသူ႔ကို အဲရစ္ကန္တိုနာႏွင့္ႏႈိင္းယွဥ္ေျပာၾကားမႈအားရပ္တန႔္ၾကေတာ့မွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကမန္စီးတီးကိုရႈံးနိမ့္ကာကာရာေဘာင္းဖလားဆီမီးဖိုင္နယ္မွထြက္ခြာခဲ့ရပါတယ္။ယင္းပြဲစဥ္မွာမန္စီးတီးအတြက္ဂိုးမ်ားကိုဂြၽန္စတုန္းႏွင့္ဖာနန္ဒင္ဟိုတို႔ကသြင္းယူခဲ့ၾကပါတယ္။

ဖာနန္ဒက္စ္ဟာယခုႏွစ္အေစာပိုင္းဇန္နဝါရီလတုန္းကစပို႔တင္းလစၥဘြန္းမွေရာက္လာၿပီးေနာက္မန္ယူတြင္အေရး ပါတဲ့ကစားသမားအျဖစ္ေျခစြမ္းျပလာခဲ့သူလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာေနာက္ပိုင္းမန္ယူပြဲစဥ္မ်ားတြင္အထူးေျခစြမ္းျပကစားလာမႈေၾကာင့္မန္ယူဂႏၴဝင္ကစားသမားအဲရစ္ ကန္တိုနာႏွင့္ပင္ႏႈိင္းယွဥ္ေျပာၾကားမႈခံလာခဲ့ရပါတယ္။

ဒါေပမယ့္မန္ယူဂႏၴဝင္အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းက “ေဘာလုံးဆုဖလားက ရဖို႔မလြယ္ပါဘူး။လြန္ခဲ့တဲ့လအ နည္းငယ္အတြင္းမွာဖာနန္ဒက္စ္ဟာအထူးခ်ီးက်ဴးခံခဲ့ရပါတယ္။လူေတြကသူ႔ကိုအဲရစ္ကန္တိုနာအပါအဝင္အျခား ဂႏၴဝင္ေတြနဲ႔ႏႈိင္းယွဥ္ေျပာၾကပါတယ္။ဒါေပမယ့္ဖာနန္ဒက္စ္ဟာဒီညမွာေတာ့ဘာမွမလုပ္ျပႏိုင္ခဲ့ပါဘူး။ထိပ္တန္း ကစားသမားဆိုတာႀကီးမားတဲ့ပြဲေတြမွာအလွည့္အေျပာင္းျဖစ္ေအာင္လုပ္ႏိုင္စြမ္းရွိပါတယ္။ဒါကကန္တိုနာလုပ္ခဲ့ တာေတြပါ။ဒါေၾကာင့္လည္းဆုဖလားေတြတသီႀကီးရခဲ့တာပါ။ဒီအသင္းမွာကစားသမား၁ဦး၊၂ဦးအားျဖည့္ဖို႔လိုပါ ေသးတယ္။ဆီမီးဖိုင္နယ္မွာအႏိုင္ရဖို႔စိတ္ဓာတ္နဲ႔ယုံၾကည္မႈကလည္းလိုအပ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဖာနန္ဒက္စ္ဟာမန္ယူအတြက္၄၆ပြဲကစားထားရာမွာ၂၇ဂိုးသြင္းယူၿပီး၁၇ႀကိမ္ဖန္တီးထားပါတယ္။ဒါေပမယ့္သူဟာ ဗုဒၶဟူးညပြဲစဥ္မွာေတာ့ေဘာလုံးဆုံးရႈံးမႈမ်ားအလြတ္တကူျဖစ္ခဲ့ပါတယ္။