ဘဝနဲ့ရင်းပြီး သွင်းခဲ့တဲ့ဂိုးကြောင့် ဒုတ်ကိုကျောက်ပတ်တီးကိုင်ခဲ့ရတဲ့ အေဂျက်စ်စတားတာဒစ်

အေဂျက်စ်အသင်းခေါင်းဆောင်ဒူဆန်တာဒစ်ဟာကြားရက်တုန်းကဂျာမန်မြေမှာဒေါ့မွန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဘဝရင်းပြီးသွင်းယူခဲ့တဲ့ချေပဂိုးကြောင့် ငယ်ပါကိုကျောက်ပတ်တီးကိုင်ခဲ့ရပါတယ်။

အေဂျက်စ်စတားဟာဒေါ့မွန်အားအနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပွဲချိန်၇၁မိနစ်မှာအေဂျက်စ်အတွက်အဖိုးတန်ချေပဂိုးသွင်းယူခဲ့ရာမှာလျောပါပြီးပေါင်ကြားကဂိုးတိုင်ကြားသို့ ဝင်ခဲ့ပြီးမရှု့မလှခံစားခဲ့ရပါတယ်။

ဆားဘီးယားကစားသမားရဲ့ငယ်ပါဟာဂိုးတိုင်နဲ့မိမိရရကြီးမိတ်ဆက်ခဲ့ပါတယ်။တာဒစ်ဟာဂိုးသွင်းလို့အကြီးအကျယ်ပျော်ခဲ့တယ်ဆိုပေမယ့်လည်းအောင်ပွဲခံခဲ့ရာမှာငယ်ပါအုပ်ပြီးအောင်ပွဲခံမှုပြုလုပ်ခဲ့ရပါတယ်။

အစောပိုင်းတုန်းကတာဒစ်ရဲ့အခြေအနေမှာစိုးရိမ်စရာမရှိဘူးလို့ယူဆခဲ့ရပေမယ့်တကယ်တမ်းမှာတော့တာဒစ်ဟာသူ့ရဲ့ငယ်ပါကိုကျောက်ပတ်တီးကိုင်ခဲ့ရတာတွေ့ရပါတယ်။

ယခုအခါတာဒစ်ရဲ့ကျောက်ပတ်တီးကိုင်ထားတဲ့ဓာတ်ပုံဟာအွန်လိုင်းတွင်ပျံ့နှံ့လျက်ရှိနေပြီးပရိသတ်များကလှောင်ပြောင်ကျီစယ်ရေးသားမှုများပြုလုပ်နေကြပါတယ်။

အဆိုပါပွဲစဉ်မှာဒေါ့မွန်ဟာဒိုင်လူကြီးရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့်ဟမ်မဲလ်အထုတ်ခံရမှုနဲ့အတူတစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။ဒါပေမယ့်ဒေါ့မွန်ဟာမာကိုရူးစ်ရဲ့ပင်နယ်တီဂိုးနဲ့ပထမပိုင်းကိုဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန်၇၁မိနစ်မှာတာဒစ်ကချေပဂိုးသွင်းခဲ့ပြီးအနိုင်ဂိုးတွေကိုဟယ်လာနှင့်ကလပ်စ်ဆင်တို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

ဘဝနဲ႔ရင္းၿပီး သြင္းခဲ့တဲ့ဂိုးေၾကာင့္ ဒုတ္ကိုေက်ာက္ပတ္တီးကိုင္ခဲ့ရတဲ့ ေအဂ်က္စ္စတားတာဒစ္

ေအဂ်က္စ္အသင္းေခါင္းေဆာင္ဒူဆန္တာဒစ္ဟာၾကားရက္တုန္းကဂ်ာမန္ေျမမွာေဒါ့မြန္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဘဝရင္းၿပီးသြင္းယူခဲ့တဲ့ေခ်ပဂိုးေၾကာင့္ ငယ္ပါကိုေက်ာက္ပတ္တီးကိုင္ခဲ့ရပါတယ္။

ေအဂ်က္စ္စတားဟာေဒါ့မြန္အားအႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕ပြဲခ်ိန္၇၁မိနစ္မွာေအဂ်က္စ္အတြက္အဖိုးတန္ေခ်ပဂိုးသြင္းယူခဲ့ရာမွာေလ်ာပါၿပီးေပါင္ၾကားကဂိုးတိုင္ၾကားသို႔ ဝင္ခဲ့ၿပီးမရႈ႕မလွခံစားခဲ့ရပါတယ္။

ဆားဘီးယားကစားသမားရဲ႕ငယ္ပါဟာဂိုးတိုင္နဲ႔မိမိရရႀကီးမိတ္ဆက္ခဲ့ပါတယ္။တာဒစ္ဟာဂိုးသြင္းလို႔အႀကီးအက်ယ္ေပ်ာ္ခဲ့တယ္ဆိုေပမယ့္လည္းေအာင္ပြဲခံခဲ့ရာမွာငယ္ပါအုပ္ၿပီးေအာင္ပြဲခံမႈျပဳလုပ္ခဲ့ရပါတယ္။

အေစာပိုင္းတုန္းကတာဒစ္ရဲ႕အေျခအေနမွာစိုးရိမ္စရာမရွိဘူးလို႔ယူဆခဲ့ရေပမယ့္တကယ္တမ္းမွာေတာ့တာဒစ္ဟာသူ႔ရဲ႕ငယ္ပါကိုေက်ာက္ပတ္တီးကိုင္ခဲ့ရတာေတြ႕ရပါတယ္။

ယခုအခါတာဒစ္ရဲ႕ေက်ာက္ပတ္တီးကိုင္ထားတဲ့ဓာတ္ပုံဟာအြန္လိုင္းတြင္ပ်ံ႕ႏွံ႔လ်က္ရွိေနၿပီးပရိသတ္မ်ားကေလွာင္ေျပာင္က်ီစယ္ေရးသားမႈမ်ားျပဳလုပ္ေနၾကပါတယ္။

အဆိုပါပြဲစဥ္မွာေဒါ့မြန္ဟာဒိုင္လူႀကီးရဲ႕အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေၾကာင့္ဟမ္မဲလ္အထုတ္ခံရမႈနဲ႔အတူတစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရပါတယ္။ဒါေပမယ့္ေဒါ့မြန္ဟာမာကို႐ူးစ္ရဲ႕ပင္နယ္တီဂိုးနဲ႔ပထမပိုင္းကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ပြဲခ်ိန္၇၁မိနစ္မွာတာဒစ္ကေခ်ပဂိုးသြင္းခဲ့ၿပီးအႏိုင္ဂိုးေတြကိုဟယ္လာႏွင့္ကလပ္စ္ဆင္တို႔ကသြင္းယူခဲ့ၾကပါတယ္။