ဘာကြောင့် Ballon d’Or ဆုက ရော်နယ်ဒိုနှင့်သာထိုက်တန်သလဲဆိုတာ အေးဂျင့်မန်ဒက်စ်ဖွင့်ဟလာ

ဂျော့မန်ဒက်စ်ကသူ့ကစားသမားခရစ္စတီယာနိုရော်နယ်ဒိုသာလျှင်၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုကိုအထိုက်တန်ဖြစ်ကြောင်းထောက်ပြပြောဆိုလာပါတယ်။

France Football ဟာပြီးခဲ့တဲ့အပတ်တုန်းက Ballon d’Or ဆုအတွက်ဆန်ကာတင်ကစားသမား၃၀ဦးကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝတစ်လျှောက်တွင် Ballon d’Or ဆုကိုငါးကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့သော်လည်းယခုနှစ် Ballon d’Or ဆုအတွက်ရေပန်းအစားဆုံးစာရင်းတွင်ပါဝင်ခြင်းမရှိပါဘူး။

လက်ရှိအချိန်တွင်၂၀၂၁ခုနှစ်အတွက် Ballon d’Or ဆုကိုဆွတ်ခူးရန်လီယွန်နယ်မက်ဆီနှင့်ဂျော်ဂျင်ဟိုတို့ကရေပန်းအစားဆုံးဖြစ်နေပါတယ်။လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားဆွတ်ခူးခဲ့သလိုဂျော်ဂျင်ဟိုမှာလည်းအီတလီနှင့်အတူယူရို၂၀၂၀ဖလား၊ချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဖလားအသီးသီးဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်စူပါအေးဂျင့်ဂျော့မန်ဒက်စ်ကသူ့ကစားသမားခရစ္စတီယာနိုရော်နယ်ဒိုသာလျှင်ယခုနှစ်အတွက် Ballon d’Or ဆုနှင့်အထိုက်တန်ဆုံးကစားသမားဖြစ်ကြောင်းဆိုလာပါတယ်။

၎င်းက “Ballon d’Or ဆုကခရစ္စတီယာနိုရော်နယ်ဒိုနဲ့ဘဲထိုက်တန်ပါတယ်။ဒီနှစ်လောက်သူနဲ့ထိုက်တန်တာမရှိပါဘူး။စီးရီးအေနဲ့ယူရိုမှာဂိုးသွင်းဘုရင်ဖြစ်ခဲ့တယ်။ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူစံချိန်ကိုရေးထိုးနေတယ်။ကွဲပြားတဲ့နိုင်ငံသုံးနိုင်ငံမှာအားလုံးဆွတ်ခူးခဲ့တဲ့တစ်ဦးတည်းသောကစားသမားဖြစ်တယ်”လို့ပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီတုန်းကဂျူဗင်တပ်နှင့်အတူကိုပါအီတာလီယာဖလားဆွတ်ခူးခဲ့ပြီးစီးရီးအေဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။ဒါ့အပြင်သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာဂိုးသွင်းဘုရင်ဆုဆက်လက်ဆွတ်ခူးခဲ့ပါတယ်။

ဆက်လက်ပြီးဂျော့မန်ဒက်စ်က “သူကဘောလုံးသမိုင်းမှာဂိုးအများဆုံးသွင်းယူထားသူပါ။ဒါကတကယ့်ကိုအရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။သူကသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုတာဆက်လက်ပြသနေတာကြောင့်ဒီဆုကသူ့အတွက်ဘဲဖြစ်သင့်ပါတယ်”လို့ဆိုသွားပါတယ်။

ZawGyi

ဘာေၾကာင့္ Ballon d’Or ဆုက ေရာ္နယ္ဒိုႏွင့္သာထိုက္တန္သလဲဆိုတာ ေအးဂ်င့္မန္ဒက္စ္ဖြင့္ဟလာ

ေဂ်ာ့မန္ဒက္စ္ကသူ႔ကစားသမားခရစၥတီယာႏိုေရာ္နယ္ဒိုသာလွ်င္၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကိုအထိုက္တန္ျဖစ္ေၾကာင္းေထာက္ျပေျပာဆိုလာပါတယ္။

France Football ဟာၿပီးခဲ့တဲ့အပတ္တုန္းက Ballon d’Or ဆုအတြက္ဆန္ကာတင္ကစားသမား၃၀ဦးကိုထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားသမားဘဝတစ္ေလွ်ာက္တြင္ Ballon d’Or ဆုကိုငါးႀကိမ္တိုင္တိုင္ဆြတ္ခူးခဲ့ေသာ္လည္းယခုႏွစ္ Ballon d’Or ဆုအတြက္ေရပန္းအစားဆုံးစာရင္းတြင္ပါဝင္ျခင္းမရွိပါဘူး။

လက္ရွိအခ်ိန္တြင္၂၀၂၁ခုႏွစ္အတြက္ Ballon d’Or ဆုကိုဆြတ္ခူးရန္လီယြန္နယ္မက္ဆီႏွင့္ေဂ်ာ္ဂ်င္ဟိုတို႔ကေရပန္းအစားဆုံးျဖစ္ေနပါတယ္။လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားဆြတ္ခူးခဲ့သလိုေဂ်ာ္ဂ်င္ဟိုမွာလည္းအီတလီႏွင့္အတူယူ႐ို၂၀၂၀ဖလား၊ခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဖလားအသီးသီးဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကသူ႔ကစားသမားခရစၥတီယာႏိုေရာ္နယ္ဒိုသာလွ်င္ယခုႏွစ္အတြက္ Ballon d’Or ဆုႏွင့္အထိုက္တန္ဆုံးကစားသမားျဖစ္ေၾကာင္းဆိုလာပါတယ္။

၎က “Ballon d’Or ဆုကခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ဘဲထိုက္တန္ပါတယ္။ဒီႏွစ္ေလာက္သူနဲ႔ထိုက္တန္တာမရွိပါဘူး။စီးရီးေအနဲ႔ယူ႐ိုမွာဂိုးသြင္းဘုရင္ျဖစ္ခဲ့တယ္။ခ်န္ပီယံလိဂ္ဂိုးအမ်ားဆုံးသြင္းသူစံခ်ိန္ကိုေရးထိုးေနတယ္။ကြဲျပားတဲ့ႏိုင္ငံသုံးႏိုင္ငံမွာအားလုံးဆြတ္ခူးခဲ့တဲ့တစ္ဦးတည္းေသာကစားသမားျဖစ္တယ္”လို႔ေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ရာသီတုန္းကဂ်ဴဗင္တပ္ႏွင့္အတူကိုပါအီတာလီယာဖလားဆြတ္ခူးခဲ့ၿပီးစီးရီးေအဂိုးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။ဒါ့အျပင္သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဂိုးသြင္းဘုရင္ဆုဆက္လက္ဆြတ္ခူးခဲ့ပါတယ္။

ဆက္လက္ၿပီးေဂ်ာ့မန္ဒက္စ္က “သူကေဘာလုံးသမိုင္းမွာဂိုးအမ်ားဆုံးသြင္းယူထားသူပါ။ဒါကတကယ့္ကိုအေရးပါတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။သူကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆိုတာဆက္လက္ျပသေနတာေၾကာင့္ဒီဆုကသူ႔အတြက္ဘဲျဖစ္သင့္ပါတယ္”လို႔ဆိုသြားပါတယ္။