ဘာကာမှထွက်ခွာရမည်ဟုသိရစဉ်တုန်းက ဇနီးသည်နှင့်အတူ ငိုခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီကဘာစီလိုနာကစားသမားဘဝအဆုံးသတ်ကြောင်းသိရစဉ်တုန်းက၎င်းနှင့်ဇနီးသည်အန်တိုနယ်လီရိုကူဇိုနှင့်အတူငိုခဲ့ကြရကြောင်းဖွင့်ဟလာပါတယ်။

ဖခင်ဖြစ်သူဂျော့ဟာဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာနဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်လီယွန်နယ်မက်ဆီထံသို့သတင်းဆိုးသယ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီနှင့်ဇနီးသည်တို့ဟာဖခင်ဖြစ်သူသယ်ဆောင်လာတဲ့သတင်းကြောင့်အကြီးအကျယ်တုန်လှုပ်ခဲ့ကြသလိုယင်းသတင်းဆိုးအားကလေးများအားဖွင့်ပြောရမည်ကိုကြောက်လန့်နေခဲ့ကြပါတယ်။

မက်ဆီက “အိမ်မှာကျွန်တော့်အဖေကအဲဒီသတင်းကိုပြောခဲ့တာပါ။သူကဂျိုဟန်လာပေါ်တာနဲ့သွားခဲ့ပါတယ်။ပြီးတော့ပြန်လာပြီးကျွန်တော့်ကိုပြောပြပါတယ်။ပြီးတော့သူကအန်တိုနီလီနဲ့ကလေးတွေကိုမပျော်ခင်ပြင်ဆင်ထားဖို့ပြောပါတယ်။သူမကိုပြောပြပြီးတဲ့နောက်ကျွန်တော်တို့ငိုခဲ့ကြတယ်။ကျွန်တော်တို့အရမ်းတုန်လှုပ်နေခဲ့ကြပါတယ်။ကလေးတွေကိုဒီသတင်းကိုဘယ်လိုပြောမလဲဆိုတာအကောင်းဆုံးနည်းလမ်းကိုစဉ်းစားခဲ့ကြပါတယ်။ဒီဇင်ဘာလတုန်းကသူတို့ကိုဒီမှာဘဲဆက်နေမယ်လို့ပြောထားခဲ့တာပါ။အထူးသဖြင့်တီယာဂိုအတွက်တုန်လှုပ်စရာသတင်းဖြစ်နေမယ်ဆိုတာသိခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

တီယာဂိုမှာမက်ဆီရဲ့အကြီးဆုံးသားဖြစ်ပြီးအသက်၈နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ဒါပေမယ့်ဘာစီလိုနာဂန္ထဝင်ကစားသမားကပဲရစ်သို့ပြောင်းရွှေ့မှုကြောင့်သားဖြစ်သူအတွက်များစွာအကျိုးရှိလာမယ်လို့လည်းယုံကြည်နေပါတယ်။

ဆက်လက်ပြီးမက်ဆီက “တီယာဂိုကကျွန်တော်တို့ရင်ဘတ်ထဲမှာဘယ်လောက်နာကျင်နေတယ်ဆိုတာသိပါတယ်။ဒါပေမယ့်အဆိုးရွားကြီးဖြစ်မလာပါဘူး။သူကလည်းအားလုံးလိုဘဲဟန်ချက်ညီအောင်လုပ်သွားပါလိမ့်မယ်။သူ့အတွက်အတွေ့အကြုံအသစ်ဖြစ်လာမှာပါ။သူ့ရဲ့ပုဂ္ဂိုလ်ရေးပိုင်းပိုကောင်းလာမှာပါ။ဘာစီလိုနာကအဲဒီသတင်းကိုပြောလာတဲ့အချိန်မှာဘာလုပ်လို့လုပ်ရမှန်းတောင်မသိသွားခဲ့ပါဘူး။ဘယ်မှလည်းသွားစရာမရှိဘူး။မသေချာတာတွေအများကြီးပါ။တွေးပြီးစိုးရိမ်ခဲ့ရတာတွေအများကြီးပါ။ဘယ်ကိုသွားပြီးဘယ်မှာစတင်ရမှာလဲ။မိသားစုအတွက်လည်းကသောင်းကနင်းနိုင်သွားပါတယ်။အားလုံးနှုတ်ဆက်ချိန်တုန်းကဆိုအရမ်းခက်ခဲတယ်။ဒါပေမယ့်ပီအက်စ်ဂျီနဲ့သဘောတူညီမှုရသွားတဲ့အချိန်မှာတော့အနာဂတ်ကိုကျွန်တော်ကြည့်လာနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဆီဟာပီအက်စ်ဂျီနှင့်၂နှစ်စာချုပ်ချုပ်ဆိုထားပြီးစာချုပ်အတွင်းမှာနောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။မက်ဆီဟာပီအက်စ်ဂျီမှတစ်နှစ်လုပ်ခပေါင်၂၅သန်းရရှိမှာဖြစ်ပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့မှုကြောင့်လက်မှတ်ရေးထိုးကြေးပေါင်၂၅သန်းလည်းရရှိခဲ့ပါတယ်။

ZawGyi

ဘာကာမွထြက္ခြာရမည္ဟုသိရစဥ္တုန္းက ဇနီးသည္ႏွင့္အတူ ငိုခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီကဘာစီလိုနာကစားသမားဘဝအဆုံးသတ္ေၾကာင္းသိရစဥ္တုန္းက၎ႏွင့္ဇနီးသည္အန္တိုနယ္လီ႐ိုကူဇိုႏွင့္အတူငိုခဲ့ၾကရေၾကာင္းဖြင့္ဟလာပါတယ္။

ဖခင္ျဖစ္သူေဂ်ာ့ဟာဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာနဲ႔ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္လီယြန္နယ္မက္ဆီထံသို႔သတင္းဆိုးသယ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီႏွင့္ဇနီးသည္တို႔ဟာဖခင္ျဖစ္သူသယ္ေဆာင္လာတဲ့သတင္းေၾကာင့္အႀကီးအက်ယ္တုန္လႈပ္ခဲ့ၾကသလိုယင္းသတင္းဆိုးအားကေလးမ်ားအားဖြင့္ေျပာရမည္ကိုေၾကာက္လန႔္ေနခဲ့ၾကပါတယ္။

မက္ဆီက “အိမ္မွာကြၽန္ေတာ့္အေဖကအဲဒီသတင္းကိုေျပာခဲ့တာပါ။သူကဂ်ိဳဟန္လာေပၚတာနဲ႔သြားခဲ့ပါတယ္။ၿပီးေတာ့ျပန္လာၿပီးကြၽန္ေတာ့္ကိုေျပာျပပါတယ္။ၿပီးေတာ့သူကအန္တိုနီလီနဲ႔ကေလးေတြကိုမေပ်ာ္ခင္ျပင္ဆင္ထားဖို႔ေျပာပါတယ္။သူမကိုေျပာျပၿပီးတဲ့ေနာက္ကြၽန္ေတာ္တို႔ငိုခဲ့ၾကတယ္။ကြၽန္ေတာ္တို႔အရမ္းတုန္လႈပ္ေနခဲ့ၾကပါတယ္။ကေလးေတြကိုဒီသတင္းကိုဘယ္လိုေျပာမလဲဆိုတာအေကာင္းဆုံးနည္းလမ္းကိုစဥ္းစားခဲ့ၾကပါတယ္။ဒီဇင္ဘာလတုန္းကသူတို႔ကိုဒီမွာဘဲဆက္ေနမယ္လို႔ေျပာထားခဲ့တာပါ။အထူးသျဖင့္တီယာဂိုအတြက္တုန္လႈပ္စရာသတင္းျဖစ္ေနမယ္ဆိုတာသိခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

တီယာဂိုမွာမက္ဆီရဲ႕အႀကီးဆုံးသားျဖစ္ၿပီးအသက္၈ႏွစ္အ႐ြယ္ရွိၿပီျဖစ္ပါတယ္။ဒါေပမယ့္ဘာစီလိုနာဂႏၴဝင္ကစားသမားကပဲရစ္သို႔ေျပာင္းေ႐ႊ႕မႈေၾကာင့္သားျဖစ္သူအတြက္မ်ားစြာအက်ိဳးရွိလာမယ္လို႔လည္းယုံၾကည္ေနပါတယ္။

ဆက္လက္ၿပီးမက္ဆီက “တီယာဂိုကကြၽန္ေတာ္တို႔ရင္ဘတ္ထဲမွာဘယ္ေလာက္နာက်င္ေနတယ္ဆိုတာသိပါတယ္။ဒါေပမယ့္အဆိုး႐ြားႀကီးျဖစ္မလာပါဘူး။သူကလည္းအားလုံးလိုဘဲဟန္ခ်က္ညီေအာင္လုပ္သြားပါလိမ့္မယ္။သူ႔အတြက္အေတြ႕အႀကဳံအသစ္ျဖစ္လာမွာပါ။သူ႔ရဲ႕ပုဂၢိဳလ္ေရးပိုင္းပိုေကာင္းလာမွာပါ။ဘာစီလိုနာကအဲဒီသတင္းကိုေျပာလာတဲ့အခ်ိန္မွာဘာလုပ္လို႔လုပ္ရမွန္းေတာင္မသိသြားခဲ့ပါဘူး။ဘယ္မွလည္းသြားစရာမရွိဘူး။မေသခ်ာတာေတြအမ်ားႀကီးပါ။ေတြးၿပီးစိုးရိမ္ခဲ့ရတာေတြအမ်ားႀကီးပါ။ဘယ္ကိုသြားၿပီးဘယ္မွာစတင္ရမွာလဲ။မိသားစုအတြက္လည္းကေသာင္းကနင္းႏိုင္သြားပါတယ္။အားလုံးႏႈတ္ဆက္ခ်ိန္တုန္းကဆိုအရမ္းခက္ခဲတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီနဲ႔သေဘာတူညီမႈရသြားတဲ့အခ်ိန္မွာေတာ့အနာဂတ္ကိုကြၽန္ေတာ္ၾကည့္လာႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီႏွင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးစာခ်ဳပ္အတြင္းမွာေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။မက္ဆီဟာပီအက္စ္ဂ်ီမွတစ္ႏွစ္လုပ္ခေပါင္၂၅သန္းရရွိမွာျဖစ္ၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕မႈေၾကာင့္လက္မွတ္ေရးထိုးေၾကးေပါင္၂၅သန္းလည္းရရွိခဲ့ပါတယ္။