ဘာကြောင့် ပင်နယ်တီအဆုံးအဖြတ်တွင် ကီပါကို ထည့်သွင်းခဲ့ရသလဲ တူချယ်ရှင်းလင်းလာ

သောမတ်စ်တူချယ်ဟာမနေ့ညတုန်းကဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ပွဲတွင်အီဒူယတ်မင်ဒီရဲ့နေရာတွင်ကီပါအာရီဇူဘာလာဂါအားထည့်သွင်းကာပင်နယ်တီဖမ်းစေခဲ့မှုနှင့်ပတ်သက်ပြီးရှင်းလင်းမှုပြုလုပ်လာပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကဗီလာရီးရဲလ်နှင့်ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်တွင်ပွဲချိန်၁၂၀မိနစ်အတွင်း၁ဂိုးစီသရေကျနေခဲ့သော်လည်းပင်နယ်တီအဆုံးအဖြတ်တွင်၆-၅ဖြင့်အနိုင်ရရှိကာလအနည်းငယ်အတွင်းတွင်ဒုတိယမြောက်ဥရောပဖလားထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်အချိန်ပိုပြီးဆုံးခါနီးလာကာပင်နယ်တီအဆုံးအဖြတ်ခံယူရတော့မယ့်အချိန်တွင်ဂျာမနီလူမျိုးနည်းပြသောမတ်စ်တူချယ်ဟာပထမဦးစားပေးဂိုးသမားမင်ဒီကိုထုတ်ကာဒုတိယဦးစားပေးဂိုးသမားကီပါအားလူစားလဲမှုပြုလုပ်ခဲ့ပါတယ်။

စပိန်ဂိုးသမားဟာလည်းအိုင်ဆာမင်ဒီနှင့်ရာအူးလ်အယ်ဘီယိုတို့ရဲ့ပင်နယ်တီကိုကာကွယ်ကာချဲလ်ဆီးအားဥရောပစူပါဖလားဆွတ်ခူးပေးအောင်အဓိကနေရာမှကူညီခဲ့ပါတယ်။

သောမတ်စ်တူချယ်ကယင်းသို့ပင်နယ်တီအဆုံးဖြတ်တွင်ကီပါအားလူစားလဲလှယ်အသုံးပြုရန်ယခင်ကတည်းကစီစဉ်ထားခဲ့ခြင်းဖြစ်ပြီးဖေဖော်ဝါရီလတုန်းကပထမဆုံးရှုံးပွဲအဆင့်ပွဲစဉ်မှစတင်ကာစဉ်းစားလာခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

တူချယ်က “မတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ဘန်စလေနဲ့ပထမဖလားပွဲတုန်းကဂိုးသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့စကားပြောခဲ့ကြတယ်။ကျွန်တော်တို့မှာမှတ်တမ်းအချို့ရှိပါတယ်။ကီပါကပင်နယ်တီကာကွယ်မှုပိုင်းမှာရာခိုင်နှုန်းတော်တော်ကောင်းတာတွေ့ရပါတယ်။အချက်အလက်လေ့လာဆန်းစစ်ရေးသမားတွေ၊ဂိုးနည်းပြတွေကကျွန်တော့်ကိုအချက်အလက်တွေကိုပြလာပါတယ်။ဖလားပွဲတွေမှာအသုံးချမယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့ဟာကစားသမားတွေနဲ့စကားပြောခဲ့တယ်။အီဒူကလည်းအရမ်းကောင်းတယ်။ကျွန်တော်တို့အနေနဲ့အသင်းလိုက်စိတ်ဓာတ်နဲ့လုပ်ဖို့လိုအပ်ပါတယ်။ကီပါကလည်းပင်နယ်တီပတ်သက်ပြီးပိုကောင်းတယ်ဆိုတာသက်သေပြခဲ့ပါတယ်”လို့ပြောကြားခဲ့ဖူးပါတယ်။

ကီပါဟာ၂၀၁၉ခုနှစ်တုန်းကဝင်ဘာလေကွင်းတွင်မန်စီးတီးနှင့်ကစားရတဲ့ကာရာဘောင်းဖလားပွဲရဲ့ပင်နယ်တီအဆုံးအဖြတ်ရောက်ခါနီးတွင်နည်းပြဆာရီကကာဘယ်လီယိုနှင့်လူစားလဲရန်စီစဉ်တုန်းကကွင်းအတွင်းမှထွက်ခွာရန်ငြင်းဆိုခဲ့ဖူးသူဖြစ်ပါတယ်။

ယခုအခါမှာတော့ဘီလ်ဘာအိုမှပေါင်၇၂သန်းဖြင့်ပြောင်းလာပြီးနောက်ဝေဖန်မှုများနဲ့ရင်ဆိုင်လာခဲ့ရတဲ့ကီပါဟာချဲလ်ဆီးသူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ZawGyi

ဘာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္တြင္ ကီပါကို ထည့္သြင္းခဲ့ရသလဲ တူခ်ယ္ရွင္းလင္းလာ

ေသာမတ္စ္တူခ်ယ္ဟာမေန႔ညတုန္းကဗီလာရီးရဲလ္အားအႏိုင္ရရွိတဲ့ပြဲတြင္အီဒူယတ္မင္ဒီရဲ႕ေနရာတြင္ကီပါအာရီဇူဘာလာဂါအားထည့္သြင္းကာပင္နယ္တီဖမ္းေစခဲ့မႈႏွင့္ပတ္သက္ၿပီးရွင္းလင္းမႈျပဳလုပ္လာပါတယ္။

ခ်ဲလ္ဆီးဟာမေန႔ညတုန္းကဗီလာရီးရဲလ္ႏွင့္ယူအီးအက္ဖ္ေအစူပါဖလားပြဲစဥ္တြင္ပြဲခ်ိန္၁၂၀မိနစ္အတြင္း၁ဂိုးစီသေရက်ေနခဲ့ေသာ္လည္းပင္နယ္တီအဆုံးအျဖတ္တြင္၆-၅ျဖင့္အႏိုင္ရရွိကာလအနည္းငယ္အတြင္းတြင္ဒုတိယေျမာက္ဥေရာပဖလားထပ္မံဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္အခ်ိန္ပိုၿပီးဆုံးခါနီးလာကာပင္နယ္တီအဆုံးအျဖတ္ခံယူရေတာ့မယ့္အခ်ိန္တြင္ဂ်ာမနီလူမ်ိဳးနည္းျပေသာမတ္စ္တူခ်ယ္ဟာပထမဦးစားေပးဂိုးသမားမင္ဒီကိုထုတ္ကာဒုတိယဦးစားေပးဂိုးသမားကီပါအားလူစားလဲမႈျပဳလုပ္ခဲ့ပါတယ္။

စပိန္ဂိုးသမားဟာလည္းအိုင္ဆာမင္ဒီႏွင့္ရာအူးလ္အယ္ဘီယိုတို႔ရဲ႕ပင္နယ္တီကိုကာကြယ္ကာခ်ဲလ္ဆီးအားဥေရာပစူပါဖလားဆြတ္ခူးေပးေအာင္အဓိကေနရာမွကူညီခဲ့ပါတယ္။

ေသာမတ္စ္တူခ်ယ္ကယင္းသို႔ပင္နယ္တီအဆုံးျဖတ္တြင္ကီပါအားလူစားလဲလွယ္အသုံးျပဳရန္ယခင္ကတည္းကစီစဥ္ထားခဲ့ျခင္းျဖစ္ၿပီးေဖေဖာ္ဝါရီလတုန္းကပထမဆုံးရႈံးပြဲအဆင့္ပြဲစဥ္မွစတင္ကာစဥ္းစားလာခဲ့ျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

တူခ်ယ္က “မေတာ္တဆျဖစ္လာတာမဟုတ္ပါဘူး။ဘန္စေလနဲ႔ပထမဖလားပြဲတုန္းကဂိုးသမားေတြနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔စကားေျပာခဲ့ၾကတယ္။ကြၽန္ေတာ္တို႔မွာမွတ္တမ္းအခ်ိဳ႕ရွိပါတယ္။ကီပါကပင္နယ္တီကာကြယ္မႈပိုင္းမွာရာခိုင္ႏႈန္းေတာ္ေတာ္ေကာင္းတာေတြ႕ရပါတယ္။အခ်က္အလက္ေလ့လာဆန္းစစ္ေရးသမားေတြ၊ဂိုးနည္းျပေတြကကြၽန္ေတာ့္ကိုအခ်က္အလက္ေတြကိုျပလာပါတယ္။ဖလားပြဲေတြမွာအသုံးခ်မယ္လို႔ေျပာခဲ့ပါတယ္။ကြၽန္ေတာ္တို႔ဟာကစားသမားေတြနဲ႔စကားေျပာခဲ့တယ္။အီဒူကလည္းအရမ္းေကာင္းတယ္။ကြၽန္ေတာ္တို႔အေနနဲ႔အသင္းလိုက္စိတ္ဓာတ္နဲ႔လုပ္ဖို႔လိုအပ္ပါတယ္။ကီပါကလည္းပင္နယ္တီပတ္သက္ၿပီးပိုေကာင္းတယ္ဆိုတာသက္ေသျပခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ဖူးပါတယ္။

ကီပါဟာ၂၀၁၉ခုႏွစ္တုန္းကဝင္ဘာေလကြင္းတြင္မန္စီးတီးႏွင့္ကစားရတဲ့ကာရာေဘာင္းဖလားပြဲရဲ႕ပင္နယ္တီအဆုံးအျဖတ္ေရာက္ခါနီးတြင္နည္းျပဆာရီကကာဘယ္လီယိုႏွင့္လူစားလဲရန္စီစဥ္တုန္းကကြင္းအတြင္းမွထြက္ခြာရန္ျငင္းဆိုခဲ့ဖူးသူျဖစ္ပါတယ္။

ယခုအခါမွာေတာ့ဘီလ္ဘာအိုမွေပါင္၇၂သန္းျဖင့္ေျပာင္းလာၿပီးေနာက္ေဝဖန္မႈမ်ားနဲ႔ရင္ဆိုင္လာခဲ့ရတဲ့ကီပါဟာခ်ဲလ္ဆီးသူရဲေကာင္းတစ္ဦးျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။