ဘာစိလိုနာသို့ ပြောင်းရန် လုပ်ခ ၅၈ ရာခိုင်နှုန်းလျှော့ချခဲ့ရတဲ့ မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး
Diario AS ရဲ့ဖော်ပြချက်အရဆာဂျီယိုအဂူရိုဟာမကြာမီကာလအတွင်းမှာဘာစီလိုနာသို့ပြောင်းလာတော့မှာဖြစ်ပါတယ်။အဂူရိုဟာသူအရမ်းခင်မင်ရတဲ့လီယွန်နယ်မက်ဆီနှင့်တွဲကစားနိုင်ရေးအတွက်ဘာစီလိုနာသို့ပြောင်းဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဟာဘာစီလိုနာသို့ပြောင်းခွင့်ရရှိဖို့အတွက်လုပ်ခတစ်ဝက်ကျော်အထိလျှော့ယူရပါမယ်။သူဟာဘာစီလိုနာမှာယူရို၅သန်းသာရရှိပါမယ်။
သူဟာမန်စီးတီးမှာတုန်းကတစ်နှစ်လုပ်ခယူရို၁၂သန်းရရှိနေတာကြောင့်ဘာစီလိုနာသို့ပြောင်းဖို့အတွက်လုပ်ခ၅၈ရာခိုင်နှုန်းအထိလျှော့ယူရမှာဖြစ်ပါတယ်။
အဂူရိုဟာယခုရာသီမှာမန်စီးတီးမှာဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ရပြီး၁၈ပွဲတည်းသာကစားခွင့်ရရှိခဲ့ရာမှာ၆၈၂မိနစ်သာကစားနိုင်ခဲ့ပါတယ်။သူဟာ၄ဂိုးတည်းသာသွင်းနိုင်တဲ့အပြင်၁ကြိမ်တည်းသာဖန်တီးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်းသူဟာမန်စီးတီးမှာ၂၅၈ဂိုးသွင်းယူထားပြီးမန်စီးတီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်ထားနိုင်ပါတယ်။
ZawGyi