ဘာစီလိုနာကစားသမားတိုင်း လိုက်နာကျင့်သုံးရတဲ့ လီယွန်နယ်မက်ဆီစည်းမျဉ်း

ဘာစီလိုနာအသင်းမှကစားသမားတိုင်းလိုက်နာကျင့်သုံးရတဲ့လီယွန်နယ်မက်ဆီစည်းမျဉ်းတစ်ခုရှိပါတယ်။အဲဒါကတော့လေ့ကျင့်ရေးအစီအစဉ်တွေမှာလီယွန်နယ်မက်ဆီကိုဘယ်ကစားသမားမှဒဏ်ရာရရှိအောင်မကစားရဆိုတဲ့ စည်းမျဉ်းပါ။ဘာစီလိုနာကစားသမားတစ်ဦးကမည်သည့်ဘာစီလိုနာစားသမားတိုင်းမဆိုလေ့ကျင့်ခန်းအစီအစဉ် တွင်မက်ဆီကိုကြမ်းတမ်းစွာဖျက်ထုတ်ခြင်းမပြုလုပ်ရကြောင်းဖွင့်ဟလာပါတယ်။

ဂျန်ကလဲယားတိုဒီဘိုက ဂျာမန်သတင်းစာ Bild နှင့်အင်တာဗျူးတွင်လီယွန်နယ်မက်ဆီစည်းမျဉ်းနှင့်ပတ်သက်ပြီး ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရှော်လ်ကေးတွင်အငှားဖြင့်သွားရောက်ကစားသူလည်းဖြစ်ပါတယ်။

တိုဒီဘိုက “သူ(မက်ဆီ)ဒဏ်ရာရလို့မဖြစ်ဘူးဆိုတာကျွန်တော်တို့အားလုံးသိပါတယ်။ဒီတော့မက်ဆီကိုလေ့ကျင့် ခန်းအစီအစဉ်တွေမှာအထူးဂရုစိုက်ဖျက်ထုတ်ခံရပါတယ်။မက်ဆီဆီကနေကျွန်တော်အများကြီးသင်ယူခဲ့ရတယ်။ သူ့ကိုအကြိမ်အနည်းငယ်တောင်ဖျက်ထုတ်ဖူးတယ်။ဒါပေမယ့်သူနာကျင်မှုမဖြစ်အောင်အရမ်းဂရုစိုက်ခဲ့ပါတယ်” လို့ပြောကြားသွားပါတယ်။

လီယွန်နယ်မက်ဆီဟာလက်ရှိဘာစီလိုနာအသင်းခေါင်းဆောင်တစ်ဦးဖြစ်သလိုကလပ်ရဲ့အရေးအပါအဆုံးကစားသမားတစ်ဦးဖြစ်တာနဲ့အညီသူဒဏ်ရာမရဖို့အထူးဂရုစိုက်ကြတာအံ့ဩစရာတော့မရှိပါဘူး။

ZawGyi

ဘာစီလိုနာကစားသမားတိုင္း လိုက္နာက်င့္သုံးရတဲ့ လီယြန္နယ္မက္ဆီစည္းမ်ဥ္း

ဘာစီလိုနာအသင္းမွကစားသမားတိုင္းလိုက္နာက်င့္သုံးရတဲ့လီယြန္နယ္မက္ဆီစည္းမ်ဥ္းတစ္ခုရွိပါတယ္။အဲဒါကေတာ့ေလ့က်င့္ေရးအစီအစဥ္ေတြမွာလီယြန္နယ္မက္ဆီကိုဘယ္ကစားသမားမွဒဏ္ရာရရွိေအာင္မကစားရဆိုတဲ့ စည္းမ်ဥ္းပါ။ဘာစီလိုနာကစားသမားတစ္ဦးကမည္သည့္ဘာစီလိုနာစားသမားတိုင္းမဆိုေလ့က်င့္ခန္းအစီအစဥ္ တြင္မက္ဆီကိုၾကမ္းတမ္းစြာဖ်က္ထုတ္ျခင္းမျပဳလုပ္ရေၾကာင္းဖြင့္ဟလာပါတယ္။

ဂ်န္ကလဲယားတိုဒီဘိုက ဂ်ာမန္သတင္းစာ Bild ႏွင့္အင္တာဗ်ဴးတြင္လီယြန္နယ္မက္ဆီစည္းမ်ဥ္းႏွင့္ပတ္သက္ၿပီး ေျပာၾကားလာခဲ့တာလည္းျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေရွာ္လ္ေကးတြင္အငွားျဖင့္သြားေရာက္ကစားသူလည္းျဖစ္ပါတယ္။

တိုဒီဘိုက “သူ(မက္ဆီ)ဒဏ္ရာရလို႔မျဖစ္ဘူးဆိုတာကြၽန္ေတာ္တို႔အားလုံးသိပါတယ္။ဒီေတာ့မက္ဆီကိုေလ့က်င့္ ခန္းအစီအစဥ္ေတြမွာအထူးဂ႐ုစိုက္ဖ်က္ထုတ္ခံရပါတယ္။မက္ဆီဆီကေနကြၽန္ေတာ္အမ်ားႀကီးသင္ယူခဲ့ရတယ္။ သူ႔ကိုအႀကိမ္အနည္းငယ္ေတာင္ဖ်က္ထုတ္ဖူးတယ္။ဒါေပမယ့္သူနာက်င္မႈမျဖစ္ေအာင္အရမ္းဂ႐ုစိုက္ခဲ့ပါတယ္” လို႔ေျပာၾကားသြားပါတယ္။

လီယြန္နယ္မက္ဆီဟာလက္ရွိဘာစီလိုနာအသင္းေခါင္းေဆာင္တစ္ဦးျဖစ္သလိုကလပ္ရဲ႕အေရးအပါအဆုံးကစားသမားတစ္ဦးျဖစ္တာနဲ႔အညီသူဒဏ္ရာမရဖို႔အထူးဂ႐ုစိုက္ၾကတာအံ့ဩစရာေတာ့မရွိပါဘူး။