ဘဝမှာပထမဆုံး နိုင်ငံတကာဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့ အင်္ဂလန်ရဲ့ဟင်ဒါဆင်

နောက်ဆုံးမှာတော့ဂျော်ဒန်ဟင်ဒါဆင်ဟာဘဝမှာသူ့ရဲ့ပထမဆုံးနိုင်ငံတကာဂိုးကိုသွင်းယူနိုင်လိုက်ပြီဖြစ်ပါတယ်။လီဗာပူးအသင်းခေါင်းဆောင်ဟာမနေ့ညတုန်းကယူကရိန်းကို၄-၀ဂိုးဖြင့်အင်္ဂလန်အသင်းအနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာယူကရိန်းကိုသက်တောင့်သက်သာဖြင့်ကစားနိုင်ခဲ့ပြီးဒုတိယပိုင်းအစမှာတင်၃-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းအင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာအဝါကတ်ထပ်ထိရင်ဆီမီးလွဲနိုင်ခြေရှိတဲ့ဒက်လန်းရိုက်စ်ရဲ့နေရာမှာဟင်ဒါဆင်ကိုလူစားလဲလှည့်ထည့်သွင်းခဲ့ပါတယ်။

လီဗာပူးကွင်းလယ်ကစားသမားဟာလူစားဝင်ရောက်လာပြီးနောက်အင်္ဂလန်အသင်းအတွက်စတုတ္ထဂိုးအားခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ဟင်ဒါဆင်ရဲ့သူ့ရဲ့ဘဝမှာပထမဆုံးအနေဖြင့်နိုင်ငံတကာဂိုးသွင်းယူလိုက်နိုင်ပြီးနောက်အကြီးအကျယ်အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။

ဟင်ဒါဆင်ဟာအင်္ဂလန်အတွက်၆၂ပွဲကစားရာမှာပထမဆုံးဂိုးကိုသွင်းယူလိုက်နိုင်တာလည်းဖြစ်ပါတယ်။

ဟင်ဒါဆင်ဟာအစောပိိုင်းတုန်းကအင်္ဂလန်အတွက်နိုင်ငံတကာပွဲ၅၀နှင့်အထက်ကစားထားပြီးဂိုးမသွင်းနိုင်တဲ့ကစားသမား၇ဦးထဲမှတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲအကြိုုခြေစမ်းပွဲအဖြစ်ကစားတဲ့ရိုမေးနီးယားနှင့်ပွဲစဉ်တုန်းကတိုက်စစ်မှူးဒိုမီနစ်ကယ်ဗတ်လီဝင်းဆီမှဘောလုံးကိုလုယူကာပင်နယ်တီကန်သွင်းပြီးပထမဆုံးနိုင်ငံတကာဂိုးသွင်းယူနိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့်မဝင်ခဲ့ပါဘူး။

အင်္ဂလန်ဟာယူရို၂၀၂၀ဆီမီးဖိုင်နယ်အဆင့်မှာဒိန်းမတ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဘဝမွာပထမဆုံး ႏိုင္ငံတကာဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္တဲ့ အဂၤလန္ရဲ႕ဟင္ဒါဆင္

ေနာက္ဆုံးမွာေတာ့ေဂ်ာ္ဒန္ဟင္ဒါဆင္ဟာဘဝမွာသူ႔ရဲ႕ပထမဆုံးႏိုင္ငံတကာဂိုးကိုသြင္းယူႏိုင္လိုက္ၿပီျဖစ္ပါတယ္။လီဗာပူးအသင္းေခါင္းေဆာင္ဟာမေန႔ညတုန္းကယူကရိန္းကို၄-၀ဂိုးျဖင့္အဂၤလန္အသင္းအႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာယူကရိန္းကိုသက္ေတာင့္သက္သာျဖင့္ကစားႏိုင္ခဲ့ၿပီးဒုတိယပိုင္းအစမွာတင္၃-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္လည္းအဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာအဝါကတ္ထပ္ထိရင္ဆီမီးလြဲႏိုင္ေျခရွိတဲ့ဒက္လန္း႐ိုက္စ္ရဲ႕ေနရာမွာဟင္ဒါဆင္ကိုလူစားလဲလွည့္ထည့္သြင္းခဲ့ပါတယ္။

လီဗာပူးကြင္းလယ္ကစားသမားဟာလူစားဝင္ေရာက္လာၿပီးေနာက္အဂၤလန္အသင္းအတြက္စတုတၳဂိုးအားေခါင္းတိုက္သြင္းယူႏိုင္ခဲ့ပါတယ္။

ဟင္ဒါဆင္ရဲ႕သူ႔ရဲ႕ဘဝမွာပထမဆုံးအေနျဖင့္ႏိုင္ငံတကာဂိုးသြင္းယူလိုက္ႏိုင္ၿပီးေနာက္အႀကီးအက်ယ္ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။

ဟင္ဒါဆင္ဟာအဂၤလန္အတြက္၆၂ပြဲကစားရာမွာပထမဆုံးဂိုးကိုသြင္းယူလိုက္ႏိုင္တာလည္းျဖစ္ပါတယ္။

ဟင္ဒါဆင္ဟာအေစာပိိုင္းတုန္းကအဂၤလန္အတြက္ႏိုင္ငံတကာပြဲ၅၀ႏွင့္အထက္ကစားထားၿပီးဂိုးမသြင္းႏိုင္တဲ့ကစားသမား၇ဦးထဲမွတစ္ဦးအျဖစ္ရပ္တည္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအႀကိဳုေျခစမ္းပြဲအျဖစ္ကစားတဲ့႐ိုေမးနီးယားႏွင့္ပြဲစဥ္တုန္းကတိုက္စစ္မႉးဒိုမီနစ္ကယ္ဗတ္လီဝင္းဆီမွေဘာလုံးကိုလုယူကာပင္နယ္တီကန္သြင္းၿပီးပထမဆုံးႏိုင္ငံတကာဂိုးသြင္းယူႏိုင္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္မဝင္ခဲ့ပါဘူး။

အဂၤလန္ဟာယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္အဆင့္မွာဒိန္းမတ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။