ဘာကာနှင့်ဆွေးနွေးစဉ်အတွင်း သူငယ်ချင်းအရင်းခေါက်ခေါက်ပီကေးရဲ့နောက်ကျောဓားနှင့်ထိုးခြင်းခံခဲ့ရတဲ့မက်ဆီ

လီယွန်နယ်မက်ဆီဟာနွေရာသီတုန်းကဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာနှင့်ဆွေးနွေးနေစဉ်အတွင်းကစားဖော်နှင့်အခင်ဆုံးသူငယ်ချင်းဂါရတ်ပီကေးရဲ့သစ္စာဖောက်ခြင်းခံရကာ နူးကမ့်မှထွက်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။

မက်ဆီဟာနွေရာသီတုန်းကဘဏ္ဍာရေးအကြပ်အတည်းဖြင့်ကြုံနေရတဲ့ဘာစီလိုနာတွင်ဆက်ကစားနိုင်ရေးအတွက်အစွမ်းကုန်လုပ်ဆောင်ပေးရန်ဆုံးဖြတ်ထားခဲ့သူလည်းဖြစ်ပါတယ်။သူဟာလုပ်ခအမြောက်အမြားလျှော့ယူပြီးစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်ထားခဲ့ပေမယ့်လည်းစာချုပ်သစ်မချုပ်ဆိုင်မှုနဲ့အတူပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ရပါတယ်။

မက်ဆီနှင့်ဘာစီလိုနာတို့ဆွေးနွေးနေစဉ်အတွင်းတွင်ပီကေးက Ballon d’Or ခြောက်ကြိမ်ရကစားသမားကိုလက်လွှတ်လိုက်ပါကလည်းအသင်းအတွက်တစ်စုံတစ်ရာထိခိုက်လာမှုမဟုတ်ကြောင်းကိုနောက်ကွယ်တွင်ဘာစီလိုနာဥက္ကဌလာပေါ်တာအားသွေးထိုးပြောကြားခဲ့ပါတယ်။

စပိန်သတင်းစာ Sport ရဲ့ဒါရိုက်တာလူးဝစ်မာစကာရိုက “ပီကေးကလာပေါ်တာကို သူ(မက်ဆီ)မရှိရင်လည်းဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့တာမက်ဆီသိပါတယ်။ဘယ်နေရာ၊ဘယ်အချိန်မှာပြောခဲ့တယ်ဆိုတာကိုတော့မသိပါဘူး။ဒါပေမယ့်နံပါတ်၃ကစားသမား(ပီကေး)ဟာသူ့အမြင်ကိုပြောခဲ့တာကတော့သေချာပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဆီထွက်ခွာသွားပြီးနောက်ဘာစီလိုနာဥက္ကဌလာပေါ်တာကအသက်၃၄နှစ်ရှိမက်ဆီမှာဘာစီလိုနာအတွက်အခမဲ့ကစားပေးလိမ့်မယ်လို့မျှော်လင့်ခဲ့ကြောင်းဖွင့်ဟခဲ့ပါတယ်။

ဒါပေမယ့်မက်ဆီကတော့ “အမှန်ပြောပါမယ်။ဆက်ကစားနိုင်ဖို့ကျွန်တော်အစွမ်းကုန်လုပ်ခဲ့တယ်။အခမဲ့ကစားပေးဖို့တော့မပြောခဲ့ပါဘူး။လုပ်ခ၅၀ရာခိုင်နှုန်းဘဲပေးဖို့ပြောခဲ့တယ်။ဘာပြဿနာမှမရှိဘဲလုပ်ပေးနိုင်တယ်။ကျွန်တော့်ဘက်ကဘာစီလိုနာကိုကူညီချင်တယ်။ကျွန်တော်ကိုယ်တိုင်ရောမိသားစုပါဘာစီလိုနာမှာဆက်နေချင်တယ်။ဥက္ကဌပြောတဲ့စကားကကျွန်တော့်ကိုနစ်နာစေတယ်။နာကျင်စေပါတယ်။လာပေါ်တာဟာကျွန်တော့်ဆီကဘောလုံးယူသွားပြီးဘာလုပ်ရမှန်းမသိသလိုပဲ။သူကမရှိတာကိုအရှိလုပ်ပြီးပြောနေတာ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘာကာႏွင့္ေဆြးေႏြးစဥ္အတြင္း သူငယ္ခ်င္းအရင္းေခါက္ေခါက္ပီေကးရဲ႕ေနာက္ေက်ာဓားႏွင့္ထိုးျခင္းခံခဲ့ရတဲ့မက္ဆီ

လီယြန္နယ္မက္ဆီဟာေႏြရာသီတုန္းကဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာႏွင့္ေဆြးေႏြးေနစဥ္အတြင္းကစားေဖာ္ႏွင့္အခင္ဆုံးသူငယ္ခ်င္းဂါရတ္ပီေကးရဲ႕သစၥာေဖာက္ျခင္းခံရကာ ႏူးကမ့္မွထြက္ခြာခဲ့ရျခင္းျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီဟာေႏြရာသီတုန္းကဘ႑ာေရးအၾကပ္အတည္းျဖင့္ႀကဳံေနရတဲ့ဘာစီလိုနာတြင္ဆက္ကစားႏိုင္ေရးအတြက္အစြမ္းကုန္လုပ္ေဆာင္ေပးရန္ဆုံးျဖတ္ထားခဲ့သူလည္းျဖစ္ပါတယ္။သူဟာလုပ္ခအေျမာက္အျမားေလွ်ာ့ယူၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ထားခဲ့ေပမယ့္လည္းစာခ်ဳပ္သစ္မခ်ဳပ္ဆိုင္မႈနဲ႔အတူပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့ရပါတယ္။

မက္ဆီႏွင့္ဘာစီလိုနာတို႔ေဆြးေႏြးေနစဥ္အတြင္းတြင္ပီေကးက Ballon d’Or ေျခာက္ႀကိမ္ရကစားသမားကိုလက္လႊတ္လိုက္ပါကလည္းအသင္းအတြက္တစ္စုံတစ္ရာထိခိုက္လာမႈမဟုတ္ေၾကာင္းကိုေနာက္ကြယ္တြင္ဘာစီလိုနာဥကၠဌလာေပၚတာအားေသြးထိုးေျပာၾကားခဲ့ပါတယ္။

စပိန္သတင္းစာ Sport ရဲ႕ဒါ႐ိုက္တာလူးဝစ္မာစကာ႐ိုက “ပီေကးကလာေပၚတာက သူမရင္လည္းဘာမွျဖစ္လာမွာမဟုတ္ဘူးလို႔ေျပာခဲ့တာမက္ဆီသိပါတယ္။ဘယ္ေနရာ၊ဘယ္အခ်ိန္မွာေျပာခဲ့တယ္ဆိုတာကိုေတာ့မသိပါဘူး။ဒါေပမယ့္နံပါတ္၃ကစားသမား(ပီေကး)ဟာသူ႔အျမင္ကိုေျပာခဲ့တာကေတာ့ေသခ်ာပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မက္ဆီထြက္ခြာသြားၿပီးေနာက္ဘာစီလိုနာဥကၠဌလာေပၚတာကအသက္၃၄ႏွစ္ရွိမက္ဆီမွာဘာစီလိုနာအတြက္အခမဲ့ကစားေပးလိမ့္မယ္လို႔ေမွ်ာ္လင့္ခဲ့ေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ဒါေပမယ့္မက္ဆီကေတာ့ “အမွန္ေျပာပါမယ္။ဆက္ကစားႏိုင္ဖို႔ကြၽန္ေတာ္အစြမ္းကုန္လုပ္ခဲ့တယ္။အခမဲ့ကစားေပးဖို႔ေတာ့မေျပာခဲ့ပါဘူး။လုပ္ခ၅၀ရာခိုင္ႏႈန္းဘဲေပးဖို႔ေျပာခဲ့တယ္။ဘာျပႆနာမွမရွိဘဲလုပ္ေပးႏိုင္တယ္။ကြၽန္ေတာ့္ဘက္ကဘာစီလိုနာကိုကူညီခ်င္တယ္။ကြၽန္ေတာ္ကိုယ္တိုင္ေရာမိသားစုပါဘာစီလိုနာမွာဆက္ေနခ်င္တယ္။ဥကၠဌေျပာတဲ့စကားကကြၽန္ေတာ့္ကိုနစ္နာေစတယ္။နာက်င္ေစပါတယ္။လာေပၚတာဟာကြၽန္ေတာ့္ဆီကေဘာလုံးယူသြားၿပီးဘာလုပ္ရမွန္းမသိသလိုပဲ။သူကမရွိတာကိုအရွိလုပ္ၿပီးေျပာေနတာ”လို႔ေျပာၾကားသြားပါတယ္။