ဘာကာယိုကိုအား အေစီမီလန် နှစ်ရာသီအငှားဖြင့် ခေါ်ယူ

အေစီမီလန်ဟာချဲလ်ဆီးကွင်းလယ်ကစားသမားတီမူးဘာကာယိုကိုအား၂နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။

အလယ်တန်းကစားသမားဟာအေစီမီလန်သို့အငှားဖြင့်မထွက်ခွာမီချဲလ်ဆီးနှင့်၂၀၂၄ခုနှစ်၊ဇွန်လအထိစာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ပါတယ်။

အေစီမီလန်ဟာဘာကာယိုကိုရဲ့အငှားစာချုပ်အတွင်းတွင်၂နှစ်အငှားစာချုပ်ပြည့်ချိန်တွင်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

အေစီမီလန်ဟာအသင်းအတွက်သတ်မှတ်ပွဲအရေအတွက်ပြည့်အောင်ကစားနိုင်ပါကဘာကာယိုကိုအားအပြီးသတ်ခေါ်ယူသွားရမှာလည်းဖြစ်ပါတယ်။

ဘာကာယိုကိုဟာယနေ့တွင်မီလန်သို့ရောက်လာကာဆေးစစ်ဆေးမှုခံယူသွားပါမယ်။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကနာပိုလီတွင်အငှားဖြင့်သွားကစားခဲ့သူဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိဘာကာယိုကိုဟာ၂၀၁၇ခုနှစ်တွင်မိုနာကိုမှပေါင်သန်း၄၀ဖြင့်ရောက်လာပြီးနောက်ချဲလ်ဆီးအတွက်၂၉ပွဲကစားကာ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာ၂၀၁၈ခုနှစ်နောက်ပိုင်းတွင်ချဲလ်ဆီးအတွက်ကစားခွင့်မရခဲ့ဘဲမီလန်၊မိုနာကို၊နာပိုလီသို့အငှားဖြင့်သွားရောက်ကစားခဲ့ရပါတယ်။

ZawGyi

ဘာကာယိုကိုအား ေအစီမီလန္ ႏွစ္ရာသီအငွားျဖင့္ ေခၚယူ

ေအစီမီလန္ဟာခ်ဲလ္ဆီးကြင္းလယ္ကစားသမားတီမူးဘာကာယိုကိုအား၂ႏွစ္အငွားစာခ်ဳပ္ျဖင့္ေခၚယူလိုက္ပါတယ္။

အလယ္တန္းကစားသမားဟာေအစီမီလန္သို႔အငွားျဖင့္မထြက္ခြာမီခ်ဲလ္ဆီးႏွင့္၂၀၂၄ခုႏွစ္၊ဇြန္လအထိစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုခဲ့ပါတယ္။

ေအစီမီလန္ဟာဘာကာယိုကိုရဲ႕အငွားစာခ်ဳပ္အတြင္းတြင္၂ႏွစ္အငွားစာခ်ဳပ္ျပည့္ခ်ိန္တြင္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ေအစီမီလန္ဟာအသင္းအတြက္သတ္မွတ္ပြဲအေရအတြက္ျပည့္ေအာင္ကစားႏိုင္ပါကဘာကာယိုကိုအားအၿပီးသတ္ေခၚယူသြားရမွာလည္းျဖစ္ပါတယ္။

ဘာကာယိုကိုဟာယေန႔တြင္မီလန္သို႔ေရာက္လာကာေဆးစစ္ေဆးမႈခံယူသြားပါမယ္။သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကနာပိုလီတြင္အငွားျဖင့္သြားကစားခဲ့သူျဖစ္ပါတယ္။

အသက္၂၇ႏွစ္ရွိဘာကာယိုကိုဟာ၂၀၁၇ခုႏွစ္တြင္မိုနာကိုမွေပါင္သန္း၄၀ျဖင့္ေရာက္လာၿပီးေနာက္ခ်ဲလ္ဆီးအတြက္၂၉ပြဲကစားကာ၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာ၂၀၁၈ခုႏွစ္ေနာက္ပိုင္းတြင္ခ်ဲလ္ဆီးအတြက္ကစားခြင့္မရခဲ့ဘဲမီလန္၊မိုနာကို၊နာပိုလီသို႔အငွားျဖင့္သြားေရာက္ကစားခဲ့ရပါတယ္။