ဘာကြောင့် ပီအက်စ်ဂျီတွင် ကျောနံပါတ် ၉၉ ကို ဒွန်နာရမ်မာ ဝတ်ဆင်ခွင့် အပိတ်ခံရသလဲ?

ဂီယန်လူဂီဒွန်နာရမ်မာဟာအေစီမီလန်ကနေပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ပြီးနောက်ကလပ်သစ်မှာကျောနံပါတ်၅၀ကိုဝတ်ဆင်ကစားသွားပါမယ်။

အီတလီရဲ့ယူရို၂၀၂၀သူရဲကောင်းဟာပြင်သစ်ထိပ်သီးကလပ်နှင့်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။သူဟာရာမို့စ်၊ဝီနယ်ဒမ်၊ဟာကီမီတို့ပြီးနောက်ပီအက်စ်ဂျီရောက်လာတဲ့ကစားသမားလည်းဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိဂိုးသမားဟာပီအက်စ်ဂျီမှလုပ်ခတစ်နှစ်ယူရို၁၂သန်းအထိရရှိပါမယ်။ဒါပေမယ့်သူဟာပီအက်စ်ဂျီမှာသူ့စိတ်ကြိုက်ကျောနံပါတ်ကိုဝတ်ဆင်ခွင့်မရခဲ့ပါဘူး။သူဟာအသက်၁၆နှစ်မှာအေစီမီလန်အသင်းမှာစတင်ကစားခွင့်ရရှိပြီးနောက်သူ့ကိုမွေးဖွားတဲ့ခုနှစ်ဖြစ်တဲ့ကျောနံပါတ်၉၉ကိုဝတ်ဆင်ကစားလာခဲ့ပါတယ်။

ဒါပေမယ့်သူဟာပြင်သစ်လီဂူး၁ရဲ့စည်းမျဉ်းကြောင့်သူ့စိတ်ကြိုက်ကျောနံပါတ်ဖြစ်တဲ့ ၉၉ ကိုဝတ်ဆင်ခွင့်မရခဲ့ပါဘူး။ပြင်သစ်လီဂူး၁မှဂိုးသမားများအားဂဏန်းကြီးကျောနံပါတ်ကိုဝတ်ဆင်မှုတားမြစ်ထားပါတယ်။

လက်ရှိအချိန်တွင်ပီအက်စ်ဂျီရဲ့ကျောနံပါတ် ၁၊၆နှင့်၁၃တို့ကိုဂိုးသမားများဖြစ်ကြတဲ့ကိနာဗက်စ်၊ရီကိုနှင့်လီတဲလ်လီယာတို့ကဝတ်ဆင်နေပါတယ်။

ဒါကြောင့်ဒွန်နာရမ်မာအတွက်ရွေးချယ်စရာကျောနံပါတ်က နံပါတ်၄၀နှင့်နံပါတ်၅၀တို့သာရှိပါတော့တယ်။

မာရီယိုဘာလော့တယ်လီဟာလည်းလီဂူး၁ကလပ်များဖြစ်တဲ့နိုက်စ်နှင့်မာဆေးလ်တို့မှာကစားစဉ်တုန်းကသူ့စိတ်ကြိုက်နံပါတ်ဖြစ်တဲ့ကျောနံပါတ်၄၅ကိုဝတ်ဆင်ခွင့်မရခဲ့ပါဘူး။

ZawGyi

ဘာေၾကာင့္ ပီအက္စ္ဂ်ီတြင္ ေက်ာနံပါတ္ ၉၉ ကို ဒြန္နာရမ္မာ ဝတ္ဆင္ခြင့္ အပိတ္ခံရသလဲ?

ဂီယန္လူဂီဒြန္နာရမ္မာဟာေအစီမီလန္ကေနပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ကလပ္သစ္မွာေက်ာနံပါတ္၅၀ကိုဝတ္ဆင္ကစားသြားပါမယ္။

အီတလီရဲ႕ယူ႐ို၂၀၂၀သူရဲေကာင္းဟာျပင္သစ္ထိပ္သီးကလပ္ႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။သူဟာရာမို႔စ္၊ဝီနယ္ဒမ္၊ဟာကီမီတို႔ၿပီးေနာက္ပီအက္စ္ဂ်ီေရာက္လာတဲ့ကစားသမားလည္းျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိဂိုးသမားဟာပီအက္စ္ဂ်ီမွလုပ္ခတစ္ႏွစ္ယူ႐ို၁၂သန္းအထိရရွိပါမယ္။ဒါေပမယ့္သူဟာပီအက္စ္ဂ်ီမွာသူ႔စိတ္ႀကိဳက္ေက်ာနံပါတ္ကိုဝတ္ဆင္ခြင့္မရခဲ့ပါဘူး။သူဟာအသက္၁၆ႏွစ္မွာေအစီမီလန္အသင္းမွာစတင္ကစားခြင့္ရရွိၿပီးေနာက္သူ႔ကိုေမြးဖြားတဲ့ခုႏွစ္ျဖစ္တဲ့ေက်ာနံပါတ္၉၉ကိုဝတ္ဆင္ကစားလာခဲ့ပါတယ္။

ဒါေပမယ့္သူဟာျပင္သစ္လီဂူး၁ရဲ႕စည္းမ်ဥ္းေၾကာင့္သူ႔စိတ္ႀကိဳက္ေက်ာနံပါတ္ျဖစ္တဲ့ ၉၉ ကိုဝတ္ဆင္ခြင့္မရခဲ့ပါဘူး။ျပင္သစ္လီဂူး၁မွဂိုးသမားမ်ားအားဂဏန္းႀကီးေက်ာနံပါတ္ကိုဝတ္ဆင္မႈတားျမစ္ထားပါတယ္။

လက္ရွိအခ်ိန္တြင္ပီအက္စ္ဂ်ီရဲ႕ေက်ာနံပါတ္ ၁၊၆ႏွင့္၁၃တို႔ကိုဂိုးသမားမ်ားျဖစ္ၾကတဲ့ကိနာဗက္စ္၊ရီကိုႏွင့္လီတဲလ္လီယာတို႔ကဝတ္ဆင္ေနပါတယ္။

ဒါေၾကာင့္ဒြန္နာရမ္မာအတြက္ေ႐ြးခ်ယ္စရာေက်ာနံပါတ္က နံပါတ္၄၀ႏွင့္နံပါတ္၅၀တို႔သာရွိပါေတာ့တယ္။

မာရီယိုဘာေလာ့တယ္လီဟာလည္းလီဂူး၁ကလပ္မ်ားျဖစ္တဲ့ႏိုက္စ္ႏွင့္မာေဆးလ္တို႔မွာကစားစဥ္တုန္းကသူ႔စိတ္ႀကိဳက္နံပါတ္ျဖစ္တဲ့ေက်ာနံပါတ္၄၅ကိုဝတ္ဆင္ခြင့္မရခဲ့ပါဘူး။