ဘာကာသို့ အကြံပေးအဖြစ် ပြန်ရောက်လာတဲ့ ခရိုက်ဖ်

ဘာစီလိုနာဂန္ထဝင်ဂျိုဟန်ခရိုက်ဖ်ရဲ့သားဖြစ်သူဂျော်ဒီခရိုက်ဖ်ဟာဘာစီလိုနာသို့အကြံပေးရာထူးဖြင့်ပြန်လည်ရောက်ရှိလာပါတယ်။

အသက်၄၇နှစ်ရှိခရိုက်ဖ်ဟာဘာစီလိုနာရဲ့နာမည်ကျော် La Masia အကယ်ဒမီထွက်တစ်ဦးဖြစ်ပါတယ်။သူဟာကစားသမားဘဝအများစုကဘာစီလိုနာတွင်ကုန်ဆုံးခွင့်မရခဲ့သော်လည်းဥက္ကဌသစ်လာပေါ်တာလက်အောက်တွင်ပြန်လည်တည်ဆောက်မှုပြုလုပ်လာတဲ့ဘာစီလိုနာမှာအကြံပေးအဖြစ်တာဝန်ထမ်းဆောင်လာပြီဖြစ်ပါတယ်။

ဂျော်ဒီခရိုက်ဖ်ဟာဘာစီလိုနာစီနီယာအသင်းမှာ၁၉၉၃မှ၁၉၉၆ခုနှစ်အထိကစားခဲ့သူဖြစ်ပြီးပြိုင်ပွဲအရပ်ရပ်တွင်၅၄ပွဲကစားကာ၁၁ဂိုးသွင်းယူခဲ့ပါတယ်။သူဟာ၁၉၉၆ခုနှစ်မှာမန်ယူသို့ပြောင်းရွှေ့ကစားပေမယ့်အောင်မြင်မှုမရရှိခဲ့ဘဲအသင်းငယ်များဖြစ်တဲ့အလာဗက်စ်၊အက်စ်ပန်ညိုတို့တွင်ကစားခဲ့ရပါတယ်။

သူဟာအားကစားဒါရိုက်တာအဖြစ်လည်းတာဝန်ထမ်းဆောင်ဖူးသလိုနည်းပြအဖြစ်မက္ကဘီတဲလ်အဗစ်၊တရုတ်ကလပ် Chongqing Liangjang Athletic ၊ Shenzhen နှင့်အီကွေဒေါလက်ရွေးစင်အသင်းတို့ကိုကိုင်တွယ်ခဲ့ဖူးပါတယ်။

သူဟာလက်ရှိအချိန်တွင် Shenzhen ကိုကိုင်တွယ်နေဆဲဖြစ်ပြီးလာမယ့်ဩဂုတ်လ၁ ရက်နေ့မှစတင်ကာဘာစီလိုနာတွင်အကြံပေးအဖြစ်ထမ်းဆောင်သွားမှာလည်းဖြစ်ပါတယ်။

ZawGyi

ဘာကာသို႔ အႀကံေပးအျဖစ္ ျပန္ေရာက္လာတဲ့ ခ႐ိုက္ဖ္

ဘာစီလိုနာဂႏၴဝင္ဂ်ိဳဟန္ခ႐ိုက္ဖ္ရဲ႕သားျဖစ္သူေဂ်ာ္ဒီခ႐ိုက္ဖ္ဟာဘာစီလိုနာသို႔အႀကံေပးရာထူးျဖင့္ျပန္လည္ေရာက္ရွိလာပါတယ္။

အသက္၄၇ႏွစ္ရွိခ႐ိုက္ဖ္ဟာဘာစီလိုနာရဲ႕နာမည္ေက်ာ္ La Masia အကယ္ဒမီထြက္တစ္ဦးျဖစ္ပါတယ္။သူဟာကစားသမားဘဝအမ်ားစုကဘာစီလိုနာတြင္ကုန္ဆုံးခြင့္မရခဲ့ေသာ္လည္းဥကၠဌသစ္လာေပၚတာလက္ေအာက္တြင္ျပန္လည္တည္ေဆာက္မႈျပဳလုပ္လာတဲ့ဘာစီလိုနာမွာအႀကံေပးအျဖစ္တာဝန္ထမ္းေဆာင္လာၿပီျဖစ္ပါတယ္။

ေဂ်ာ္ဒီခ႐ိုက္ဖ္ဟာဘာစီလိုနာစီနီယာအသင္းမွာ၁၉၉၃မွ၁၉၉၆ခုႏွစ္အထိကစားခဲ့သူျဖစ္ၿပီးၿပိဳင္ပြဲအရပ္ရပ္တြင္၅၄ပြဲကစားကာ၁၁ဂိုးသြင္းယူခဲ့ပါတယ္။သူဟာ၁၉၉၆ခုႏွစ္မွာမန္ယူသို႔ေျပာင္းေ႐ႊ႕ကစားေပမယ့္ေအာင္ျမင္မႈမရရွိခဲ့ဘဲအသင္းငယ္မ်ားျဖစ္တဲ့အလာဗက္စ္၊အက္စ္ပန္ညိဳတို႔တြင္ကစားခဲ့ရပါတယ္။

သူဟာအားကစားဒါ႐ိုက္တာအျဖစ္လည္းတာဝန္ထမ္းေဆာင္ဖူးသလိုနည္းျပအျဖစ္မကၠဘီတဲလ္အဗစ္၊တ႐ုတ္ကလပ္ Chongqing Liangjang Athletic ၊ Shenzhen ႏွင့္အီေကြေဒါလက္ေ႐ြးစင္အသင္းတို႔ကိုကိုင္တြယ္ခဲ့ဖူးပါတယ္။

သူဟာလက္ရွိအခ်ိန္တြင္ Shenzhen ကိုကိုင္တြယ္ေနဆဲျဖစ္ၿပီးလာမယ့္ဩဂုတ္လ၁ ရက္ေန႔မွစတင္ကာဘာစီလိုနာတြင္အႀကံေပးအျဖစ္ထမ္းေဆာင္သြားမွာလည္းျဖစ္ပါတယ္။