ဘာကာကျောနံပါတ် ၁၀ သစ် ဖာတီကို “ဟေ့ကောင် မင်းက လီယိုလား?” လို့ လှောင်ခဲ့တဲ့ အော့တာမန်ဒီ

ဘင်ဖီကာနောက်ခံလူနီကိုလပ်စ်အော့တာမန်ဒီဟာမနေ့ညတုန်းကဘာစီလိုနာအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာအန်ဆူးဖာတီကို ‘ဟေ့ကောင် မင်းက လီယိုလား?’လို့ လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာဟာနွေရာသီတုန်းကပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်လိုက်ရတဲ့လီယွန်နယ်မက်ဆီရဲ့ကျောနံပါတ်၁၀ကို အန်ဆူးဖာတီကိုဆက်ခံစေခဲ့ပါတယ်။

အသက်၁၈နှစ်ရှိဖာတီဟာလည်းမက်ဆီကဲ့သို့ပင်ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီးဘာစီလိုနာကစားသမားဘဝအစတုန်းကကျောနံပါတ်၃၇ဝတ်ဆင်ခဲ့ပါတယ်။သူဟာဘာစီလိုနာပထမအသင်းသို့တက်လှမ်းပြီးနောက်ကျောနံပါတ်၂၂ကိုဝတ်ဆင်ခဲ့ပါတယ်။

သူဟာဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုလေးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ရပြီးနောက်၁၁လကြာအနားယူခဲ့ရပြီးပြီးခဲ့တဲ့အပတ်တုန်းကလီဗန်တေးနှင့်ပွဲတွင်ပထမဆုံးအကြိမ်အဖြစ်လူစားဝင်ရောက်ကစားပြီးနောက်၉မိနစ်အကြာတွင်ပင်အနိုင်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အန်ဆူးဖာတီဟာမနေ့ညတုန်းကဘင်ဖီကာကို၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာအော့တာမန်ဒီကို ပြစ်ဒဏ်ကျူးလွန်မှုပြုလုပ်ခဲ့ပါတယ်။အော့တာမန်ဒီဟာကျောနံပါတ်၁၀ဝတ်ဆင်ထားတဲ့အန်ဆူးဖာတီကို “ဟေ့ကောင် မင်းက လီယိုလား?”လို့ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာဘင်ဖီကာကိုရှုံးနိမ့်ပြီးနောက်ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်ထားကာရှုံးထွက်အဆင့်သို့တက်ရန်ခက်ခဲသွားခဲ့ပါတယ်။ဘာစီလိုနာဟာချန်ပီယံလိဂ်မှာနောက်ဆုံးငါးပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။

ဘင်ဖီကာအားရှုံးနိမ့်ပြီးနောက်ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက၎င်းမှာဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရကြောင်းဝန်ခံပြောကြားသွားပါတယ်။

ZawGyi

ဘာကာေက်ာနံပါတ္ ၁၀ သစ္ ဖာတီကို “ေဟ့ေကာင္ မင္းက လီယိုလား?” လို႔ ေလွာင္ခဲ့တဲ့ ေအာ့တာမန္ဒီ

ဘင္ဖီကာေနာက္ခံလူနီကိုလပ္စ္ေအာ့တာမန္ဒီဟာမေန႔ညတုန္းကဘာစီလိုနာအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာအန္ဆူးဖာတီကို ‘ေဟ့ေကာင္ မင္းက လီယိုလား?’လို႔ ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။

ဘာစီလိုနာဟာေႏြရာသီတုန္းကပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္လိုက္ရတဲ့လီယြန္နယ္မက္ဆီရဲ႕ေက်ာနံပါတ္၁၀ကို အန္ဆူးဖာတီကိုဆက္ခံေစခဲ့ပါတယ္။

အသက္၁၈ႏွစ္ရွိဖာတီဟာလည္းမက္ဆီကဲ့သို႔ပင္ဘာစီလိုနာအကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီးဘာစီလိုနာကစားသမားဘဝအစတုန္းကေက်ာနံပါတ္၃၇ဝတ္ဆင္ခဲ့ပါတယ္။သူဟာဘာစီလိုနာပထမအသင္းသို႔တက္လွမ္းၿပီးေနာက္ေက်ာနံပါတ္၂၂ကိုဝတ္ဆင္ခဲ့ပါတယ္။

သူဟာဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈေလးႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့ရၿပီးေနာက္၁၁လၾကာအနားယူခဲ့ရၿပီးၿပီးခဲ့တဲ့အပတ္တုန္းကလီဗန္ေတးႏွင့္ပြဲတြင္ပထမဆုံးအႀကိမ္အျဖစ္လူစားဝင္ေရာက္ကစားၿပီးေနာက္၉မိနစ္အၾကာတြင္ပင္အႏိုင္ဂိုးတစ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

အန္ဆူးဖာတီဟာမေန႔ညတုန္းကဘင္ဖီကာကို၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာေအာ့တာမန္ဒီကို ျပစ္ဒဏ္က်ဴးလြန္မႈျပဳလုပ္ခဲ့ပါတယ္။ေအာ့တာမန္ဒီဟာေက်ာနံပါတ္၁၀ဝတ္ဆင္ထားတဲ့အန္ဆူးဖာတီကို “ေဟ့ေကာင္ မင္းက လီယိုလား?”လို႔ ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာဘင္ဖီကာကိုရႈံးနိမ့္ၿပီးေနာက္ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲႏွစ္ပြဲဆက္ရႈံးနိမ့္ထားကာရႈံးထြက္အဆင့္သို႔တက္ရန္ခက္ခဲသြားခဲ့ပါတယ္။ဘာစီလိုနာဟာခ်န္ပီယံလိဂ္မွာေနာက္ဆုံးငါးပြဲဆက္ႏိုင္ပြဲေပ်ာက္ထားပါတယ္။

ဘင္ဖီကာအားရႈံးနိမ့္ၿပီးေနာက္ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းက၎မွာဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရေၾကာင္းဝန္ခံေျပာၾကားသြားပါတယ္။