ဘာကာဘုတ်အဖွဲ့အသစ်နှင့်ဆွေးနွေးပြီးနောက် စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်နီးစပ်နေပြီဖြစ်ကြောင်းဘာစီလိုနာဂန္ထဝင် ကစားသမားရီဗယ်ဒိုကပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာပြီးခဲ့တဲ့နွေရာသီတုန်းကအသင်းပြောင်းခွင့်တောင်းဆိုခဲ့ဖူးသူဖြစ်ပါတယ်။မက်ဆီဟာအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်တယ်လို့ယူဆကာအသင်းပြောင်းခွင့် တောင်းဆိုခဲ့တာဖြစ်ပြီးနောက်ပိုင်းတွင်ပြန်လည်ရုတ်သိမ်းကာဆက်ကစားရန်ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့နွေရာသီတုန်းကမက်ဆီသို့ရောက်လုနီးပါးအနေအထားမှာအထိရှိခဲ့ပြီးလက်ရှိအချိန်တွင်လည်းမန်စီးတီး၊ပီအက်စ်ဂျီနှင့်အင်တာမီယာမီတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရပါတယ်။

ဒါပေမယ့်အသက်၄၇နှစ်ရှိရီဗယ်ဒိုကအသက်၃၃နှစ်ရှိဘာစီလိုနာအသင်းခေါင်းဆောင်မှာဥက္ကဌသစ် ဂျိုဟန်လာပေါ်တာနှင့်ဆွေးနွေးမှုနဲ့အတူဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်နီးစပ်နေပြီဖြစ်ပါတယ်။

ရီဗယ်ဒိုက “မက်ဆီဟာသူကောင်းကောင်းသိတဲ့လာပေါ်တာရောက်လာပြီးတဲ့နောက်ပိုပျော်လာသလိုကလပ်တာဝန်ရှိသူတွေနဲ့လည်းပိုမိုအချိတ်အဆက်မိလာပါတယ်။ဒါကြောင့်ကျွန်တော်ကတော့မက်ဆီဟာဘုတ်အဖွဲ့သစ်နဲ့သဘောတူညီမှုရရှိလိမ့်မယ်လို့ယုံကြည်နေပါတယ်။မက်ဆီကဥက္ကဌသစ်အပေါ်မှာလည်းယုံကြည်မှုအများကြီးရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ဘာကာဘုတ္အဖြဲ႕အသစ္ႏွင့္ေဆြးေႏြးၿပီးေနာက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္နီးစပ္ေနၿပီျဖစ္ေၾကာင္းဘာစီလိုနာဂႏၴဝင္ ကစားသမားရီဗယ္ဒိုကေျပာၾကားလိုက္ပါတယ္။

အာဂ်င္တီးနားစူပါစတားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ဖူးသူျဖစ္ပါတယ္။မက္ဆီဟာအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္တယ္လို႔ယူဆကာအသင္းေျပာင္းခြင့္ ေတာင္းဆိုခဲ့တာျဖစ္ၿပီးေနာက္ပိုင္းတြင္ျပန္လည္႐ုတ္သိမ္းကာဆက္ကစားရန္ဆုံးျဖတ္ခဲ့သူလည္းျဖစ္ပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကမက္ဆီသို႔ေရာက္လုနီးပါးအေနအထားမွာအထိရွိခဲ့ၿပီးလက္ရွိအခ်ိန္တြင္လည္းမန္စီးတီး၊ပီအက္စ္ဂ်ီႏွင့္အင္တာမီယာမီတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရပါတယ္။

ဒါေပမယ့္အသက္၄၇ႏွစ္ရွိရီဗယ္ဒိုကအသက္၃၃ႏွစ္ရွိဘာစီလိုနာအသင္းေခါင္းေဆာင္မွာဥကၠဌသစ္ ဂ်ိဳဟန္လာေပၚတာႏွင့္ေဆြးေႏြးမႈနဲ႔အတူဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္နီးစပ္ေနၿပီျဖစ္ပါတယ္။

ရီဗယ္ဒိုက “မက္ဆီဟာသူေကာင္းေကာင္းသိတဲ့လာေပၚတာေရာက္လာၿပီးတဲ့ေနာက္ပိုေပ်ာ္လာသလိုကလပ္တာဝန္ရွိသူေတြနဲ႔လည္းပိုမိုအခ်ိတ္အဆက္မိလာပါတယ္။ဒါေၾကာင့္ကြၽန္ေတာ္ကေတာ့မက္ဆီဟာဘုတ္အဖြဲ႕သစ္နဲ႔သေဘာတူညီမႈရရွိလိမ့္မယ္လို႔ယုံၾကည္ေနပါတယ္။မက္ဆီကဥကၠဌသစ္အေပၚမွာလည္းယုံၾကည္မႈအမ်ားႀကီးရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။