ဘဝတစ်သက်တာ အမှတ်ရစေမဲ့ ကမ္ဘာ့ဖလားခရီးစဉ်အဖြစ် ၁၁ ရက်အတွင်း ၁၃ ပွဲကြည့်ရန် ပေါင် ၁၀၀၀၀ သုံးလာတဲ့ စူပါပရိသတ်

ကမ္ဘာ့ဖလားစူပါပရိသတ်တစ်ဦးဟာ၁၁ရက်အတွင်းတွင်ကမ္ဘာ့ဖလားပွဲ၁၃ပွဲကြည့်ရှုရန်အတွက်ပေါင်၁၀၀၀၀ကျော်အသုံးပြုလာပါတယ်။

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတွင်နေထိုင်နေတဲ့ကလေးနှစ်ယောက်အဖေပီတာပါပွိုင်သစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲကြည့်ရှုရန်အတွက်သူငယ်ချင်းနှစ်ဦးနှင့်အတူ ရောက်ရှိနေတာဖြစ်ပြီးကာတာခရီးစဉ်အတွက်မိုင်ထောင်ချီခရီးနှင်လာခဲ့သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးလည်းဖြစ်တဲ့ပီတာကတနင်္လာနေ့အင်္ဂလန်နှင့်အီရန်ပွဲစဉ်အပါအဝင် ပွဲလက်မှတ်ဝယ်ယူရန်၊လေယာဉ်လက်မှတ်ဖိုး၊တည်းခိုစရိတ်အပါအဝင်စုစုပေါင်းဒေါ်လာ၁၈၀၀၀(ပေါင်၁၀၁၃၉)အသုံးပြုထားပါတယ်။

၎င်းက “ဒီကမ္ဘာ့ဖလားမှာလှပလာမဲ့အရာကတော့ကျွန်တော်သွားရောက်ကြည့်မဲ့ပွဲခရီးစဉ်က၇၀ကီလိုမီတာသွားရမှာအရာပါ။ဒီတော့နာရီအနည်းငယ်အတွင်းပွဲတစ်ပွဲနဲ့တစ်ပွဲကူးပြီးကြည့်ရမယ်။ဒီလိုအခိုက်အတန့်ကြုံလာဖို့ကာလရှည်အိပ်မက်မက်လာခဲ့တာပါ။ရက်အနည်းငယ်ပဲလိုတော့လို့အရမ်းစိတ်လှုပ်ရှားနေရပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမဲ့ပီတာအပါအဝင်တစ်ကမ္ဘာလုံးမှရောက်လာမဲ့ဘောလုံးပရိသတ်များအနေဖြင့်မွတ်စလင်နိုင်ငံဖြစ်တဲ့ ကာတာရဲ့တင်းကြပ်လှတဲ့စည်းမျဉ်းစည်းကမ်းကိုမလိုက်နာပါငွေဒဏ်သာမကထောင်ကျခံရမယ့်အရေးပါကြုံလာရပါမယ်။

အများသူငါနေရာများတွင်အရက်သောက်စားခြင်း၊ဓာတ်ပုံရိုက်ကူးခြင်း၊လိင်တူဆက်ဆံခြင်း၊လင်မယားမဟုတ်ဘဲအတူနေခြင်းတို့ပြုလုပ်ပါကထောင်ဒဏ်ကျခံရပါမယ်။

ဒါပေမဲ့ဘောလုံးနည်းပြတစ်ဦးဖြစ်တဲ့ ပီတာကတော့ကာတာရဲ့တင်းကြပ်လှတဲ့စည်းမျဉ်းစည်းကမ်းများကသူ့အတွက်အနှောက်အယှက်မဖြစ်ကြောင်းဆိုထားပါတယ်။

၎င်းက “စည်းကမ်းတွေအားလုံးကိုလေ့လာထားတယ်။လုံခြုံရေးပတ်သက်ပြီးဘာမှကြောက်စရာမရှိဘူး။လမ်းပေါ်မှာအရက်သောက်တာမျိုးလည်း ကျွန်တော်လုပ်မှာမဟုတ်ဘူး။ဒါကမလေးစားတာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘဝတစ္သက္တာ အမွတ္ရေစမဲ့ ကမာၻ႔ဖလားခရီးစဥ္အျဖစ္ ၁၁ ရက္အတြင္း ၁၃ ပြဲၾကည့္ရန္ ေပါင္ ၁၀၀၀၀ သုံးလာတဲ့ စူပါပရိသတ္

ကမာၻ႔ဖလားစူပါပရိသတ္တစ္ဦးဟာ၁၁ရက္အတြင္းတြင္ကမာၻ႔ဖလားပြဲ၁၃ပြဲၾကည့္ရႈရန္အတြက္ေပါင္၁၀၀၀၀ေက်ာ္အသုံးျပဳလာပါတယ္။

ဩစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီတြင္ေနထိုင္ေနတဲ့ကေလးႏွစ္ေယာက္အေဖပီတာပါပြိဳင္သစ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲၾကည့္ရႈရန္အတြက္သူငယ္ခ်င္းႏွစ္ဦးႏွင့္အတူ ေရာက္ရွိေနတာျဖစ္ၿပီးကာတာခရီးစဥ္အတြက္မိုင္ေထာင္ခ်ီခရီးႏွင္လာခဲ့သူလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ပရိသတ္တစ္ဦးလည္းျဖစ္တဲ့ပီတာကတနလၤာေန႔အဂၤလန္ႏွင့္အီရန္ပြဲစဥ္အပါအဝင္ ပြဲလက္မွတ္ဝယ္ယူရန္၊ေလယာဥ္လက္မွတ္ဖိုး၊တည္းခိုစရိတ္အပါအဝင္စုစုေပါင္းေဒၚလာ၁၈၀၀၀(ေပါင္၁၀၁၃၉)အသုံးျပဳထားပါတယ္။

၎က “ဒီကမာၻ႔ဖလားမွာလွပလာမဲ့အရာကေတာ့ကြၽန္ေတာ္သြားေရာက္ၾကည့္မဲ့ပြဲခရီးစဥ္က၇၀ကီလိုမီတာသြားရမွာအရာပါ။ဒီေတာ့နာရီအနည္းငယ္အတြင္းပြဲတစ္ပြဲနဲ႔တစ္ပြဲကူးၿပီးၾကည့္ရမယ္။ဒီလိုအခိုက္အတန႔္ႀကဳံလာဖို႔ကာလရွည္အိပ္မက္မက္လာခဲ့တာပါ။ရက္အနည္းငယ္ပဲလိုေတာ့လို႔အရမ္းစိတ္လႈပ္ရွားေနရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမဲ့ပီတာအပါအဝင္တစ္ကမာၻလုံးမွေရာက္လာမဲ့ေဘာလုံးပရိသတ္မ်ားအေနျဖင့္မြတ္စလင္ႏိုင္ငံျဖစ္တဲ့ ကာတာရဲ႕တင္းၾကပ္လွတဲ့စည္းမ်ဥ္းစည္းကမ္းကိုမလိုက္နာပါေငြဒဏ္သာမကေထာင္က်ခံရမယ့္အေရးပါႀကဳံလာရပါမယ္။

အမ်ားသူငါေနရာမ်ားတြင္အရက္ေသာက္စားျခင္း၊ဓာတ္ပုံ႐ိုက္ကူးျခင္း၊လိင္တူဆက္ဆံျခင္း၊လင္မယားမဟုတ္ဘဲအတူေနျခင္းတို႔ျပဳလုပ္ပါကေထာင္ဒဏ္က်ခံရပါမယ္။

ဒါေပမဲ့ေဘာလုံးနည္းျပတစ္ဦးျဖစ္တဲ့ ပီတာကေတာ့ကာတာရဲ႕တင္းၾကပ္လွတဲ့စည္းမ်ဥ္းစည္းကမ္းမ်ားကသူ႔အတြက္အေႏွာက္အယွက္မျဖစ္ေၾကာင္းဆိုထားပါတယ္။

၎က “စည္းကမ္းေတြအားလုံးကိုေလ့လာထားတယ္။လုံၿခဳံေရးပတ္သက္ၿပီးဘာမွေၾကာက္စရာမရွိဘူး။လမ္းေပၚမွာအရက္ေသာက္တာမ်ိဳးလည္း ကြၽန္ေတာ္လုပ္မွာမဟုတ္ဘူး။ဒါကမေလးစားတာပါ”လို႔ေျပာၾကားသြားပါတယ္။