ဘာစီလိုနာကစားဖော်များကို နှုတ်ဆက်ခဲ့တဲ့ ယူနိုက်တက်ပစ်မှတ် ဖရန်ကီဒီဂျောင်

ဖရန်ကီဒီဂျောင်ဟာဘာစီလိုနာပရိသတ်များနှင့်ကစားဖော်များကိုနှုတ်ဆက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အသက်၂၅နှစ်ရှိဒတ်ချ်ကွင်းလယ်ကစားသမားဟာယခုနွေရာသီတွင်ဆရာဟောင်းအဲရစ်တန်ဟက်ရှိရာယူနိုက်တက်သို့ပြောင်းမယ်လို့သတင်းများထွက်ပေါ်နေသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာကြွေးမြီများကြောင့်ကစားသမားခေါ်ယူအားဖြည့်ရေးကန့်သတ်ခြင်းခံထားရရာယခုနွေရာသီတွင်ဖရန်ကီဒီဂျောင်ကိုရောင်းချရမယ့်အရေးနှင့်ကြုံနေရပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းအတွက်ပွဲ၄၀ကစားထားတဲ့ဖရန်ကီဒီဂျောင်ဟာအေဂျက်စ်တွင်လက်တွဲခဲ့တဲ့အဲရစ်တန်ဟက်ရှိရာယူနိုက်တက်သို့ပြောင်းမယ်လို့သတင်းထွက်နေပါတယ်။

အဲရစ်တန်ဟက်နှင့်ဖရန်ကီဒီဂျောင်တို့ဟာ၂၀၁၈-၁၉ရာသီတုန်းကချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ကြသူများလည်းဖြစ်ပါတယ်။

တဖက်တွင်ဖရန်ကီဒီဂျောင်ကိုခေါ်ယူရေးကြိုးပမ်းနေတဲ့အသင်းထဲမှာယူနိုက်တက်အပြင်မြို့ခံပြိုင်ဘက်မန်စီးတီးလည်းပါဝင်ပါတယ်။

Zawgyi

ဘာစီလိုနာကစားေဖာ္မ်ားကို ႏႈတ္ဆက္ခဲ့တဲ့ ယူႏိုက္တက္ပစ္မွတ္ ဖရန္ကီဒီေဂ်ာင္

ဖရန္ကီဒီေဂ်ာင္ဟာဘာစီလိုနာပရိသတ္မ်ားႏွင့္ကစားေဖာ္မ်ားကိုႏႈတ္ဆက္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။အသက္၂၅ႏွစ္ရွိဒတ္ခ်္ကြင္းလယ္ကစားသမားဟာယခုေႏြရာသီတြင္ဆရာေဟာင္းအဲရစ္တန္ဟက္ရွိရာယူႏိုက္တက္သို႔ေျပာင္းမယ္လို႔သတင္းမ်ားထြက္ေပၚေနသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီမ်ားေၾကာင့္ကစားသမားေခၚယူအားျဖည့္ေရးကန႔္သတ္ျခင္းခံထားရရာယခုေႏြရာသီတြင္ဖရန္ကီဒီေဂ်ာင္ကိုေရာင္းခ်ရမယ့္အေရးႏွင့္ႀကဳံေနရပါတယ္။

နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္ပြဲ၄၀ကစားထားတဲ့ဖရန္ကီဒီေဂ်ာင္ဟာေအဂ်က္စ္တြင္လက္တြဲခဲ့တဲ့အဲရစ္တန္ဟက္ရွိရာယူႏိုက္တက္သို႔ေျပာင္းမယ္လို႔သတင္းထြက္ေနပါတယ္။

အဲရစ္တန္ဟက္ႏွင့္ဖရန္ကီဒီေဂ်ာင္တို႔ဟာ၂၀၁၈-၁၉ရာသီတုန္းကခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။

တဖက္တြင္ဖရန္ကီဒီေဂ်ာင္ကိုေခၚယူေရးႀကိဳးပမ္းေနတဲ့အသင္းထဲမွာယူႏိုက္တက္အျပင္ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးလည္းပါဝင္ပါတယ္။