ဘာကာနည်းပြရာထူးကို ကယ်တင်ဖို့ သုံးပွဲသာ အခွင့်အရေးရှိတော့တဲ့ ရော်နယ်ကိုးမန်း

ဘာစီလိုနာဘုတ်အဖွဲ့ဟာရာသီအစရလဒ်ပိုင်းဆိုးရွားနေမှုကြောင့်ရော်နယ်ကိုးမန်းအားရာထူးထုတ်ပယ်ရန်စီစဉ်နေကြပြီဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာဟာဒတ်ချ်လူမျိုးနည်းပြအားနည်းပြရာထူးကိုကယ်တင်ရန်ပွဲသုံးပွဲသာအခွင့်အရေးပေးထားကြောင်း AS သတင်းစာရဲ့ဖော်ပြချက်အရသိရပါတယ်။

ဘာစီလိုနာဟာလာလီဂါမှာသုံးပွဲကစားပြီးရာမှာနှစ်ပွဲနိုင်၊တစ်ပွဲသရေကျထားသော်လည်းတစ်ပွဲလျှော့ကစားမှုနဲ့အတူအဆင့်၇နေရာသို့ရောက်နေပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာကြားရက်တုန်းကနူးကမ့်တွင်ဘိုင်ယန်မြူးနစ်အား၃-၀ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်မှုနဲ့အတူကိုးမန်းအပေါ် စိတ်ပျက်လျက်ရှိနေပါတယ်။

အထူးသဖြင့်ဘာစီလိုနာဘုတ်အဖွဲ့ဝင်များဟာရော်နယ်ကိုးမန်းအား ခံစစ်အားပြုကာပွဲအပေါ်ချဉ်းကပ်မှုအပေါ်စိတ်ပျက်နေပါတယ်။

ယခုအခါဘာစီလိုနာဘုတ်အဖွဲ့ကရော်နယ်ကိုးမန်းအားလာမယ့်ပွဲသုံးပွဲတွင်ရလဒ်ကောင်းမရယူနိုင်ပါကထုတ်ပယ်ရမည်ဟုသတိပေးမှုပြုလုပ်လာပြီဖြစ်ပါတယ်။ဘာစီလိုနာဟာလာမယ့်ပွဲသုံးပွဲအဖြစ်ဂရန်နာဒါ၊ကာဒစ်ဇ်နှင့်လီဗန်တေးတို့ကိုရင်ဆိုင်ကစားရပါမယ်။

ကိုးမန်းဟာ၂၀၂၀ခုနှစ်တုန်းကဘာစီလိုနာသို့ ၂နှစ်စာချုပ်ဖြင့်ရောက်လာသူဖြစ်ပြီးနွေရာသီတုန်းကတစ်နှစ်စာချုပ်သက်တမ်းတိုးထားပါတယ်။

ZawGyi

ဘာကာနည္းျပရာထူးကို ကယ္တင္ဖို႔ သုံးပြဲသာ အခြင့္အေရးရွိေတာ့တဲ့ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာဘုတ္အဖြဲ႕ဟာရာသီအစရလဒ္ပိုင္းဆိုး႐ြားေနမႈေၾကာင့္ေရာ္နယ္ကိုးမန္းအားရာထူးထုတ္ပယ္ရန္စီစဥ္ေနၾကၿပီျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာဟာဒတ္ခ်္လူမ်ိဳးနည္းျပအားနည္းျပရာထူးကိုကယ္တင္ရန္ပြဲသုံးပြဲသာအခြင့္အေရးေပးထားေၾကာင္း AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဘာစီလိုနာဟာလာလီဂါမွာသုံးပြဲကစားၿပီးရာမွာႏွစ္ပြဲႏိုင္၊တစ္ပြဲသေရက်ထားေသာ္လည္းတစ္ပြဲေလွ်ာ့ကစားမႈနဲ႔အတူအဆင့္၇ေနရာသို႔ေရာက္ေနပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာၾကားရက္တုန္းကႏူးကမ့္တြင္ဘိုင္ယန္ျမဴးနစ္အား၃-၀ဂိုးျဖင့္ အရွက္တကြဲရႈံးနိမ့္မႈနဲ႔အတူကိုးမန္းအေပၚ စိတ္ပ်က္လ်က္ရွိေနပါတယ္။

အထူးသျဖင့္ဘာစီလိုနာဘုတ္အဖြဲ႕ဝင္မ်ားဟာေရာ္နယ္ကိုးမန္းအား ခံစစ္အားျပဳကာပြဲအေပၚခ်ဥ္းကပ္မႈအေပၚစိတ္ပ်က္ေနပါတယ္။

ယခုအခါဘာစီလိုနာဘုတ္အဖြဲ႕ကေရာ္နယ္ကိုးမန္းအားလာမယ့္ပြဲသုံးပြဲတြင္ရလဒ္ေကာင္းမရယူႏိုင္ပါကထုတ္ပယ္ရမည္ဟုသတိေပးမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။ဘာစီလိုနာဟာလာမယ့္ပြဲသုံးပြဲအျဖစ္ဂရန္နာဒါ၊ကာဒစ္ဇ္ႏွင့္လီဗန္ေတးတို႔ကိုရင္ဆိုင္ကစားရပါမယ္။

ကိုးမန္းဟာ၂၀၂၀ခုႏွစ္တုန္းကဘာစီလိုနာသို႔ ၂ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာသူျဖစ္ၿပီးေႏြရာသီတုန္းကတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးထားပါတယ္။