ဘာကာတွင် ကစားသမားဘဝကုန်ဆုံးလိုကြောင်း အယ်လ်ဘာပြောကြား

ဂျော်ဒီအယ်လ်ဘာကဘာစီလိုနာတွင်ပင်ကစားသမားဘဝကုန်ဆုံးလိုကြောင်းပြောကြားကာနွေရာသီတွင်အသင်းမှထွက်ခွာရမည်ဟုသတင်းထွက်နေမှုကိုငြင်းဆိုလိုက်ပါတယ်။

ဘာစီလိုနာဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်ကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်ခဲ့သော်လည်းလာလီဂါနှင့်ချန်ပီယံလိဂ်တို့တွင်အောင်မြင်မှုမရရှိခဲ့မှုနဲ့အတူနွေရာသီတွင်အသင်းကိုအကြီးအကျယ်အပြောင်းအလဲလုပ်မယ်လို့သတင်းထွက်နေပါတယ်။

ဘာစီလိုနာကရောင်းချမယ့်ကစားသမားများစာရင်းတွင်၂၀၂၀-၂၁ဘောလုံးရာသီတုန်းကဆက်တိုက်ခြေစွမ်းပြနိုင်ရန်ရုန်းကန်ခဲ့ရတဲ့အယ်လ်ဘာလည်းပါဝင်ကြောင်းသတင်းထွက်နေပါတယ်။

ဒါပေမယ့်အယ်လ်ဘာက “ကျွန်တော့်စာချုပ်၃နှစ်ကျန်ပါသေးတယ်။စာချုပ်သက်တမ်းပြည့်တဲ့အထိနေဖို့စဉ်းစားထားပါတယ်။ကလပ်ဘက်ဆုံးဖြတ်နိုင်တယ်ဆိုပေမယ့်ကျွန်တော်ကတော့ဒီမှာဘဲတစ်သက်လုံးကစားသွားချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

အယ်လ်ဘာဟာဘာစီလိုနာတွင်ကစားတဲ့၉ရာသီအတွင်းတွင်၃၈၅ပွဲကစားထားပြီးလာလီဂါဖလား၅ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

ZawGyi

ဘာကာတြင္ ကစားသမားဘဝကုန္ဆုံးလိုေၾကာင္း အယ္လ္ဘာေျပာၾကား

ေဂ်ာ္ဒီအယ္လ္ဘာကဘာစီလိုနာတြင္ပင္ကစားသမားဘဝကုန္ဆုံးလိုေၾကာင္းေျပာၾကားကာေႏြရာသီတြင္အသင္းမွထြက္ခြာရမည္ဟုသတင္းထြက္ေနမႈကိုျငင္းဆိုလိုက္ပါတယ္။

ဘာစီလိုနာဟာ၂၀၂၀-၂၁ေဘာလုံးရာသီတြင္ကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္ခဲ့ေသာ္လည္းလာလီဂါႏွင့္ခ်န္ပီယံလိဂ္တို႔တြင္ေအာင္ျမင္မႈမရရွိခဲ့မႈနဲ႔အတူေႏြရာသီတြင္အသင္းကိုအႀကီးအက်ယ္အေျပာင္းအလဲလုပ္မယ္လို႔သတင္းထြက္ေနပါတယ္။

ဘာစီလိုနာကေရာင္းခ်မယ့္ကစားသမားမ်ားစာရင္းတြင္၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကဆက္တိုက္ေျခစြမ္းျပႏိုင္ရန္႐ုန္းကန္ခဲ့ရတဲ့အယ္လ္ဘာလည္းပါဝင္ေၾကာင္းသတင္းထြက္ေနပါတယ္။

ဒါေပမယ့္အယ္လ္ဘာက “ကြၽန္ေတာ့္စာခ်ဳပ္၃ႏွစ္က်န္ပါေသးတယ္။စာခ်ဳပ္သက္တမ္းျပည့္တဲ့အထိေနဖို႔စဥ္းစားထားပါတယ္။ကလပ္ဘက္ဆုံးျဖတ္ႏိုင္တယ္ဆိုေပမယ့္ကြၽန္ေတာ္ကေတာ့ဒီမွာဘဲတစ္သက္လုံးကစားသြားခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အယ္လ္ဘာဟာဘာစီလိုနာတြင္ကစားတဲ့၉ရာသီအတြင္းတြင္၃၈၅ပြဲကစားထားၿပီးလာလီဂါဖလား၅ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။