ဘာစီလိုနာကစားသမားဘဝတွင် ကလပ် ၈ ခုကိုသာ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့တဲ့ မက်ဆီ

မက်ဆီဟာဘာစီလိုနာကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။မက်ဆီဟာဘာစီလိုနာမှာကျင်လည်ခဲ့တဲ့လွမ်းမောစရာကစားသမားဘဝ၂၁နှစ်တာကာလဟာလည်းအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာဘာစီလိုနာမှထွက်ခွာလာပြီးနောက်ပြင်သစ်လီဂူး၁ထိပ်သီးပီအက်စ်ဂျီသို့ပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်။

မက်ဆီဟာဘာစီလိုနာကနေကလပ်သမိုင်းမှာအကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်ခေါင်းမော့ရင်ကော့ထွက်ခွာလာခဲ့တာပါ။သူဟာဘာစီလိုနာအတွက်၇၇၈ပွဲကစားခဲ့ရာမှာ၆၇၂ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာဘာစီလိုနာကစားသမားဘဝမှာပြိုင်ပွဲပေါင်းများစွာတို့မှာကွဲပြားတဲ့ပြိုင်ဘက်ပေါင်း၈၁သင်းနှင့်ရင်ဆိုင်ခဲ့ရပါတယ်။မက်ဆီဟာသူရင်ဆိုင်ခဲ့ရတဲ့၈၁သင်းတို့မှာ၈သင်းတည်းကိုဘဲဂိုးမသွင်းနိုင်ခဲ့ကြောင်းအံ့ဩဖွယ်ရာတွေ့ရှိရပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်တုန်းကဆိုရင်မက်ဆီဟာဘာစီလိုနာကစားသမားဘဝမှာရင်ဆိုင်ခဲ့ဖူးတဲ့အသင်းတွေထဲမှာဂိုးမသွင်းနိုင်တဲ့အသင်းက၁၀သင်းရှိခဲ့တာပါ။ဒါပေမယ့်မက်ဆီဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းကနာပိုလီနှင့်ပွဲမှာဂိုးသွင်းနိုင်မှု၊ဖေဖော်ဝါရီလတုန်းကကာဒစ်ဇ်နဲ့ပွဲမှာပင်နယ်တီကနေဂိုးသွင်းနိုင်ခဲ့မှုနဲ့အတူဂိုးမသွင်းနိုင်တဲ့ကလပ်၈ခုသာကျန်တော့သာဖြစ်ပါတယ်။

မက်ဆီအတွက်ဂိုးသွင်းရခက်ခဲတဲ့ပြိုင်ဘက်စာရင်းထဲမှာထိပ်ဆုံးကရပ်တည်နေတဲ့အသင်းကတော့အင်တာမီလန်ပါ။မက်ဆီဟာအင်တာမီလန်နှင့်လေးကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ရာမှာ၄ကြိမ်စလုံးဂိုးမသွင်းနိုင်ခဲ့ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတဲ့မက်ဆီဂိုးမသွင်းနိုင်တဲ့ပြိုင်ဘက်တစ်သင်းကတော့ရုရှားကလပ်ရူဘင်ကာဇန်ဖြစ်ပါတယ်။မက်ဆီဟာချန်ပီယံလိဂ်မှာရူဘင်ကာဇန်နှင့်လည်း၄ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ရာမှာဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မက်ဆီရင်ဆိုင်ခဲ့ဖူးတဲ့အသင်းတွေမှာဂိုးမသွင်းနိုင်တဲ့ကျန်ပြိုင်ဘက်အသင်းများကတော့ကာတာကလပ်အယ်လ်ဆက်ဒ်၊ရီးရဲလ်မာစီယာ၊ဂရာမီနက်၊အူဒီးနီးစ်တစ်ဦးဖြစ်ပြီးယင်းကလပ်များနှင့်တစ်ကြိမ်တည်းသာရင်ဆိုင်ခဲ့ဖူးတာပါ။မက်ဆီဟာ၂ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီးဂိုးမသွင်းနိုင်ခဲ့အသင်းများကတော့ဘင်ဖီကာနှင့်ဇီရက်ဇ်တို့ဖြစ်ပါတယ်။

ZawGyi

ဘာစီလိုနာကစားသမားဘဝတြင္ ကလပ္ ၈ ခုကိုသာ ဂိုးသြင္းႏိုင္ျခင္း မရွိခဲ့တဲ့ မက္ဆီ

မက္ဆီဟာဘာစီလိုနာကိုႏႈတ္ဆက္သြားခဲ့ၿပီျဖစ္ပါတယ္။မက္ဆီဟာဘာစီလိုနာမွာက်င္လည္ခဲ့တဲ့လြမ္းေမာစရာကစားသမားဘဝ၂၁ႏွစ္တာကာလဟာလည္းအဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။

မက္ဆီဟာဘာစီလိုနာမွထြက္ခြာလာၿပီးေနာက္ျပင္သစ္လီဂူး၁ထိပ္သီးပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနပါတယ္။

မက္ဆီဟာဘာစီလိုနာကေနကလပ္သမိုင္းမွာအေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ေခါင္းေမာ့ရင္ေကာ့ထြက္ခြာလာခဲ့တာပါ။သူဟာဘာစီလိုနာအတြက္၇၇၈ပြဲကစားခဲ့ရာမွာ၆၇၂ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာဘာစီလိုနာကစားသမားဘဝမွာၿပိဳင္ပြဲေပါင္းမ်ားစြာတို႔မွာကြဲျပားတဲ့ၿပိဳင္ဘက္ေပါင္း၈၁သင္းႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။မက္ဆီဟာသူရင္ဆိုင္ခဲ့ရတဲ့၈၁သင္းတို႔မွာ၈သင္းတည္းကိုဘဲဂိုးမသြင္းႏိုင္ခဲ့ေၾကာင္းအံ့ဩဖြယ္ရာေတြ႕ရွိရပါတယ္။

လြန္ခဲ့တဲ့တစ္ႏွစ္တုန္းကဆိုရင္မက္ဆီဟာဘာစီလိုနာကစားသမားဘဝမွာရင္ဆိုင္ခဲ့ဖူးတဲ့အသင္းေတြထဲမွာဂိုးမသြင္းႏိုင္တဲ့အသင္းက၁၀သင္းရွိခဲ့တာပါ။ဒါေပမယ့္မက္ဆီဟာ၂၀၂၀ခုႏွစ္၊ဩဂုတ္လတုန္းကနာပိုလီႏွင့္ပြဲမွာဂိုးသြင္းႏိုင္မႈ၊ေဖေဖာ္ဝါရီလတုန္းကကာဒစ္ဇ္နဲ႔ပြဲမွာပင္နယ္တီကေနဂိုးသြင္းႏိုင္ခဲ့မႈနဲ႔အတူဂိုးမသြင္းႏိုင္တဲ့ကလပ္၈ခုသာက်န္ေတာ့သာျဖစ္ပါတယ္။

မက္ဆီအတြက္ဂိုးသြင္းရခက္ခဲတဲ့ၿပိဳင္ဘက္စာရင္းထဲမွာထိပ္ဆုံးကရပ္တည္ေနတဲ့အသင္းကေတာ့အင္တာမီလန္ပါ။မက္ဆီဟာအင္တာမီလန္ႏွင့္ေလးႀကိမ္တိုင္တိုင္ရင္ဆိုင္ခဲ့ရာမွာ၄ႀကိမ္စလုံးဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

စိတ္ဝင္စားဖို႔ေကာင္းတဲ့မက္ဆီဂိုးမသြင္းႏိုင္တဲ့ၿပိဳင္ဘက္တစ္သင္းကေတာ့႐ုရွားကလပ္႐ူဘင္ကာဇန္ျဖစ္ပါတယ္။မက္ဆီဟာခ်န္ပီယံလိဂ္မွာ႐ူဘင္ကာဇန္ႏွင့္လည္း၄ႀကိမ္တိုင္တိုင္ရင္ဆိုင္ခဲ့ရာမွာဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

မက္ဆီရင္ဆိုင္ခဲ့ဖူးတဲ့အသင္းေတြမွာဂိုးမသြင္းႏိုင္တဲ့က်န္ၿပိဳင္ဘက္အသင္းမ်ားကေတာ့ကာတာကလပ္အယ္လ္ဆက္ဒ္၊ရီးရဲလ္မာစီယာ၊ဂရာမီနက္၊အူဒီးနီးစ္တစ္ဦးျဖစ္ၿပီးယင္းကလပ္မ်ားႏွင့္တစ္ႀကိမ္တည္းသာရင္ဆိုင္ခဲ့ဖူးတာပါ။မက္ဆီဟာ၂ႀကိမ္ရင္ဆိုင္ခဲ့ဖူးၿပီးဂိုးမသြင္းႏိုင္ခဲ့အသင္းမ်ားကေတာ့ဘင္ဖီကာႏွင့္ဇီရက္ဇ္တို႔ျဖစ္ပါတယ္။