
ဘောလုံးပရိသတ်တစ်ဦးဟာဘလက်ပူးလ်နှင့်ဘန်လေပရိသတ်တို့အကြားခိုက်ရန်ဖြစ်ပွားမှုကြောင့်သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။
တိုနီဂျွန်ဆင်ဟာစနေနေ့တုန်းကရန်ပွဲတွင်ပါဝင်ခဲ့ပြီးနောက်ဒဏ်ရာအပြင်းအထန်ရရှိကာဆေးရုံတက်ရောက်ကုသမှုပြုလုပ်ခဲ့ရပြီးတနင်္လာနေ့တွင်ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာဂိုးမရှိသရေကျတဲ့ပွဲအပြီးတွင်ဘလက်ပူးလ်ရှိ The Manchester စားသောက်ဆိုင်အပြင်ဘက်ရန်ပွဲတွင်ခေါင်းဒဏ်ရာရရှိခဲ့ပါတယ်။
ဂိုးမရှိသရေကျတဲ့ပွဲအပြီးရန်ပွဲဖြစ်ပွားပြီးနောက်ဒေသတွင်းစံတော်ချိန်ညနေ၇နာရီဝန်းကျင်တွင်အခင်းဖြစ်ပွားရာသို့ရဲတပ်ဖွဲ့ဝင်များရောက်လာခဲ့ပါတယ်။
အထက်ပါရန်ပွဲနှင့်ဆက်စပ်ပြီးအသက်၃၃နှစ်အရွယ်ရှိလူတစ်ဦးဖမ်းဆီးခံထားရပါတယ်။လက်ရှိအချိန်တွင်ရဲတပ်ဖွဲ့ဝင်များဟာအထက်ပါရန်ပွဲနှင့်ပတ်သက်ပြီးသတင်းပေးကြရန်အများပြည်သူများကိုတောင်းဆိုထားပါတယ်။
ZawGyi
ဘလက်ပူးလ်နှင့်ဘန်လေပရိသတ်ရန်ပွဲကြောင့် ဘလက်ပူးလ်ပရိသတ်တစ်ဦးသေဆုံး