ဘာကာသို့ ရောက်တဲ့ပထမဆုံးနေ့မှာပင် ဘာကာက သူ့ကို ဘယ်လောက်လိုအပ်နေတယ်ဆိုတာ ပြသနိုင်ခဲဲ့တဲ့ အဲလ်ဗက်စ်

ဒါနီအဲလ်ဗက်စ်ဟာဘာစီလိုနာသို့ပြန်ရောက်လာတဲ့ပထမဆုံးနေ့မှာဘဲ ဘာစီလိုနာကသူ့လိုကစားသမားမျိုးကိုဘယ်လောက်အထိလိုအပ်နေသလဲဆိုတာပြသနိုင်ခဲ့ပါတယ်။

ဘရာဇီးညာနောက်ခံလူဟာအသက်၃၈နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမယ့်လည်းအသင်းဟောင်းဘာစီလိုနာသို့ယခုရာသီအကုန်အထိကာလတိုစာချုပ်ဖြင့်ရောက်လာခဲ့ပါတယ်။

အဲလ်ဗက်စ်ဟာဘာစီလိုနာမှာတစ်လလုပ်ခတစ်ယူရိုသာရရှိမည်ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ကာအပိုဆုကြေးများရရှိပါမယ်။

သူ့အနေဖြင့်လာမယ့်ဇန်နဝါရီလမတိုင်မီအထိဘာစီလိုနာအတွက်ကစားနိုင်ဦးမှာမဟုတ်ပါဘူး။ဒါပေမယ့်ဆီဗီလာနောက်ခံလူဟာတနင်္လာနေ့မှစတင်ကာဘာစီလိုနာရဲ့ Ciutat Esportiva လေ့ကျင့်ရေးစခန်းတွင်လေ့ကျင့်မှုများစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

သူဟာဘာစီလိုနာသို့ရောက်တဲ့ပထမဆုံးနေ့မှာကစားဖော်သစ်များနှင့်တွေ့ဆုံရာမှာမိန့်ခွန်းချွေမှုပြုလုပ်ခဲ့ပါတယ်။သူ့မိန့်ခွန်းကလူငယ်ကစားသမားများစွာဖြင့်စုဖွဲ့ထားတဲ့ဘာကာမှကစားသမားတိုင်းကိုစိတ်ဓာတ်တက်ကြွစေခဲ့ပါတယ်။

အဲလ်ဗက်စ်က “ကာလရှည်ကြာဝေးကွာခဲ့ပြီးနောက်ပြန်လာခွင့်ရလို့ဝမ်းသာတယ်။မင်းတို့နဲ့အတူထပ်တူအတူနေခွင့်ရလို့ဝမ်းသာတယ်။မင်းတို့ဆီကသင်ယူဖို့ရောက်လာတာ။အခုကမ္ဘာသစ်ပါ။ဒါပေမယ့်အဟောင်းတစ်ခုရဲ့အသစ်ဖြစ်တယ်။ဒီကလပ်အတွက်ကိုယ်စားပြုခွင့်ရတာ၊ဒီအင်္ကျီကိုဝတ်ဆင်ခွင့်ရတာဘယ်လောက်အရေးကြီးတဲ့တစ်ချက်တော့ပြောချင်တယ်။ငါကနိုင်ငံခြားကလာတဲ့သူပါ။ဒီနေရာကကြီးကျယ်ခမ်းနားတာတွေလုပ်ဖို့အကောင်းဆုံးနေရာ။နေဖို့လည်းအကောင်းဆုံးနေရာ။အခုဒီမှာနေခွင့်ရနေတယ်။ဒါကိုတန်ဖိုးထားရမယ်။ဒီမှာလောက်အပြင်မှာဘာမှမကောင်းဘူး။မင်းတို့နဲ့အတူရှိနေခွင့်ရလို့ဝမ်းသာတဲ့အကြောင်းထပ်ပြောချင်တယ်။ဒီကလပ်ကကြီးကျယ်တဲ့အရာတွေလုပ်ခဲ့တယ်။ထပ်လုပ်ဖို့အတွက်ရောက်လာတာ။ထပ်ပြီးကြီးကျယ်ခမ်းနားတာတွေလုပ်ကြစို့”လို့ပြောကြားသွားပါတယ်။

အဲလ်ဗက်စ်ကယင်းသို့ပြောကြားပြီးချိန်တွင်အဝတ်အစားလဲခန်းအတွင်းရှိကစားသမားများကလက်ခုပ်တီးခဲ့ကြပါတယ်။

သူဟာဘာစီလိုနာတွင်ပထမအကြိမ်ကစားစဉ်ကကစားဖော်အဖြစ်လက်တွဲခဲ့တဲ့ဇာဗီးနှင့်လည်းတွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

အဲလ်ဗက်စ်ဟာဘာစီလိုနာတွင်ပထမအကြိမ်ကစားစဉ်တုန်းက၃၉၁ပွဲကစားခဲ့ကာချန်ပီယံလိဂ်ဖလား၃ကြိမ်၊လာလီဂါဖလား၆ကြိမ်အပါအဝင်ဆုဖလား၂၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ဘာကာသို႔ ေရာက္တဲ့ပထမဆုံးေန႔မွာပင္ ဘာကာက သူ႔ကို ဘယ္ေလာက္လိုအပ္ေနတယ္ဆိုတာ ျပသႏိုင္ခဲဲ့တဲ့ အဲလ္ဗက္စ္

ဒါနီအဲလ္ဗက္စ္ဟာဘာစီလိုနာသို႔ျပန္ေရာက္လာတဲ့ပထမဆုံးေန႔မွာဘဲ ဘာစီလိုနာကသူ႔လိုကစားသမားမ်ိဳးကိုဘယ္ေလာက္အထိလိုအပ္ေနသလဲဆိုတာျပသႏိုင္ခဲ့ပါတယ္။

ဘရာဇီးညာေနာက္ခံလူဟာအသက္၃၈ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမယ့္လည္းအသင္းေဟာင္းဘာစီလိုနာသို႔ယခုရာသီအကုန္အထိကာလတိုစာခ်ဳပ္ျဖင့္ေရာက္လာခဲ့ပါတယ္။

အဲလ္ဗက္စ္ဟာဘာစီလိုနာမွာတစ္လလုပ္ခတစ္ယူ႐ိုသာရရွိမည္ျဖစ္ၿပီး စြမ္းေဆာင္ရည္အေပၚမူတည္ကာအပိုဆုေၾကးမ်ားရရွိပါမယ္။

သူ႔အေနျဖင့္လာမယ့္ဇန္နဝါရီလမတိုင္မီအထိဘာစီလိုနာအတြက္ကစားႏိုင္ဦးမွာမဟုတ္ပါဘူး။ဒါေပမယ့္ဆီဗီလာေနာက္ခံလူဟာတနလၤာေန႔မွစတင္ကာဘာစီလိုနာရဲ႕ Ciutat Esportiva ေလ့က်င့္ေရးစခန္းတြင္ေလ့က်င့္မႈမ်ားစတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

သူဟာဘာစီလိုနာသို႔ေရာက္တဲ့ပထမဆုံးေန႔မွာကစားေဖာ္သစ္မ်ားႏွင့္ေတြ႕ဆုံရာမွာမိန႔္ခြန္းေခြၽမႈျပဳလုပ္ခဲ့ပါတယ္။သူ႔မိန႔္ခြန္းကလူငယ္ကစားသမားမ်ားစြာျဖင့္စုဖြဲ႕ထားတဲ့ဘာကာမွကစားသမားတိုင္းကိုစိတ္ဓာတ္တက္ႂကြေစခဲ့ပါတယ္။

အဲလ္ဗက္စ္က “ကာလရွည္ၾကာေဝးကြာခဲ့ၿပီးေနာက္ျပန္လာခြင့္ရလို႔ဝမ္းသာတယ္။မင္းတို႔နဲ႔အတူထပ္တူအတူေနခြင့္ရလို႔ဝမ္းသာတယ္။မင္းတို႔ဆီကသင္ယူဖို႔ေရာက္လာတာ။အခုကမာၻသစ္ပါ။ဒါေပမယ့္အေဟာင္းတစ္ခုရဲ႕အသစ္ျဖစ္တယ္။ဒီကလပ္အတြက္ကိုယ္စားျပဳခြင့္ရတာ၊ဒီအက်ႌကိုဝတ္ဆင္ခြင့္ရတာဘယ္ေလာက္အေရးႀကီးတဲ့တစ္ခ်က္ေတာ့ေျပာခ်င္တယ္။ငါကႏိုင္ငံျခားကလာတဲ့သူပါ။ဒီေနရာကႀကီးက်ယ္ခမ္းနားတာေတြလုပ္ဖို႔အေကာင္းဆုံးေနရာ။ေနဖို႔လည္းအေကာင္းဆုံးေနရာ။အခုဒီမွာေနခြင့္ရေနတယ္။ဒါကိုတန္ဖိုးထားရမယ္။ဒီမွာေလာက္အျပင္မွာဘာမွမေကာင္းဘူး။မင္းတို႔နဲ႔အတူရွိေနခြင့္ရလို႔ဝမ္းသာတဲ့အေၾကာင္းထပ္ေျပာခ်င္တယ္။ဒီကလပ္ကႀကီးက်ယ္တဲ့အရာေတြလုပ္ခဲ့တယ္။ထပ္လုပ္ဖို႔အတြက္ေရာက္လာတာ။ထပ္ၿပီးႀကီးက်ယ္ခမ္းနားတာေတြလုပ္ၾကစို႔”လို႔ေျပာၾကားသြားပါတယ္။

အဲလ္ဗက္စ္ကယင္းသို႔ေျပာၾကားၿပီးခ်ိန္တြင္အဝတ္အစားလဲခန္းအတြင္းရွိကစားသမားမ်ားကလက္ခုပ္တီးခဲ့ၾကပါတယ္။

သူဟာဘာစီလိုနာတြင္ပထမအႀကိမ္ကစားစဥ္ကကစားေဖာ္အျဖစ္လက္တြဲခဲ့တဲ့ဇာဗီးႏွင့္လည္းေတြ႕ဆုံမႈျပဳလုပ္ခဲ့ပါတယ္။

အဲလ္ဗက္စ္ဟာဘာစီလိုနာတြင္ပထမအႀကိမ္ကစားစဥ္တုန္းက၃၉၁ပြဲကစားခဲ့ကာခ်န္ပီယံလိဂ္ဖလား၃ႀကိမ္၊လာလီဂါဖလား၆ႀကိမ္အပါအဝင္ဆုဖလား၂၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။