ဘာကြောင့် ဆန်ချိုကို မန်စီးတီးသို့ ပြန်ခေါ်ယူဖို့ ဂွါဒီယိုလာ လုံးဝစိတ်မဝင်စားရသလဲ?

ပြီးခဲ့တဲ့နွေတုန်းကဆန်ချိုရဲ့အိုးထရက်ဖို့ဒ်အပြောင်းအရွှေ့ကကြာမြင့်သလောက်မအောင်မြင်ခဲ့တဲ့အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ဒေါ့မွန်ကဆန်ချိုအတွက်ပေါင်သန်း၁၀၀တောင်းဆိုခဲ့ပြီးမန်ယူကယင်းပမာဏကိုမပေးနိုင်ခဲ့ပါဘူး။

ဒါပေမယ့်မန်ယူဟာယခုနွေရာသီမှာတော့ဆန်ချိုကိုယင်းပမာဏထက်နည်းပါးတဲ့ငွေကြေးပမာဏဖြင့်ခေါ်ယူလာနိုင်ဖို့ရှိပါတယ်။ဆန်ချိုရဲ့အိုးထရက်ဖို့ဒ်အပြောင်းအရွှေ့ကလာမယ့်ရက်သတ္တပတ်တွေအတွင်းမှာဖြစ်လာဖို့ရှိနေပါတယ်။

မန်ယူရဲ့မြို့ခံပြိုင်ဘက်ကလပ်မန်စီးတီးဟာအသက်၂၁နှစ်ရှိတောင်ပံတိုက်စစ်သမားရဲ့ပါရမီနှင့်အလားအလာကောင်းတို့ကိုသတိပြုမိပါတယ်။ဒါပေမယ့်မန်စီးတီးနည်းပြဂွါဒီယိုလာဟာဆန်ချိုကိုခေါ်ယူဖို့အတွက်လုံးဝမစဉ်းစားခဲ့ပါဘူး။

The Mirror သတင်းစာရဲ့ဖော်ပြချက်အရမန်စီးတီးနည်းပြဂွါဒီယိုလာဟာဆန်ချိုရဲ့ပရိသတ်တစ်ဦးဖြစ်ပေမယ့်၂၀၁၇ခုနှစ်တုန်းကအသင်းကထွက်ခွာခွင့်ရဖို့အတွက်လေ့ကျင့်ရေးကွင်းသို့မလာဘဲဆန္ဒပြကြိုးပမ်းခဲ့မှုနဲ့အတူပြန်လည်ခေါ်ယူဖို့လုံးဝမစဉ်းစားတာဖြစ်ကြောင်းသိရပါတယ်။

ထိုစဉ်ကအသက်၁၇နှစ်ရှိသေးတဲ့ဆန်ချိုဟာမန်စီးတီးနှင့်စာချုပ်သစ်မချုပ်ဆိုမီပထမအသင်းတွင်ပွဲထွက်ခွင့်ရရှိဖို့အာမခံချက်တောင်းဆိုခဲ့ပါတယ်။

သူဟာမန်စီးတီးထံမှအာမခံချက်မရရှိပြီးတဲ့နောက်မန်စီးတီးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်သို့မလိုက်ပါဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးလျှင်ဆန်ချိုဟာပထမအသင်းမှာကစားခွင့်ရရှိဖို့အာမခံချက်ပေးတဲ့အသင်းသို့ပြောင်းဖို့ကြိုးပမ်းပါတော့တယ်။နောက်တော့သူ့ကိုဒေါ့မွန်ကပြောင်းရွှေ့ကြေးပေါင်၈သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။

ဂွါဒီယိုလာဟာအသင်းကနေထွက်ခွာခွင့်ရဖို့အတွက်သပိတ်မှောက်ကာကြိုးပမ်းမှုပြုလုပ်ခြင်းကြောင့်ဆန်ချိုကိုအီတီဟတ်သို့ပြန်မခေါ်ဖို့ဆုံးဖြတ်တာကြောင့်မန်စီးတီးပရိသတ်များအတွက်တစ်စုံတစ်ရာစိတ်ခံစားရမှာမဟုတ်ပါဘူး။ဒါပေမယ့်ယင်းအချက်ကတော့မန်ယူအတွက်ဆန်ချိုကိုခေါ်ယူရေးအတွက်အခွင့်အရေးပိုမိုကောင်းမွန်လာစေပါတယ်။

အခြားတစ်ဖက်မှာမန်စီးတီးဟာဆန်ချိုရဲ့မန်ယူအပြောင်းအရွှေ့ကြောင့်ငွေကြေးအကျိုးအမြတ်ရရှိဦးမှာဖြစ်ပါတယ်။မန်စီးတီးဟာဆန်ချိုကိုဒေါ့မွန်သို့ရောင်းချစဉ်တုန်းကသူ့ကိုပြန်လည်ရောင်းချချိန်မှာ၁၅ရာခိုင်နှုန်းခံစားခွင့်ရရှိမယ့်အချက်ကိုအရောင်းစာချုပ်မှာထည့်သွင်ချုပ်ဆိုခဲ့ပါတယ်။

ဒါကြောင့်ဆန်ချိုရဲ့မန်ယူသို့အပြောင်းအရွှေ့ဖြစ်မြောက်လာမယ်ဆိုရင်မန်စီးတီးဟာပေါင်၁၁သန်းခန့်အထိရရှိလာဖို့ရှိပါတယ်။

ဆန်ချိုဟာဂျာမနီမှာကစားတဲ့၄ရာသီအတွင်းမှာဒေါ့မွန်အတွက်၁၃၇ပွဲကစားကာဂိုး၅၀သွင်းယူထားပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကဂျာမန်ပိုကယ်ဖလားဆွတ်ခူးကာသူ့ကစားသမားဘဝတစ်လျှောက်ပထမဆုံးဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာအင်္ဂလန်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲမှာလည်းအောင်မြင်မှုရဖို့မျှော်လင့်နေပါတယ်။

ZawGyi

ဘာေၾကာင့္ ဆန္ခ်ိဳကို မန္စီးတီးသို႔ ျပန္ေခၚယူဖို႔ ဂြါဒီယိုလာလုံးဝစိတ္မဝင္စားရသလဲ?

ၿပီးခဲ့တဲ့ေႏြတုန္းကဆန္ခ်ိဳရဲ႕အိုးထရက္ဖို႔ဒ္အေျပာင္းအေ႐ႊ႕ကၾကာျမင့္သေလာက္မေအာင္ျမင္ခဲ့တဲ့အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့ပါတယ္။ေဒါ့မြန္ကဆန္ခ်ိဳအတြက္ေပါင္သန္း၁၀၀ေတာင္းဆိုခဲ့ၿပီးမန္ယူကယင္းပမာဏကိုမေပးႏိုင္ခဲ့ပါဘူး။

ဒါေပမယ့္မန္ယူဟာယခုေႏြရာသီမွာေတာ့ဆန္ခ်ိဳကိုယင္းပမာဏထက္နည္းပါးတဲ့ေငြေၾကးပမာဏျဖင့္ေခၚယူလာႏိုင္ဖို႔ရွိပါတယ္။ဆန္ခ်ိဳရဲ႕အိုးထရက္ဖို႔ဒ္အေျပာင္းအေ႐ႊ႕ကလာမယ့္ရက္သတၱပတ္ေတြအတြင္းမွာျဖစ္လာဖို႔ရွိေနပါတယ္။

မန္ယူရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ကလပ္မန္စီးတီးဟာအသက္၂၁ႏွစ္ရွိေတာင္ပံတိုက္စစ္သမားရဲ႕ပါရမီႏွင့္အလားအလာေကာင္းတို႔ကိုသတိျပဳမိပါတယ္။ဒါေပမယ့္မန္စီးတီးနည္းျပဂြါဒီယိုလာဟာဆန္ခ်ိဳကိုေခၚယူဖို႔အတြက္လုံးဝမစဥ္းစားခဲ့ပါဘူး။

The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရမန္စီးတီးနည္းျပဂြါဒီယိုလာဟာဆန္ခ်ိဳရဲ႕ပရိသတ္တစ္ဦးျဖစ္ေပမယ့္၂၀၁၇ခုႏွစ္တုန္းကအသင္းကထြက္ခြာခြင့္ရဖို႔အတြက္ေလ့က်င့္ေရးကြင္းသို႔မလာဘဲဆႏၵျပႀကိဳးပမ္းခဲ့မႈနဲ႔အတူျပန္လည္ေခၚယူဖို႔လုံးဝမစဥ္းစားတာျဖစ္ေၾကာင္းသိရပါတယ္။

ထိုစဥ္ကအသက္၁၇ႏွစ္ရွိေသးတဲ့ဆန္ခ်ိဳဟာမန္စီးတီးႏွင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုမီပထမအသင္းတြင္ပြဲထြက္ခြင့္ရရွိဖို႔အာမခံခ်က္ေတာင္းဆိုခဲ့ပါတယ္။

သူဟာမန္စီးတီးထံမွအာမခံခ်က္မရရွိၿပီးတဲ့ေနာက္မန္စီးတီးရဲ႕အေမရိကန္ရာသီႀကိဳခရီးစဥ္သို႔မလိုက္ပါဖို႔ဆုံးျဖတ္ခဲ့ပါတယ္။

ၿပီးလွ်င္ဆန္ခ်ိဳဟာပထမအသင္းမွာကစားခြင့္ရရွိဖို႔အာမခံခ်က္ေပးတဲ့အသင္းသို႔ေျပာင္းဖို႔ႀကိဳးပမ္းပါေတာ့တယ္။ေနာက္ေတာ့သူ႔ကိုေဒါ့မြန္ကေျပာင္းေ႐ႊ႕ေၾကးေပါင္၈သန္းျဖင့္ေခၚယူခဲ့ပါတယ္။

ဂြါဒီယိုလာဟာအသင္းကေနထြက္ခြာခြင့္ရဖို႔အတြက္သပိတ္ေမွာက္ကာႀကိဳးပမ္းမႈျပဳလုပ္ျခင္းေၾကာင့္ဆန္ခ်ိဳကိုအီတီဟတ္သို႔ျပန္မေခၚဖို႔ဆုံးျဖတ္တာေၾကာင့္မန္စီးတီးပရိသတ္မ်ားအတြက္တစ္စုံတစ္ရာစိတ္ခံစားရမွာမဟုတ္ပါဘူး။ဒါေပမယ့္ယင္းအခ်က္ကေတာ့မန္ယူအတြက္ဆန္ခ်ိဳကိုေခၚယူေရးအတြက္အခြင့္အေရးပိုမိုေကာင္းမြန္လာေစပါတယ္။

အျခားတစ္ဖက္မွာမန္စီးတီးဟာဆန္ခ်ိဳရဲ႕မန္ယူအေျပာင္းအေ႐ႊ႕ေၾကာင့္ေငြေၾကးအက်ိဳးအျမတ္ရရွိဦးမွာျဖစ္ပါတယ္။မန္စီးတီးဟာဆန္ခ်ိဳကိုေဒါ့မြန္သို႔ေရာင္းခ်စဥ္တုန္းကသူ႔ကိုျပန္လည္ေရာင္းခ်ခ်ိန္မွာ၁၅ရာခိုင္ႏႈန္းခံစားခြင့္ရရွိမယ့္အခ်က္ကိုအေရာင္းစာခ်ဳပ္မွာထည့္သြင္ခ်ဳပ္ဆိုခဲ့ပါတယ္။

ဒါေၾကာင့္ဆန္ခ်ိဳရဲ႕မန္ယူသို႔အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာမယ္ဆိုရင္မန္စီးတီးဟာေပါင္၁၁သန္းခန႔္အထိရရွိလာဖို႔ရွိပါတယ္။

ဆန္ခ်ိဳဟာဂ်ာမနီမွာကစားတဲ့၄ရာသီအတြင္းမွာေဒါ့မြန္အတြက္၁၃၇ပြဲကစားကာဂိုး၅၀သြင္းယူထားပါတယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကဂ်ာမန္ပိုကယ္ဖလားဆြတ္ခူးကာသူ႔ကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးဆုဖလားကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာအဂၤလန္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလည္းေအာင္ျမင္မႈရဖို႔ေမွ်ာ္လင့္ေနပါတယ္။