ဘာစီလိုနာကို ချန်ပီယံလိဂ်မှ ထွက်စေမဲ့ အပိုင်အခွင့်အရေးကို အင်တာဖြုန်းတီးခဲ့မှုအပေါ် ပရိသတ်များ အံ့ဩသင့်လျက်ရှိ

အင်တာမီလန်အလယ်တန်းကစားသမားခရစ္စတန်အက်စ်လာနီဟာဘာစီလိုနာကိုချန်ပီယံလိဂ်မှထွက်ခွာစေမဲ့အပြီးပြည့်စုံဆုံးအခွင့်အရေးရရှိခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့တုန်းကနူးကမ့်တွင်ကစားတဲ့ဘာစီလိုနာနှင့်အင်တာမီလန်တို့ရဲ့ပွဲစဉ်မှာသုံးဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။ဘာစီလိုနာဟာယင်းပွဲတွင်ရှုံးနိမ့်ပါကချန်ပီယံလိဂ်မှထွက်ခွာရမှာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာအင်တာမီလန်နှင့်သရေကျမှုနှင့်အတူ ချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ရောက်နိုင်ရေးအတွက်အခွင့်အရေးပိုင်ဆိုင်ထားပါသေးတယ်။

ဒါပေမဲ့တကယ်လို့များမနေ့ကပွဲစဉ်တွင်အက်စ်လာနီသာနာကျင်အချိန်ပို၄မိနစ်မှာရရှိတဲ့အပိုင်အခွင့်အရေးကိုအသုံးချလာမည်ဆိုပါက ဘာစီလိုနာတို့ယူရိုပါလိဂ်အိမ်မက်ဆိုးနှစ်နှစ်ဆက်မက်ရဖို့သေချာသွားမှာလည်းဖြစ်ပါတယ်။

နာကျင်အချိန်တွင်မာတီနက်ဇ်က ဘာစီလိုနာခံစစ်ကိုထိုးဖောက်ပြီးအက်စ်လာနီထံသို့ချပေးခဲ့ပါတယ်။အသက်၂၀နှစ်ရှိအလယ်တန်းကစားသမားဟာဘာစီလိုနာဂိုးသမားမာ့ခ်အင်ဒရေတာစတီဂန်နှင့်တစ်ဦးချင်းအနေဖြင့်ကြုံခဲ့ပါတယ်။

ယင်းအချိန်တွင်မာတီနက်ဇ်လည်း ရှေ့နေရာလွတ်သို့တက်ကာနေရာယူထားတာကြောင့်အက်စ်တာနီအနေဖြင့် ကစားဖော်ထံပြန်ချခွင့်ရှိနေသလို ကိုယ်တိုင်ကန်ခွင့်လည်းရှိနေပါတယ်။

ဒါပေမဲ့အက်စ်တာနီဟာကစားဖော်ကိုမဖန်တီးပေးဘဲကိုယ်တိုင်ကန်ဖို့ဆုံးဖြတ်ခဲ့ကာကန်ခဲ့ပေမဲ့မာ့ခ်တာစတီဂန်ကကာကွယ်သွားခဲ့ပါတယ်။

ယင်းနှင့်ပတ်သက်ပြီး ပရိသတ်တစ်ဦးက”အင်တာကိုတော့အားမပေးပါဘူး။ဒါပေမဲ့ဒါကိုကြည့်ပြီးဒေါသထွက်ရတယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ကိုယ့်ငါကောင်ကစူပါစတားဖြစ်ချင်နေတာ”လို့ဆိုသွားပါတယ်။

မနေ့ညတုန်းကနူးကမ့်ပွဲစဉ်တွင်နိုင်ပွဲလိုအပ်နေတဲ့ဘာစီလိုနာဟာပွဲချိန်မိနစ်၄၀တွင်ဒမ်ဘီလီရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၅၀မိနစ်မှာဘာရယ်လာကအင်တာအတွက်ပြန်လည်ချေပခဲ့ပါတယ်။

ယင်းနောက်ပွဲချိန်၆၃မိနစ်တွင်မာတီနက်ဇ်ကအင်တာအတွက်ဦးဆောင်ဂိုးပြန်သွင်းခဲ့ပါတယ်။ယင်းဂိုးကိုလီဝန်ဒေါ့စကီးကပြန်လည်ချေပခဲ့ပေမဲ့ရိုဘင်ဂိုဆင်ကအင်တာမီလန်အတွက်ပွဲချိန်၈၉မိနစ်မှာဦးဆောင်ဂိုးပြန်ခဲ့လို့ အီတလီကလပ်တို့အနိုင်ရပြီလို့ယူဆခဲ့ကြရပါတယ်။ဒါပေမဲ့လီဝန်ဒေါ့စကီးကနာကျင်အချိန်ပိုမှာဘာစီလိုနာအတွက်အဖိုးတန်ချေပဂိုးသွင်းခဲ့လို့သုံးဂိုးစီသရေဖြင့်ပြီးဆုံးသွားပါတယ်။

ZawGyi

ဘာစီလိုနာကို ခ်န္ပီယံလိဂ္မွ ထြက္ေစမဲ့ အပိုင္အခြင့္အေရးကို အင္တာျဖဳန္းတီးခဲ့မႈအေပၚ ပရိသတ္မ်ား အံ့ဩသင့္လ်က္ရွိ

အင္တာမီလန္အလယ္တန္းကစားသမားခရစၥတန္အက္စ္လာနီဟာဘာစီလိုနာကိုခ်န္ပီယံလိဂ္မွထြက္ခြာေစမဲ့အၿပီးျပည့္စုံဆုံးအခြင့္အေရးရရွိခဲ့ေပမဲ့အသုံးမခ်ႏိုင္ခဲ့ပါဘူး။

ဗုဒၶဟူးေန႔တုန္းကႏူးကမ့္တြင္ကစားတဲ့ဘာစီလိုနာႏွင့္အင္တာမီလန္တို႔ရဲ႕ပြဲစဥ္မွာသုံးဂိုးစီသေရျဖင့္ၿပီးဆုံးသြားခဲ့ပါတယ္။ဘာစီလိုနာဟာယင္းပြဲတြင္ရႈံးနိမ့္ပါကခ်န္ပီယံလိဂ္မွထြက္ခြာရမွာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာအင္တာမီလန္ႏွင့္သေရက်မႈႏွင့္အတူ ခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ေရာက္ႏိုင္ေရးအတြက္အခြင့္အေရးပိုင္ဆိုင္ထားပါေသးတယ္။

ဒါေပမဲ့တကယ္လို႔မ်ားမေန႔ကပြဲစဥ္တြင္အက္စ္လာနီသာနာက်င္အခ်ိန္ပို၄မိနစ္မွာရရွိတဲ့အပိုင္အခြင့္အေရးကိုအသုံးခ်လာမည္ဆိုပါက ဘာစီလိုနာတို႔ယူ႐ိုပါလိဂ္အိမ္မက္ဆိုးႏွစ္ႏွစ္ဆက္မက္ရဖို႔ေသခ်ာသြားမွာလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္တြင္မာတီနက္ဇ္က ဘာစီလိုနာခံစစ္ကိုထိုးေဖာက္ၿပီးအက္စ္လာနီထံသို႔ခ်ေပးခဲ့ပါတယ္။အသက္၂၀ႏွစ္ရွိအလယ္တန္းကစားသမားဟာဘာစီလိုနာဂိုးသမားမာ့ခ္အင္ဒေရတာစတီဂန္ႏွင့္တစ္ဦးခ်င္းအေနျဖင့္ႀကဳံခဲ့ပါတယ္။

ယင္းအခ်ိန္တြင္မာတီနက္ဇ္လည္း ေရွ႕ေနရာလြတ္သို႔တက္ကာေနရာယူထားတာေၾကာင့္အက္စ္တာနီအေနျဖင့္ ကစားေဖာ္ထံျပန္ခ်ခြင့္ရွိေနသလို ကိုယ္တိုင္ကန္ခြင့္လည္းရွိေနပါတယ္။

ဒါေပမဲ့အက္စ္တာနီဟာကစားေဖာ္ကိုမဖန္တီးေပးဘဲကိုယ္တိုင္ကန္ဖို႔ဆုံးျဖတ္ခဲ့ကာကန္ခဲ့ေပမဲ့မာ့ခ္တာစတီဂန္ကကာကြယ္သြားခဲ့ပါတယ္။

ယင္းႏွင့္ပတ္သက္ၿပီး ပရိသတ္တစ္ဦးက”အင္တာကိုေတာ့အားမေပးပါဘူး။ဒါေပမဲ့ဒါကိုၾကည့္ၿပီးေဒါသထြက္ရတယ္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ကိုယ့္ငါေကာင္ကစူပါစတားျဖစ္ခ်င္ေနတာ”လို႔ဆိုသြားပါတယ္။

မေန႔ညတုန္းကႏူးကမ့္ပြဲစဥ္တြင္ႏိုင္ပြဲလိုအပ္ေနတဲ့ဘာစီလိုနာဟာပြဲခ်ိန္မိနစ္၄၀တြင္ဒမ္ဘီလီရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၅၀မိနစ္မွာဘာရယ္လာကအင္တာအတြက္ျပန္လည္ေခ်ပခဲ့ပါတယ္။

ယင္းေနာက္ပြဲခ်ိန္၆၃မိနစ္တြင္မာတီနက္ဇ္ကအင္တာအတြက္ဦးေဆာင္ဂိုးျပန္သြင္းခဲ့ပါတယ္။ယင္းဂိုးကိုလီဝန္ေဒါ့စကီးကျပန္လည္ေခ်ပခဲ့ေပမဲ့႐ိုဘင္ဂိုဆင္ကအင္တာမီလန္အတြက္ပြဲခ်ိန္၈၉မိနစ္မွာဦးေဆာင္ဂိုးျပန္ခဲ့လို႔ အီတလီကလပ္တို႔အႏိုင္ရၿပီလို႔ယူဆခဲ့ၾကရပါတယ္။ဒါေပမဲ့လီဝန္ေဒါ့စကီးကနာက်င္အခ်ိန္ပိုမွာဘာစီလိုနာအတြက္အဖိုးတန္ေခ်ပဂိုးသြင္းခဲ့လို႔သုံးဂိုးစီသေရျဖင့္ၿပီးဆုံးသြားပါတယ္။