ဘာကာမှ ခုချက်ချင်း ထွက်ခွာနိုင်တဲ့ အချက်ကို စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတဲ့ အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာသို့ရောက်ရှိပြီးရက်၄၀သာရှိသေးတဲ့အချိန်မှာဘဲအသင်းမှထွက်ခွာကာလပ်သစ်ရှာဖွေနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိနေပါတယ်။

ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းမှာမည်သည့်အချိန်တွင်မဆိုထွက်ခွာနိုင်တဲ့အချက်တစ်ခုကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟောင်းဟာဘာစီလိုနာရဲ့ဘဏ္ဍာရေးပြဿနာကြောင့်ကစားသမားမှတ်ပုံတင်ခွင့်မရမှာကိုစိုးရိမ်ရတဲ့အနေအထားတွင်ရှိနေတဲ့အပြင်အချစ်ဆုံးသူငယ်ချင်းမက်ဆီမရှိတော့မှုကြောင့်စိတ်ပျက်နေသူလည်းဖြစ်ပါတယ်။

ယနေ့တွင်စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဆာဂျီယိုအဂွဲရိုးရဲ့စာချုပ်အတွင်းတွင်ဒဏ်ရာကြောင့်မကြာခဏအနားယူရပါကစာချုပ်ဖျက်သိမ်းနိုင်တဲ့အချက်ကိုဘာစီလိုနာကချုပ်ဆိုထားကြောင်းသိရပါတယ်။

ဇူလိုင်လ၁ရက်နေ့တွင်မှာဘာစီလိုနာကစားသမားအဖြစ်တရားဝင်ဖြစ်လာခဲ့တဲ့ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာသို့ရောက်ရှိပြီးတစ်ပွဲမျှမကစားရသေးခင်မှာခြေသလုံးကြွက်သားဒဏ်ရာရရှိကာ၁၀ပတ်အထိအနားယူရပါတော့မယ်။အသက်၃၃နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာအောက်တိုဘာလအထိကစားနိုင်မှာမဟုတ်ပါဘူး။

ယင်းသို့အဂွဲရိုးဟာရက်သတ္တပတ်၁၀ပတ်အထိအနားယူရမှာဖြစ်တာနဲ့အညီ ဘာစီလိုနာနှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

ZawGyi

ဘာကာမွ ခုခ်က္ခ်င္း ထြက္ခြာႏိုင္တဲ့ အခ်က္ကို စာခ်ဳပ္မွာ ထည့္သြင္းခ်ဳပ္ဆိုထားတဲ့ အဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာဘာစီလိုနာသို႔ေရာက္ရွိၿပီးရက္၄၀သာရွိေသးတဲ့အခ်ိန္မွာဘဲအသင္းမွထြက္ခြာကာလပ္သစ္ရွာေဖြႏိုင္တဲ့အခြင့္အေရးအျပည့္အဝရွိေနပါတယ္။

ဆာဂ်ီယိုအဂြဲ႐ိုးဟာဘာစီလိုနာႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းမွာမည္သည့္အခ်ိန္တြင္မဆိုထြက္ခြာႏိုင္တဲ့အခ်က္တစ္ခုကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

မန္စီးတီးတိုက္စစ္မႉးေဟာင္းဟာဘာစီလိုနာရဲ႕ဘ႑ာေရးျပႆနာေၾကာင့္ကစားသမားမွတ္ပုံတင္ခြင့္မရမွာကိုစိုးရိမ္ရတဲ့အေနအထားတြင္ရွိေနတဲ့အျပင္အခ်စ္ဆုံးသူငယ္ခ်င္းမက္ဆီမရွိေတာ့မႈေၾကာင့္စိတ္ပ်က္ေနသူလည္းျဖစ္ပါတယ္။

ယေန႔တြင္စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဆာဂ်ီယိုအဂြဲ႐ိုးရဲ႕စာခ်ဳပ္အတြင္းတြင္ဒဏ္ရာေၾကာင့္မၾကာခဏအနားယူရပါကစာခ်ဳပ္ဖ်က္သိမ္းႏိုင္တဲ့အခ်က္ကိုဘာစီလိုနာကခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။

ဇူလိုင္လ၁ရက္ေန႔တြင္မွာဘာစီလိုနာကစားသမားအျဖစ္တရားဝင္ျဖစ္လာခဲ့တဲ့ဆာဂ်ီယိုအဂြဲ႐ိုးဟာဘာစီလိုနာသို႔ေရာက္ရွိၿပီးတစ္ပြဲမွ်မကစားရေသးခင္မွာေျခသလုံးႂကြက္သားဒဏ္ရာရရွိကာ၁၀ပတ္အထိအနားယူရပါေတာ့မယ္။အသက္၃၃ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာေအာက္တိုဘာလအထိကစားႏိုင္မွာမဟုတ္ပါဘူး။

ယင္းသို႔အဂြဲ႐ိုးဟာရက္သတၱပတ္၁၀ပတ္အထိအနားယူရမွာျဖစ္တာနဲ႔အညီ ဘာစီလိုနာႏွင့္ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။