ဘာကာအသင်းခေါင်းဆောင်လေးဦးလုံး လုပ်ခလျှော့ယူမည်ဟု ပီကေးပြောကြား

ဘာစီလိုနာနောက်ခံလူဂါရတ်ပီကေးကဘာစီလိုနာအသင်းခေါင်းဆောင်လေးဦးလုံးမှာလုပ်ခလျှော့ယူကြမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာပီကေးရဲ့လုပ်ခလျှော့ယူမှုအပြင်လုပ်ခများကိုအချိန်ရွှေ့ဆိုင်းရယူရန်သဘောတူညီမှုနဲ့အတူအသစ်ခေါ်ယူထားတဲ့မမ်ဖစ်ဒီပေး၊အဲရစ်ဂါစီယာ၊ရေးမာနာတို့အားလာလီဂါအဖွင့်ပွဲမတိုင်မီအချိန်မီကစားသမားမှတ်ပုံတင်နိုင်ခဲ့ပါတယ်။

ယခုအခါပီကေးကဘာစီလိုနာရဲ့အခြားအသင်းခေါင်းဆောင်များဖြစ်ကြတဲ့ဘက်စကွက်၊ဆာဂျီရောဘတ်တိုနှင့်ဂျော်ဒီအယ်လ်ဘာတို့မှာလည်းမိမိကဲ့သို့ပင်လုပ်ခလျှော့ယူလာမည်ဖြစ်ကြောင်းအတည်ပြုပြောကြားလာပါတယ်။

ဆိုစီဒက်အား၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ပီကေးက “လုပ်ခလျှော့ယူမှုကကျွန်တော်လုပ်ကိုလုပ်ရမယ့်အရာပါ။အခြားအသင်းခေါင်းဆောင်တွေလည်းကျွန်တော်လို့လျှော့ယူလာကြမှာပါ။အချိန်ကပဲစကားပြောသွားပါလိမ့်မယ်။ကစားသမားမှတ်ပုံတင်ဖို့ကိစ္စကြောင့်ကျွန်တော့်ဘက်ကအလျှင်အမြန်လုပ်လိုက်တာပါ။ဒါပေမယ့်ဒါကမိသားစုအရေးပါ။ကျွန်တော်တို့အားလုံးအတူတူပါ။အသင်းခေါင်းဆောင်အားလုံးဟာလည်းကလပ်ကလိုအပ်လာတဲ့အချိန်မှာညှိပေးဖို့ဆန္ဒရှိကြပါတယ်။ကျွန်တော်တို့ချခဲ့တဲ့ဆုံးဖြတ်ချက်အတွက်ဂုဏ်ယူပါတယ်”လို့ပြောကြားသွားပါတယ်။

ဆိုစီဒက်နှင့်ပွဲတွင်လုပ်ခလျှော့ယူရန်ငြင်းဆိုနေတဲ့အယ်လ်ဘာကိုဘာစီလိုနာပရိသတ်များကလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

ယင်းနှင့်ပတ်သက်ပြီးပီကေးက “တစ်ခါတစ်လေနားလည်မှုတွေလွဲတတ်ကြပါတယ်။ဆာဂျီ၊ဘူစီ၊ဂျော်ဒီတို့နဲ့ထိတွေ့မှုရှိပါတယ်။ကျွန်တော်တို့အားလုံးသဘောတူညီမှုရဖို့ကြိုးစားနေကြတာပါ။လိဂ်မစတင်ခင်မှာကစားသမားအချို့လုပ်ခလျှော့ယူမှကစားသမားသစ်တို့ကိုမှတ်ပုံတင်နိုင်မယ့်အခြေအနေမှာရှိခဲ့ပါတယ်။သူတို့လည်းကျွန်တော်တို့လိုလုပ်မှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘာကာအသင္းေခါင္းေဆာင္ေလးဦးလုံး လုပ္ခေလွ်ာ့ယူမည္ဟု ပီေကးေျပာၾကား

ဘာစီလိုနာေနာက္ခံလူဂါရတ္ပီေကးကဘာစီလိုနာအသင္းေခါင္းေဆာင္ေလးဦးလုံးမွာလုပ္ခေလွ်ာ့ယူၾကမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘာစီလိုနာဟာပီေကးရဲ႕လုပ္ခေလွ်ာ့ယူမႈအျပင္လုပ္ခမ်ားကိုအခ်ိန္ေ႐ႊ႕ဆိုင္းရယူရန္သေဘာတူညီမႈနဲ႔အတူအသစ္ေခၚယူထားတဲ့မမ္ဖစ္ဒီေပး၊အဲရစ္ဂါစီယာ၊ေရးမာနာတို႔အားလာလီဂါအဖြင့္ပြဲမတိုင္မီအခ်ိန္မီကစားသမားမွတ္ပုံတင္ႏိုင္ခဲ့ပါတယ္။

ယခုအခါပီေကးကဘာစီလိုနာရဲ႕အျခားအသင္းေခါင္းေဆာင္မ်ားျဖစ္ၾကတဲ့ဘက္စကြက္၊ဆာဂ်ီေရာဘတ္တိုႏွင့္ေဂ်ာ္ဒီအယ္လ္ဘာတို႔မွာလည္းမိမိကဲ့သို႔ပင္လုပ္ခေလွ်ာ့ယူလာမည္ျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

ဆိုစီဒက္အား၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဦးေဆာင္ဂိုးသြင္းယူခဲ့တဲ့ပီေကးက “လုပ္ခေလွ်ာ့ယူမႈကကြၽန္ေတာ္လုပ္ကိုလုပ္ရမယ့္အရာပါ။အျခားအသင္းေခါင္းေဆာင္ေတြလည္းကြၽန္ေတာ္လို႔ေလွ်ာ့ယူလာၾကမွာပါ။အခ်ိန္ကပဲစကားေျပာသြားပါလိမ့္မယ္။ကစားသမားမွတ္ပုံတင္ဖို႔ကိစၥေၾကာင့္ကြၽန္ေတာ့္ဘက္ကအလွ်င္အျမန္လုပ္လိုက္တာပါ။ဒါေပမယ့္ဒါကမိသားစုအေရးပါ။ကြၽန္ေတာ္တို႔အားလုံးအတူတူပါ။အသင္းေခါင္းေဆာင္အားလုံးဟာလည္းကလပ္ကလိုအပ္လာတဲ့အခ်ိန္မွာညႇိေပးဖို႔ဆႏၵရွိၾကပါတယ္။ကြၽန္ေတာ္တို႔ခ်ခဲ့တဲ့ဆုံးျဖတ္ခ်က္အတြက္ဂုဏ္ယူပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုစီဒက္ႏွင့္ပြဲတြင္လုပ္ခေလွ်ာ့ယူရန္ျငင္းဆိုေနတဲ့အယ္လ္ဘာကိုဘာစီလိုနာပရိသတ္မ်ားကေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းႏွင့္ပတ္သက္ၿပီးပီေကးက “တစ္ခါတစ္ေလနားလည္မႈေတြလြဲတတ္ၾကပါတယ္။ဆာဂ်ီ၊ဘူစီ၊ေဂ်ာ္ဒီတို႔နဲ႔ထိေတြ႕မႈရွိပါတယ္။ကြၽန္ေတာ္တို႔အားလုံးသေဘာတူညီမႈရဖို႔ႀကိဳးစားေနၾကတာပါ။လိဂ္မစတင္ခင္မွာကစားသမားအခ်ိဳ႕လုပ္ခေလွ်ာ့ယူမွကစားသမားသစ္တို႔ကိုမွတ္ပုံတင္ႏိုင္မယ့္အေျခအေနမွာရွိခဲ့ပါတယ္။သူတို႔လည္းကြၽန္ေတာ္တို႔လိုလုပ္မွာပါ”လို႔ေျပာၾကားသြားပါတယ္။