ဘာကာမှ ထွက်ခွာပြီးနောက် ချက်ချင်းဆိုသလို ကိုးမန်းကို တိုက်ခိုက်လာတဲ့ ပီယာနစ်

မီရာလမ်ပီယာနစ်ဟာဘာစီလိုနာမှထွက်ခွာကာဘီဆစ်တပ်သို့တစ်ရာသီအငှားဖြင့်ပြောင်းရွှေ့သွားပြီးနောက်ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းအားမိမိအပေါ်တွင်လေးစားမှုမရှိသူဟုဝေဖန်ပြောကြားလိုက်ပါတယ်။

ပီယာနစ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဂျူဗင်တပ်မှဘာစီလိုနာသို့ပြောင်းရွှေ့ကြေးပေါင်၅၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပြီးကိုးမန်းလက်အောက်တွင်လာလီဂါပွဲ၆ပွဲတည်းသာပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

ဘီဆစ်တပ်ဟာဘော့စနီးယားလက်ရွေးစင်ကွင်းလယ်ကစားသမားအတွက်ငှားရမ်းခပေါင်၂သန်းကျော်အသုံးပြုခဲ့ရပါတယ်။

ဘာစီလိုနာတွင်လေးစားမှုမခံခဲ့ရသလားဟု မေးမြန်းမှုအားပီယာနစ်က “နည်းပြပါ။မနှစ်တုန်းကကျွန်တော်ကြုံခဲ့ရတာလောက်ဆိုးတာမရှိဘူး။ဒါမျိုးမကြုံချင်ဘူး။ကျွန်တော်ကဘောလုံးသမားပါ။ဘောလုံးကစားရတာချစ်တယ်။ဘောလုံးကကျွန်တော့်ကိုပျော်အောင်လုပ်ပေးတဲ့အရာပါ။ဘာကာအတွက်အမြဲတမ်းကစားပေးချင်ခဲ့တာပါ။ဒါပေမယ့်အဲဒီလိုမျိုးကြုံရမယ်လို့မထင်ထားခဲ့ဘူး။ကစားရတာနည်းတယ်။အရမ်းလည်းရှုပ်ထွေးခဲ့တယ်။ကစားရတဲ့အချိန်မှာလည်းစိတ်ပိုင်း၊ခန္ဓာကိုယ်ပိုင်းရုန်းကန်ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော့်ယုံကြည်မှုကသတ်ပစ်ခဲ့တာကိုး။ပြီးတော့ကျွန်တော်ကသူ(ကိုးမန်း)နဲ့အဆက်အဆံမရှိဘူး။အရမ်းထူးဆန်းတယ်။နည်းပြကဘဲဘယ်သူမကစားဘူး၊ဘယ်သူကစားမယ်ဆိုတာရွေးချယ်တယ်လေ။ကျွန်တော်ကအခြေအနေအားလုံးကိုလက်ခံတဲ့သူပါ။ဒါပေမယ့်ကျွန်တော်ကအခြေအနေအားလုံးကိုမျက်နှာချင်းဆိုင်ဖြေရှင်းလိုတဲ့သူပါ”လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာသို့ပြောင်းခဲ့မှုအတွက်နောင်တရသလားဟုမေးမြန်းမှုကိုပီယာနစ်က “မရဘူး။ဘယ်တော့မှလည်းနောင်တရမှာမဟုတ်ပါဘူး။ဘဝမှာကြုံစရာရှိတာကကြုံလာရမှာပဲလေ။ကျွန်တော့်ဘဝတစ်ခုလုံးတိုက်ခိုက်လာခဲ့တာပါ။ကျွန်တော်ကရည်မှန်းချက်ကြီးပြီးပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့သူပါ။ကျွန်တော်ဟာဂျူဗင်တပ်နဲ့ဘာကာတို့မှာကစားနိုင်တဲ့အဆင့်သို့ရောက်ခဲ့တယ်။ဒီအသင်းမှာကျွန်တော်ကစားနိုင်စွမ်းရှိပါတယ်။ဒါပေမယ့်ကစားခွင့်မပေးဘူး”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ဘာကာမွ ထြက္ခြာၿပီးေနာက္ ခ်က္ခ်င္းဆိုသလို ကိုးမန္းကို တိုက္ခိုက္လာတဲ့ ပီယာနစ္

မီရာလမ္ပီယာနစ္ဟာဘာစီလိုနာမွထြက္ခြာကာဘီဆစ္တပ္သို႔တစ္ရာသီအငွားျဖင့္ေျပာင္းေ႐ႊ႕သြားၿပီးေနာက္ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းအားမိမိအေပၚတြင္ေလးစားမႈမရွိသူဟုေဝဖန္ေျပာၾကားလိုက္ပါတယ္။

ပီယာနစ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကဂ်ဴဗင္တပ္မွဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၅၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ၿပီးကိုးမန္းလက္ေအာက္တြင္လာလီဂါပြဲ၆ပြဲတည္းသာပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။

ဘီဆစ္တပ္ဟာေဘာ့စနီးယားလက္ေ႐ြးစင္ကြင္းလယ္ကစားသမားအတြက္ငွားရမ္းခေပါင္၂သန္းေက်ာ္အသုံးျပဳခဲ့ရပါတယ္။

ဘာစီလိုနာတြင္ေလးစားမႈမခံခဲ့ရသလားဟု ေမးျမန္းမႈအားပီယာနစ္က “နည္းျပပါ။မႏွစ္တုန္းကကြၽန္ေတာ္ႀကဳံခဲ့ရတာေလာက္ဆိုးတာမရွိဘူး။ဒါမ်ိဳးမႀကဳံခ်င္ဘူး။ကြၽန္ေတာ္ကေဘာလုံးသမားပါ။ေဘာလုံးကစားရတာခ်စ္တယ္။ေဘာလုံးကကြၽန္ေတာ့္ကိုေပ်ာ္ေအာင္လုပ္ေပးတဲ့အရာပါ။ဘာကာအတြက္အၿမဲတမ္းကစားေပးခ်င္ခဲ့တာပါ။ဒါေပမယ့္အဲဒီလိုမ်ိဳးႀကဳံရမယ္လို႔မထင္ထားခဲ့ဘူး။ကစားရတာနည္းတယ္။အရမ္းလည္းရႈပ္ေထြးခဲ့တယ္။ကစားရတဲ့အခ်ိန္မွာလည္းစိတ္ပိုင္း၊ခႏၶာကိုယ္ပိုင္း႐ုန္းကန္ရပါတယ္။ဘာလို႔လဲဆိုေတာ့ကြၽန္ေတာ့္ယုံၾကည္မႈကသတ္ပစ္ခဲ့တာကိုး။ၿပီးေတာ့ကြၽန္ေတာ္ကသူ(ကိုးမန္း)နဲ႔အဆက္အဆံမရွိဘူး။အရမ္းထူးဆန္းတယ္။နည္းျပကဘဲဘယ္သူမကစားဘူး၊ဘယ္သူကစားမယ္ဆိုတာေ႐ြးခ်ယ္တယ္ေလ။ကြၽန္ေတာ္ကအေျခအေနအားလုံးကိုလက္ခံတဲ့သူပါ။ဒါေပမယ့္ကြၽန္ေတာ္ကအေျခအေနအားလုံးကိုမ်က္ႏွာခ်င္းဆိုင္ေျဖရွင္းလိုတဲ့သူပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာသို႔ေျပာင္းခဲ့မႈအတြက္ေနာင္တရသလားဟုေမးျမန္းမႈကိုပီယာနစ္က “မရဘူး။ဘယ္ေတာ့မွလည္းေနာင္တရမွာမဟုတ္ပါဘူး။ဘဝမွာႀကဳံစရာရွိတာကႀကဳံလာရမွာပဲေလ။ကြၽန္ေတာ့္ဘဝတစ္ခုလုံးတိုက္ခိုက္လာခဲ့တာပါ။ကြၽန္ေတာ္ကရည္မွန္းခ်က္ႀကီးၿပီးၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္တဲ့သူပါ။ကြၽန္ေတာ္ဟာဂ်ဴဗင္တပ္နဲ႔ဘာကာတို႔မွာကစားႏိုင္တဲ့အဆင့္သို႔ေရာက္ခဲ့တယ္။ဒီအသင္းမွာကြၽန္ေတာ္ကစားႏိုင္စြမ္းရွိပါတယ္။ဒါေပမယ့္ကစားခြင့္မေပးဘူး”လို႔ေျပာၾကားခဲ့ပါတယ္။