ဘာကာရဲ့ဆက်ဆံခဲ့မှုများအပေါ် ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ကနူးကမ့်မှထွက်ခွာရအောင်ဘာစီလိုနာအသင်းရဲ့လုပ်ဆောင်မှုများအပေါ်တွင်ဘယ်တော့မှမေ့မှာမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။ဥရုဂွေးဂန္ထဝင်တိုက်စစ်မှူးဟာတနင်္ဂနွေနေ့တုန်းကအသင်းဟောင်းဘာစီလိုနာကိုအက်သလက်တီကိုက၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

သူဟာအက်သလက်တီကိုနှင့်စတင်ကစားတဲ့ပထမဆုံးရာသီမှာပင်လာလီဂါဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်းခြောက်နှစ်ကြာကစားလာခဲ့တဲ့ဘာစီလိုနာမှနိမ့်ကျစွာထွက်ခွာခဲ့ရမှုအပေါ်မမေ့နိုင်အောင်ဖြစ်နေပါတယ်။

အသက်၃၄နှစ်ရှိဆွာရက်ဇ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကကိုးမန်းရောက်လာပြီးနောက် အသင်းတွင်အလိုမရှိတော့ကြောင်းပြောကြားခြင်းခံခဲ့ရပြီးစာချုပ်ဖျက်သိမ်းခံခဲ့ရကာအက်သလက်တီကိုသို့ပြောင်းခဲ့ရပါတယ်။

ဆွာရက်ဇ်က “သူတို့လုပ်ခဲ့တာတွေပါ။ကျွန်တော်ဟာကလပ်အတွက်အများကြီးလုပ်ပေးခဲ့တယ်။ဒီလိုဆက်ဆံခံရဖို့မထိုက်တန်ဘူးလို့ထင်ပါတယ်။သူတို့အနေနဲ့ကျွန်တော့်ကိုတစ်ဦးချင်းတွေ့ပြီးအသေအချာရှင်းပြသင့်ပါတယ်။ဗုဒ္ဓဟူးနေ့မှာစာချုပ်ဖျက်သိမ်းမှုပြီးပြတ်မပြီးနိုင်ဘူးလို့လည်းမပြောခဲ့ပါဘူး။ဗီလာရီးရဲလ်နဲ့ပွဲမှာလည်းသုံးချင်သုံးဦးမယ်။တစ်ခုမဟုတ်တစ်ခုလုပ်ဦးမှာပေါ့။နောက်တော့သူတို့ဟာကျွန်တော့်ကိုလေ့ကျင့်ရေးကွင်း၃ (သို့မဟုတ်)၄မှာ တစ်ဦးတည်းလေ့ကျင့်ရေးစေတယ်။ဒီဖြစ်ရပ်တွေကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ဘာကာရဲ႕ဆက္ဆံခဲ့မႈမ်ားအေပၚ ဘယ္ေတာ့မွ ေမ့မွာမဟုတ္တဲ့ ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ကႏူးကမ့္မွထြက္ခြာရေအာင္ဘာစီလိုနာအသင္းရဲ႕လုပ္ေဆာင္မႈမ်ားအေပၚတြင္ဘယ္ေတာ့မွေမ့မွာမဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။ဥ႐ုေဂြးဂႏၴဝင္တိုက္စစ္မႉးဟာတနဂၤေႏြေန႔တုန္းကအသင္းေဟာင္းဘာစီလိုနာကိုအက္သလက္တီကိုက၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။

သူဟာအက္သလက္တီကိုႏွင့္စတင္ကစားတဲ့ပထမဆုံးရာသီမွာပင္လာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္းေျခာက္ႏွစ္ၾကာကစားလာခဲ့တဲ့ဘာစီလိုနာမွနိမ့္က်စြာထြက္ခြာခဲ့ရမႈအေပၚမေမ့ႏိုင္ေအာင္ျဖစ္ေနပါတယ္။

အသက္၃၄ႏွစ္ရွိဆြာရက္ဇ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကကိုးမန္းေရာက္လာၿပီးေနာက္ အသင္းတြင္အလိုမရွိေတာ့ေၾကာင္းေျပာၾကားျခင္းခံခဲ့ရၿပီးစာခ်ဳပ္ဖ်က္သိမ္းခံခဲ့ရကာအက္သလက္တီကိုသို႔ေျပာင္းခဲ့ရပါတယ္။

ဆြာရက္ဇ္က “သူတို႔လုပ္ခဲ့တာေတြပါ။ကြၽန္ေတာ္ဟာကလပ္အတြက္အမ်ားႀကီးလုပ္ေပးခဲ့တယ္။ဒီလိုဆက္ဆံခံရဖို႔မထိုက္တန္ဘူးလို႔ထင္ပါတယ္။သူတို႔အေနနဲ႔ကြၽန္ေတာ့္ကိုတစ္ဦးခ်င္းေတြ႕ၿပီးအေသအခ်ာရွင္းျပသင့္ပါတယ္။ဗုဒၶဟူးေန႔မွာစာခ်ဳပ္ဖ်က္သိမ္းမႈၿပီးျပတ္မၿပီးႏိုင္ဘူးလို႔လည္းမေျပာခဲ့ပါဘူး။ဗီလာရီးရဲလ္နဲ႔ပြဲမွာလည္းသုံးခ်င္သုံးဦးမယ္။တစ္ခုမဟုတ္တစ္ခုလုပ္ဦးမွာေပါ့။ေနာက္ေတာ့သူတို႔ဟာကြၽန္ေတာ့္ကိုေလ့က်င့္ေရးကြင္း၃ (သို႔မဟုတ္)၄မွာ တစ္ဦးတည္းေလ့က်င့္ေရးေစတယ္။ဒီျဖစ္ရပ္ေတြကိုဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။