ဘာကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုအား မန်ယူ ခေါ်ယူလိုက်သလဲ မန်ချက်စတာညနေခင်းသတင်းစာဖွင့်ချလာ

မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုအပြောင်းအရွှေ့အားအပြီးသတ်လိုက်နိုင်ပြီဖြစ်ပါတယ်။မန်ယူရဲ့ခရစ္စတီယာနိုရော်နယ်ဒိုအားပြန်လည်ခေါ်ယူလိုက်မှုကပြီးခဲ့တဲ့ရက်များအတွင်းမှာဘောလုံးလောကမှာအလှုပ်ခတ်ဆုံးသတင်းဖြစ်ခဲ့ပါတယ်။

တကယ်တော့မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားအသင်းအတွက်အလွန်လိုအပ်တယ်ဆိုပြီးတော့ခေါ်ယူလိုက်တာမျိုးမဟုတ်ပါဘူး။မန်ယူဟာမြို့ခံပြိုင်ဘက်ကလပ်မန်စီးတီးသို့ သူတို့ရဲ့စူပါစတားကစားသမားဟောင်းရောက်သွားမှာစိုးရိမ်မှုကြောင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

မန်စီးတီးဟာပြီးခဲ့တဲ့အပတ်တုန်းကဟယ်ရီကိန်းအားခေါ်ယူရေးမအောင်မြင်ခဲ့ပြီးနောက်လက်ရှိဈေးကွက်တွင်ခေါ်ယူနိုင်တဲ့တစ်ဦးတည်းသောထိပ်တန်းတိုက်စစ်မှူးဖြစ်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ကာအနီးစပ်ဆုံးအနေအထားသို့လည်း ရောက်ခဲ့ပါတယ်။

ဒါပေမယ့်၂၄နာရီအတွင်းမှာဘဲအခြေအနေအပြောင်းအလဲများစွာဖြစ်ခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့မပြောင်းဖြစ်ဘဲအသင်းဟောင်းမန်ယူသို့ပြောင်းဖြစ်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကိုအိိုးထရက်ဖို့ဒ်သို့ပြန်ရောက်လာစေရေးအတွက်မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်၊ကစားသမားဟောင်းများဖြစ်ကြတဲ့ရီယိုဖာဒီနန်၊ပက်ထရစ်အီဗရာ၊ဒါရင်းဖလက်ချာအပြင်ပေါ်တူဂီကစားဖော်ဘရူနိုဖာနန်ဒက်စ်တို့လည်းဖျောင်းဖျခဲ့ပါတယ်။

ဒါပေမယ့်ယနေ့မှာမန်ချက်စတာညနေခင်းသတင်းစာရဲဲ့ဖော်ပြချက်အရမန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားမန်စီးတီးသို့ရောက်သွားမှာစိုးလို့ဆိုတဲ့အချက်တစ်ခုတည်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းရေးသားလာပါတယ်။

တစ်ဖက်တွင်မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုကလည်းရော်နယ်ဒိုအားမန်စီးတီးသို့လက်လွှတ်ရမှုကြောင့်၎င်းတို့အပေါ်အပြစ်ပုံကြလာမည်ကိုစိုးရိမ်နေပါတယ်။ဒါ့အပြင်ဂလေဇာမိသားစုဟာရော်နယ်ဒိုခေါ်ယူလိုက်မှုနဲ့အတူပရိသတ်များအားမေတ္တာရယူလာနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်တစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀တန်၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ယင်းစာချုပ်အတွင်းတွင်၁နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်းပါဝင်ပါတယ်။

ZawGyi

ဘာေၾကာင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုအား မန္ယူ ေခၚယူလိုက္သလဲ မန္ခ်က္စတာညေနခင္းသတင္းစာဖြင့္ခ်လာ

မန္ခ်က္စတာယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအေျပာင္းအေ႐ႊ႕အားအၿပီးသတ္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။မန္ယူရဲ႕ခရစၥတီယာႏိုေရာ္နယ္ဒိုအားျပန္လည္ေခၚယူလိုက္မႈကၿပီးခဲ့တဲ့ရက္မ်ားအတြင္းမွာေဘာလုံးေလာကမွာအလႈပ္ခတ္ဆုံးသတင္းျဖစ္ခဲ့ပါတယ္။

တကယ္ေတာ့မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားအသင္းအတြက္အလြန္လိုအပ္တယ္ဆိုၿပီးေတာ့ေခၚယူလိုက္တာမ်ိဳးမဟုတ္ပါဘူး။မန္ယူဟာၿမိဳ႕ခံၿပိဳင္ဘက္ကလပ္မန္စီးတီးသို႔ သူတို႔ရဲ႕စူပါစတားကစားသမားေဟာင္းေရာက္သြားမွာစိုးရိမ္မႈေၾကာင့္ေခၚယူလိုက္တာျဖစ္ပါတယ္။

မန္စီးတီးဟာၿပီးခဲ့တဲ့အပတ္တုန္းကဟယ္ရီကိန္းအားေခၚယူေရးမေအာင္ျမင္ခဲ့ၿပီးေနာက္လက္ရွိေဈးကြက္တြင္ေခၚယူႏိုင္တဲ့တစ္ဦးတည္းေသာထိပ္တန္းတိုက္စစ္မႉးျဖစ္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူဖို႔ႀကိဳးပမ္းခဲ့ကာအနီးစပ္ဆုံးအေနအထားသို႔လည္း ေရာက္ခဲ့ပါတယ္။

ဒါေပမယ့္၂၄နာရီအတြင္းမွာဘဲအေျခအေနအေျပာင္းအလဲမ်ားစြာျဖစ္ခဲ့ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္စီးတီးသို႔မေျပာင္းျဖစ္ဘဲအသင္းေဟာင္းမန္ယူသို႔ေျပာင္းျဖစ္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအိိုးထရက္ဖို႔ဒ္သို႔ျပန္ေရာက္လာေစေရးအတြက္မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္၊ကစားသမားေဟာင္းမ်ားျဖစ္ၾကတဲ့ရီယိုဖာဒီနန္၊ပက္ထရစ္အီဗရာ၊ဒါရင္းဖလက္ခ်ာအျပင္ေပၚတူဂီကစားေဖာ္ဘ႐ူႏိုဖာနန္ဒက္စ္တို႔လည္းေဖ်ာင္းဖ်ခဲ့ပါတယ္။

ဒါေပမယ့္ယေန႔မွာမန္ခ်က္စတာညေနခင္းသတင္းစာရဲဲ့ေဖာ္ျပခ်က္အရမန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားမန္စီးတီးသို႔ေရာက္သြားမွာစိုးလို႔ဆိုတဲ့အခ်က္တစ္ခုတည္းျဖင့္ေခၚယူခဲ့ျခင္းျဖစ္ေၾကာင္းေရးသားလာပါတယ္။

တစ္ဖက္တြင္မန္ယူအသင္းပိုင္ရွင္ဂေလဇာမိသားစုကလည္းေရာ္နယ္ဒိုအားမန္စီးတီးသို႔လက္လႊတ္ရမႈေၾကာင့္၎တို႔အေပၚအျပစ္ပုံၾကလာမည္ကိုစိုးရိမ္ေနပါတယ္။ဒါ့အျပင္ဂေလဇာမိသားစုဟာေရာ္နယ္ဒိုေခၚယူလိုက္မႈနဲ႔အတူပရိသတ္မ်ားအားေမတၱာရယူလာႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူႏွင့္တစ္ပတ္လုပ္ခေပါင္၄၈၀၀၀၀တန္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ယင္းစာခ်ဳပ္အတြင္းတြင္၁ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္လည္းပါဝင္ပါတယ္။