ဘာကာဂန္ထဝင်တစ်ဦးကို နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ ဇာဗီး

ဇာဗီးဟာဘာစီလိုနာနည်းပြရာထူးကိုရယူပြီးပါကသူ့ရဲ့နည်းပြအဖွဲ့ဝင်ထဲတွင်ဘာစီလိုနာဂန္ထဝင်တစ်ဦးကိုပါခန့်အပ်ရန်ဆန္ဒပြင်းပြနေကြောင်းသိရပါတယ်။ဇာဗီးဟာဘာစီလိုနာကစားဖော်ဟောင်းကားလို့စ်ပူယိုးလ်ကိုသူ့ရဲ့နည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်ရန်ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာဂန္ထဝင်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့အပတ်တုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့ရော်နယ်ကိုးမန်းနေရာတွင်အစားထိုးတာဝန်ယူရန်ဘာစီလိုနာနှင့်ဆွေးနွေးနေပါတယ်။

သူဟာလက်ရှိအချိန်တွင်ကာတာကလပ်အယ်လ်ဆတ်ကိုကိုင်တွယ်နေပြီးဘာစီလိုနာနည်းပြရာထူးကိုရယူဖြစ်ပါကစိတ်ကြိုက်နည်းပြအဖွဲ့ကိုလည်းဖွဲ့စည်းရန်စီစဉ်ထားပါတယ်။

ဇာဗီးကသူ့နည်းပြအဖွဲ့တွင်ဘာစီလိုနာဂန္ထဝင်များကိုထည့်သွင်းခြင်းကအကောင်းဆုံးယုံကြည်နေပြီးပူယိုးလ်ကိုပါထည့်သွင်းထားပါတယ်။ပူယိုးလ်ဟာဘောလုံးသမားဘဝတုန်းကတိုက်ပွဲဝင်လိုစိတ်ပြင်းထန်တဲ့ခံစစ်မှူးတစ်ဦးအဖြစ်ဘောလုံးကမ္ဘာမှာနာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။

ZawGyi




