ဘာကာနှင့်အက်သလက်တီကိုအကြား အပြောင်းအရွှေ့ဆွေးနွေးမှုအပေါ် ဂရက်ဇ်မန်း အသိပေးခြင်းမခံရ

ဘာစီလိုနာဟာအန်တိုနီဂရက်ဇ်မန်းအားအသင်းဟောင်းအက်သလက်တီကိုမက်ဒရစ်သို့ပြန်ပို့ရန်ဆွေးနွေးနေသော်လည်းကစားသမားဖြစ်သူအားအသိပေးအကြောင်းကြားခဲ့ခြင်းမရှိကြောင်းသိရပါတယ်။

ဂရက်ဇ်မန်းဟာ၂၀၁၉ခုနှစ်တွင်အက်သလက်တီမှဘာစီလိုနာသို့ပြောင်းခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်ဂရက်ဇ်မန်းဟာဘာစီလိုနာမှာထင်မှတ်ထားသကဲ့သို့မဖြစ်လာပါဘူး။

အစောပိုင်းတုန်းကမက်ဆီ ထွက်ခွာနိုင်ခြေရှိမှုနဲ့အတူဂရက်ဇ်မန်းဟာနူးကမ့်မှာသူ့စိတ်ကြိုက်နေရာမှာကစားရတော့မယ်ဆိုပြီးကျေနပ်နေခဲ့ပါတယ်။ဒါပေမယ့်မက်ဆီဟာဘာစီလိုနာနှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုရန်အကြမ်းဖျင်းသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

တစ်ဖက်တွင်ဘာစီလိုနာဟာအသင်းရဲ့အသုံးစရိတ်လျှော့ချနိုင်ရေးအတွက်ဂရက်ဇ်မန်းကိုအသင်းဟောင်းအက်သလက်တီကိုသို့ပြန်ပို့ရန်ဆွေးနွေးနေပါတယ်။ဘာစီလိုနာဟာနီဂယ်ဆောလ်နှင့်ဂရက်ဇ်မန်းကိုအလဲအထပ်လုပ်ရန်အက်သလက်တီကိုနှင့်ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းစပိန်မီဒီယာများရဲ့ဖော်ပြချက်အရဂရက်ဇ်မန်းဟာသူ့အပြောင်းအရွှေ့အားဆွေးနွေးနေမှုအပေါ်ဘာစီလိုနာကပြင်သစ်ကစားသမားကိုတစ်စုံတစ်ရာအသိပေးခြင်းမရှိကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးအကြပ်အတည်းကြောင့်အသစ်ခေါ်ယူထားတဲ့အဂွဲရိုး၊အဲရစ်ဂါစီယာ၊အီမာဆင်၊ဒီပေးတို့အားမှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။

ဂရက်ဇ်မန်းဟာဘာစီလိုနာမှာတစ်ပတ်လုပ်ခပေါင်၇သိန်းကျော်ရရှိနေရာအက်သလက်တီကိုအတွက်ယင်းလုပ်ခမှာအလွန်များပြားနေပါတယ်။

တစ်ဖက်တွင်ချဲလ်ဆီးကလည်းဂရက်ဇ်မန်းကိုအငှားဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေပါသေးတယ်။ချဲလ်ဆီးဟာဟာလန်းအားခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ပြီးနောက်ဂရက်ဇ်မန်းကိုပစ်မှတ်ထားလာတာဖြစ်ပါတယ်။

ZawGyi

ဘာကာႏွင့္အက္သလက္တီကိုအၾကား အေျပာင္းအေ႐ႊ႕ေဆြးေႏြးမႈအေပၚ ဂရက္ဇ္မန္း အသိေပးျခင္းမခံရ

ဘာစီလိုနာဟာအန္တိုနီဂရက္ဇ္မန္းအားအသင္းေဟာင္းအက္သလက္တီကိုမက္ဒရစ္သို႔ျပန္ပို႔ရန္ေဆြးေႏြးေနေသာ္လည္းကစားသမားျဖစ္သူအားအသိေပးအေၾကာင္းၾကားခဲ့ျခင္းမရွိေၾကာင္းသိရပါတယ္။

ဂရက္ဇ္မန္းဟာ၂၀၁၉ခုႏွစ္တြင္အက္သလက္တီမွဘာစီလိုနာသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ဂရက္ဇ္မန္းဟာဘာစီလိုနာမွာထင္မွတ္ထားသကဲ့သို႔မျဖစ္လာပါဘူး။

အေစာပိုင္းတုန္းကမက္ဆီ ထြက္ခြာႏိုင္ေျခရွိမႈနဲ႔အတူဂရက္ဇ္မန္းဟာႏူးကမ့္မွာသူ႔စိတ္ႀကိဳက္ေနရာမွာကစားရေတာ့မယ္ဆိုၿပီးေက်နပ္ေနခဲ့ပါတယ္။ဒါေပမယ့္မက္ဆီဟာဘာစီလိုနာႏွင့္ငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အၾကမ္းဖ်င္းသေဘာတူညီမႈရရွိသြားၿပီျဖစ္ပါတယ္။

တစ္ဖက္တြင္ဘာစီလိုနာဟာအသင္းရဲ႕အသုံးစရိတ္ေလွ်ာ့ခ်ႏိုင္ေရးအတြက္ဂရက္ဇ္မန္းကိုအသင္းေဟာင္းအက္သလက္တီကိုသို႔ျပန္ပို႔ရန္ေဆြးေႏြးေနပါတယ္။ဘာစီလိုနာဟာနီဂယ္ေဆာလ္ႏွင့္ဂရက္ဇ္မန္းကိုအလဲအထပ္လုပ္ရန္အက္သလက္တီကိုႏွင့္ေဆြးေႏြးေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္းစပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဂရက္ဇ္မန္းဟာသူ႔အေျပာင္းအေ႐ႊ႕အားေဆြးေႏြးေနမႈအေပၚဘာစီလိုနာကျပင္သစ္ကစားသမားကိုတစ္စုံတစ္ရာအသိေပးျခင္းမရွိေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးအၾကပ္အတည္းေၾကာင့္အသစ္ေခၚယူထားတဲ့အဂြဲ႐ိုး၊အဲရစ္ဂါစီယာ၊အီမာဆင္၊ဒီေပးတို႔အားမွတ္ပုံတင္ႏိုင္ျခင္းမရွိေသးပါဘူး။

ဂရက္ဇ္မန္းဟာဘာစီလိုနာမွာတစ္ပတ္လုပ္ခေပါင္၇သိန္းေက်ာ္ရရွိေနရာအက္သလက္တီကိုအတြက္ယင္းလုပ္ခမွာအလြန္မ်ားျပားေနပါတယ္။

တစ္ဖက္တြင္ခ်ဲလ္ဆီးကလည္းဂရက္ဇ္မန္းကိုအငွားျဖင့္ေခၚယူရန္စိတ္ဝင္စားေနပါေသးတယ္။ခ်ဲလ္ဆီးဟာဟာလန္းအားေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ၿပီးေနာက္ဂရက္ဇ္မန္းကိုပစ္မွတ္ထားလာတာျဖစ္ပါတယ္။