ဘာကာရာထူးမှထုတ်ပယ်ခံရမှုအတွက် နစ်နာကြေးပေါင် ၁၀ သန်းအထိ ရရှိမယ့် ကိုးမန်း

ရော်နယ်ကိုးမန်းဟာဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရမှုအတွက် နစ်နာကြေးပေါင်၁၀သန်းအထိရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၅၈နှစ်ရှိဒတ်ချ်လူမျိုးနည်းပြဟာဗုဒ္ဓဟူးနေ့ညတုန်းကဗယ်လီကာနိုအားရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံရမှုကြောင့်နွေရာသီတုန်းကစူပါစတားကစားသမားများကိုလက်လွှတ်ဆုံးရှုံးခဲ့ရပေမယ့်လည်းကိုးမန်းအားထုတ်ပယ်မှုနဲ့အတူနစ်နာကြေးပေါင်၁၀သန်းအထိပေးရဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းကအသင်းကို၈လကိုင်တွယ်ပြီးနောက်ထုတ်ပယ်ခဲ့တဲ့ကွီကွီဆီတိန်းအတွက်နစ်နာကြေးပေးနေဆဲဖြစ်ပါတယ်။

ယခုအခါဘာစီလိုနာဟာစာချုပ်သက်တမ်းတစ်နှစ်ကျော်ကျန်နေသေးတဲ့ ကိုးမန်းအားရာထူးမှထုတ်ပယ်လိုက်မှုအတွက်နစ်နာကြေးပေါင်၁၀သန်းပေးရဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာလတ်တလောတွင်ယာယီနည်းပြအဖြစ်ဆာဂျီဘော်ဂျန်ကိုခန့်အပ်ထားပါတယ်။၎င်းတို့ဟာအယ်ဆတ်နည်းပြဇာဗီးကိုလာမယ့်နိုဝင်ဘာလနိုင်ငံတကာပွဲစဉ်များကာလတွင်ခန့်အပ်ရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။ဘာစီလိုနာဟာဇာဗီးကိုခန့်အပ်ရန်နစ်နာကြေးပေါင်၈၄၀၀၀၀အသုံးပြုရဦးမှာဖြစ်ပါတယ်။

ZawGyi

ဘာကာရာထူးမွထုတ္ပယ္ခံရမႈအတြက္ နစ္နာေၾကးေပါင္ ၁၀ သန္းအထိ ရရွိမယ့္ ကိုးမန္း

ေရာ္နယ္ကိုးမန္းဟာဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရမႈအတြက္ နစ္နာေၾကးေပါင္၁၀သန္းအထိရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၅၈ႏွစ္ရွိဒတ္ခ်္လူမ်ိဳးနည္းျပဟာဗုဒၶဟူးေန႔ညတုန္းကဗယ္လီကာႏိုအားရႈံးနိမ့္ၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံရမႈေၾကာင့္ေႏြရာသီတုန္းကစူပါစတားကစားသမားမ်ားကိုလက္လႊတ္ဆုံးရႈံးခဲ့ရေပမယ့္လည္းကိုးမန္းအားထုတ္ပယ္မႈနဲ႔အတူနစ္နာေၾကးေပါင္၁၀သန္းအထိေပးရဦးမွာျဖစ္ပါတယ္။

ဘာစီလိုနာဟာ၂၀၂၀ခုႏွစ္၊ဩဂုတ္လတုန္းကအသင္းကို၈လကိုင္တြယ္ၿပီးေနာက္ထုတ္ပယ္ခဲ့တဲ့ကြီကြီဆီတိန္းအတြက္နစ္နာေၾကးေပးေနဆဲျဖစ္ပါတယ္။

ယခုအခါဘာစီလိုနာဟာစာခ်ဳပ္သက္တမ္းတစ္ႏွစ္ေက်ာ္က်န္ေနေသးတဲ့ ကိုးမန္းအားရာထူးမွထုတ္ပယ္လိုက္မႈအတြက္နစ္နာေၾကးေပါင္၁၀သန္းေပးရဦးမွာျဖစ္ပါတယ္။

ဘာစီလိုနာဟာလတ္တေလာတြင္ယာယီနည္းျပအျဖစ္ဆာဂ်ီေဘာ္ဂ်န္ကိုခန႔္အပ္ထားပါတယ္။၎တို႔ဟာအယ္ဆတ္နည္းျပဇာဗီးကိုလာမယ့္ႏိုဝင္ဘာလႏိုင္ငံတကာပြဲစဥ္မ်ားကာလတြင္ခန႔္အပ္ရန္သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းသိရပါတယ္။ဘာစီလိုနာဟာဇာဗီးကိုခန႔္အပ္ရန္နစ္နာေၾကးေပါင္၈၄၀၀၀၀အသုံးျပဳရဦးမွာျဖစ္ပါတယ္။