ဘာကာနှင့်ပွဲတွင် စောဒကတက်ခဲ့တဲ့ အဲရစ်တန်ဟက်အဝါကတ်ပြသခံရပြီးနောက် ဒိုင်လူကြီးကို ယူနိုက်တက်ပရိသတ်များ ပေါက်ကွဲ

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာမနေ့ညတုန်းကဘာစီလိုနာနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာဒေါသထိန်းချုပ်နိုင်ခဲ့ခြင်းမရှိမှုနဲ့အတူအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်ကိုကျူးလွန်တဲ့အဖြစ်အပျက်အတွက်ပြစ်ဒဏ်ဘောမပေးပေမဲ့လည်းယင်းသို့အဖြစ်အပျက်မျိုးအတွက်ဘာစီလိုနာကိုပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာကက်စ်မီရိုကိုအဝါကတ်ပြသမှုအပေါ်ဒေါသထွက်ကာစည်းကြပ်ဒိုင်နှင့်ဒိုင်လူကြီးတို့အားစောဒကတက်ခဲ့ပါတယ်။

ဒိုင်လူကြီးမာရီယာနီဟာဒေါသတကြီးစောဒကတက်ခဲ့တဲ့အဲရစ်တန်ဟက်ကိုအဝါကတ်ပြသခဲ့ပါတယ်။

အစောပိုင်းတုန်းကမားကပ်စ်ရက်ဖို့ဒ်ဟာဂိုးသွင်းနိုင်တဲ့အနေအထားမျိုးရှိနေခဲ့ပေမဲ့လည်းဘာစီလိုနာဧရိယာထိပ်မှာပြစ်ဒဏ်ကျူးလွန်ခဲ့ရပေမဲ့ ဒိုင်လူကြီးမျက်ကွယ်ပြုခဲ့ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ပရိသတ်များဟာဒိုင်လူကြီးမာရီယာနီရဲ့ဆုံးဖြတ်ချက်များကိုအပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးက “တကယ့်ကိုရယ်စရာကောင်းတဲ့ဒိုင်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “တကယ့်ရယ်စရာပဲ။ဘာကာကိုတော့ဂိုးသွင်းနိုင်မဲ့အခွင့်အရေးပေးတယ်။ငိုးမသောက်ဒိုင်”လို့ဆိုသွားပါတယ်။

မနေ့ညကဘာစီလိုနာနှင့်၂ဂိုးစီသရေကျတဲ့ပွဲအပြီးတွင်ရက်ဖို့ဒ်ကလည်းကွန်ဒီရဲ့အတိုင်းသားပြစ်ဒဏ်ကျူးလွန်ခံရမှုကိုဖရီးကစ်မပေးခဲ့တဲ့ဒိုင်လူကြီးအား ဝေဖန်သွားခဲ့ပါတယ်။

ရက်ဖို့ဒ်က “အဲဒီအဖြစ်အပျက်ကပွဲမှာဖြစ်ခဲ့တဲ့ကြီးမားတဲ့အဖြစ်အပျက်ပါ။လက်ထောက်ဒိုင်နဲ့ဒိုင်လူကြီးတို့ဟာကျွန်တော်လဲကျသွားတယ်လို့ဘယ်လိုတွေးကြသလဲဆိုတာနားမလည်နိုင်အောင်ဖြစ်ရတယ်။သူ့ကိုကျော်ဖို့ဘောလုံးထိလိုက်တယ်။သူကနောက်ကလှမ်းချိတ်တာ။ထိသွားတယ်ဆိုတာရှင်းရှင်းလေးပါ။ပြစ်ဒဏ်ဘော၁၀၀ရာခိုင်နှုန်းသေချာတယ်”လို့ဆိုသွားပါတယ်။

ZawGyi

ဘာကာႏွင့္ပြဲတြင္ ေစာဒကတက္ခဲ့တဲ့ အဲရစ္တန္ဟက္အဝါကတ္ျပသခံရၿပီးေနာက္ ဒိုင္လူႀကီးကို ယူႏိုက္တက္ပရိသတ္မ်ား ေပါက္ကြဲ

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာမေန႔ညတုန္းကဘာစီလိုနာႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာေဒါသထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းမရွိမႈနဲ႔အတူအဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာယူႏိုက္တက္တိုက္စစ္မႉးမားကပ္စ္ရက္ဖို႔ဒ္ကိုက်ဴးလြန္တဲ့အျဖစ္အပ်က္အတြက္ျပစ္ဒဏ္ေဘာမေပးေပမဲ့လည္းယင္းသို႔အျဖစ္အပ်က္မ်ိဳးအတြက္ဘာစီလိုနာကိုျပစ္ဒဏ္ေဘာေပးခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာကက္စ္မီ႐ိုကိုအဝါကတ္ျပသမႈအေပၚေဒါသထြက္ကာစည္းၾကပ္ဒိုင္ႏွင့္ဒိုင္လူႀကီးတို႔အားေစာဒကတက္ခဲ့ပါတယ္။

ဒိုင္လူႀကီးမာရီယာနီဟာေဒါသတႀကီးေစာဒကတက္ခဲ့တဲ့အဲရစ္တန္ဟက္ကိုအဝါကတ္ျပသခဲ့ပါတယ္။

အေစာပိုင္းတုန္းကမားကပ္စ္ရက္ဖို႔ဒ္ဟာဂိုးသြင္းႏိုင္တဲ့အေနအထားမ်ိဳးရွိေနခဲ့ေပမဲ့လည္းဘာစီလိုနာဧရိယာထိပ္မွာျပစ္ဒဏ္က်ဴးလြန္ခဲ့ရေပမဲ့ ဒိုင္လူႀကီးမ်က္ကြယ္ျပဳခဲ့ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ပရိသတ္မ်ားဟာဒိုင္လူႀကီးမာရီယာနီရဲ႕ဆုံးျဖတ္ခ်က္မ်ားကိုအျပင္းအထန္ေဝဖန္ခဲ့ၾကပါတယ္။

ယူႏိုက္တက္ပရိသတ္တစ္ဦးက “တကယ့္ကိုရယ္စရာေကာင္းတဲ့ဒိုင္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “တကယ့္ရယ္စရာပဲ။ဘာကာကိုေတာ့ဂိုးသြင္းႏိုင္မဲ့အခြင့္အေရးေပးတယ္။ငိုးမေသာက္ဒိုင္”လို႔ဆိုသြားပါတယ္။

မေန႔ညကဘာစီလိုနာႏွင့္၂ဂိုးစီသေရက်တဲ့ပြဲအၿပီးတြင္ရက္ဖို႔ဒ္ကလည္းကြန္ဒီရဲ႕အတိုင္းသားျပစ္ဒဏ္က်ဴးလြန္ခံရမႈကိုဖရီးကစ္မေပးခဲ့တဲ့ဒိုင္လူႀကီးအား ေဝဖန္သြားခဲ့ပါတယ္။

ရက္ဖို႔ဒ္က “အဲဒီအျဖစ္အပ်က္ကပြဲမွာျဖစ္ခဲ့တဲ့ႀကီးမားတဲ့အျဖစ္အပ်က္ပါ။လက္ေထာက္ဒိုင္နဲ႔ဒိုင္လူႀကီးတို႔ဟာကြၽန္ေတာ္လဲက်သြားတယ္လို႔ဘယ္လိုေတြးၾကသလဲဆိုတာနားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။သူ႔ကိုေက်ာ္ဖို႔ေဘာလုံးထိလိုက္တယ္။သူကေနာက္ကလွမ္းခ်ိတ္တာ။ထိသြားတယ္ဆိုတာရွင္းရွင္းေလးပါ။ျပစ္ဒဏ္ေဘာ၁၀၀ရာခိုင္ႏႈန္းေသခ်ာတယ္”လို႔ဆိုသြားပါတယ္။