ဘာစီလိုနာစတားကို ခေါ်ယူရန် သရဲနီကို အနိုင်ယူနိုင်တော့မယ့် စပါးစ်

စပါးစ်နည်းပြသစ်နူနိုအက်စ်ပီရီတိုဆန်တိုဟာစပါးစ်နည်းပြအဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်အချိန်မဆိုင်းဘဲကစားသမားသစ်ခေါ်ယူအားဖြည့်နိုင်ဖို့လုပ်ဆောင်နေပါတယ်။၎င်းတို့ဟာဘာစီလိုနာကွင်းလယ်ကစားသမားမီရာလမ်းပီယာနစ်ကိုခေါ်ယူနိုင်ရန်နီးစပ်တဲ့အနေအထားသို့ရောက်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကစိတ်ပျက်စရာပရီးမီးယားလိဂ်ရာသီနှင့်ကြုံခဲ့ရတဲ့စပါးစ်ဟာယခုနွေရာသီတွင်အသင်းကိုအပြော်ငးအလဲပြုလုပ်ရန်စီစဉ်နေပါတယ်။

စပါးစ်နည်းပြနူနိုအတွက်အဓိကအားဖြည့်ရမယ့်နေရာကအလယ်တန်းဖြစ်ပါတယ်။ယခင်နည်းပြများဖြစ်တဲ့မော်ရင်ဟိုနှင့်မေဆင်လက်ထက်တုန်းကလည်းစပါးစ်ကွင်းလယ်ကမတည်ငြိမ်ခဲ့ပါဘူး။

ဒါကြောင့်လည်းစပါးစ်နည်းပြသစ်ဟာပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းတွင်ဂျူဗင်တပ်၊ရိုးမားတို့နှင့်အတူအီတလီဘောလုံးလောကကိုလွှမ်းမိုးခဲ့တဲ့ဘာစီလိုနာကွင်းလယ်ကစားသမားပီယာနစ်ကိုခေါ်ယူရန်စီစဉ်နေပါတယ်။

အသက်၃၁နှစ်ရှိဘော့စနီးယားလက်ရွေးစင်ဟာတူရင်တွင်ကစားတဲ့လေးရာသီအတွင်းမှာ၂၂ဂိုးသွင်းကာ၄၁ကြိမ်ဖန်တီးခဲ့ပါတယ်။

သူဟာ၂၀၂၀ခုနှစ်၊ဇွန်လတွင်ဘာစီလိုနာသို့ပေါင်၅၂သန်းဖြင့်ပြောင်းခဲ့ပါတယ်။ဒါပေမယ့်သူဟာနည်းပြကိုးမန်းလက်အောက်မှာလာလီဂါပွဲ၆ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာနှင့်ကြုံတွေ့ရမှုနဲ့အတူပီယာနစ်အားယခုနွေတွင်ထွက်ခွာခွင့်ပေးရန်စီစဉ်ထားပါတယ်။

စပါးစ်အားကစားဒါရိုက်တာပါရာတီစီဟာဂျူဗင်တပ်တွင်တာဝန်ထမ်းဆောင်တုန်းက ပီယာနစ်ကိုရိုးမားမှခေါ်ဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်မန်ယူကလည်းပီယာနစ်ကိုခေါ်ယူရန်စိတ်ဝင်စားပေမယ့်စပါးစ်ကလက်ဦးမှုရယူကာအငှားဖြင့်ခေါ်ယူရန်အတွက်ဘာစီလိုနာထံသို့တရားဝင်ဆက်သွယ်မှုပြုလုပ်ထားပြီးဖြစ်ပါတယ်။

တစ်ဖက်တွင်ပီယာနစ်ဟာသူကျင်လည်ခဲ့ဖူးတဲ့စီးရီးအေဘောလုံးလောကသို့ပြန်လည်သွားရောက်လိုသော်လည်းပရီးမီးယားလိဂ်တွင်လည်းလာရောက်ကစားကာအတွေ့အကြုံသစ်ရယူလိုနေပါတယ်။

ZawGyi

ဘာစီလိုနာစတားကို ေခၚယူရန္ သရဲနီကို အႏိုင္ယူႏိုင္ေတာ့မယ့္ စပါးစ္

စပါးစ္နည္းျပသစ္ႏူႏိုအက္စ္ပီရီတိုဆန္တိုဟာစပါးစ္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံရၿပီးေနာက္အခ်ိန္မဆိုင္းဘဲကစားသမားသစ္ေခၚယူအားျဖည့္ႏိုင္ဖို႔လုပ္ေဆာင္ေနပါတယ္။၎တို႔ဟာဘာစီလိုနာကြင္းလယ္ကစားသမားမီရာလမ္းပီယာနစ္ကိုေခၚယူႏိုင္ရန္နီးစပ္တဲ့အေနအထားသို႔ေရာက္ေနၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကစိတ္ပ်က္စရာပရီးမီးယားလိဂ္ရာသီႏွင့္ႀကဳံခဲ့ရတဲ့စပါးစ္ဟာယခုေႏြရာသီတြင္အသင္းကိုအေျပာ္ငးအလဲျပဳလုပ္ရန္စီစဥ္ေနပါတယ္။

စပါးစ္နည္းျပႏူႏိုအတြက္အဓိကအားျဖည့္ရမယ့္ေနရာကအလယ္တန္းျဖစ္ပါတယ္။ယခင္နည္းျပမ်ားျဖစ္တဲ့ေမာ္ရင္ဟိုႏွင့္ေမဆင္လက္ထက္တုန္းကလည္းစပါးစ္ကြင္းလယ္ကမတည္ၿငိမ္ခဲ့ပါဘူး။

ဒါေၾကာင့္လည္းစပါးစ္နည္းျပသစ္ဟာၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္းတြင္ဂ်ဴဗင္တပ္၊႐ိုးမားတို႔ႏွင့္အတူအီတလီေဘာလုံးေလာကကိုလႊမ္းမိုးခဲ့တဲ့ဘာစီလိုနာကြင္းလယ္ကစားသမားပီယာနစ္ကိုေခၚယူရန္စီစဥ္ေနပါတယ္။

အသက္၃၁ႏွစ္ရွိေဘာ့စနီးယားလက္ေ႐ြးစင္ဟာတူရင္တြင္ကစားတဲ့ေလးရာသီအတြင္းမွာ၂၂ဂိုးသြင္းကာ၄၁ႀကိမ္ဖန္တီးခဲ့ပါတယ္။

သူဟာ၂၀၂၀ခုႏွစ္၊ဇြန္လတြင္ဘာစီလိုနာသို႔ေပါင္၅၂သန္းျဖင့္ေျပာင္းခဲ့ပါတယ္။ဒါေပမယ့္သူဟာနည္းျပကိုးမန္းလက္ေအာက္မွာလာလီဂါပြဲ၆ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာႏွင့္ႀကဳံေတြ႕ရမႈနဲ႔အတူပီယာနစ္အားယခုေႏြတြင္ထြက္ခြာခြင့္ေပးရန္စီစဥ္ထားပါတယ္။

စပါးစ္အားကစားဒါ႐ိုက္တာပါရာတီစီဟာဂ်ဴဗင္တပ္တြင္တာဝန္ထမ္းေဆာင္တုန္းက ပီယာနစ္ကို႐ိုးမားမွေခၚေဆာင္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူကလည္းပီယာနစ္ကိုေခၚယူရန္စိတ္ဝင္စားေပမယ့္စပါးစ္ကလက္ဦးမႈရယူကာအငွားျဖင့္ေခၚယူရန္အတြက္ဘာစီလိုနာထံသို႔တရားဝင္ဆက္သြယ္မႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

တစ္ဖက္တြင္ပီယာနစ္ဟာသူက်င္လည္ခဲ့ဖူးတဲ့စီးရီးေအေဘာလုံးေလာကသို႔ျပန္လည္သြားေရာက္လိုေသာ္လည္းပရီးမီးယားလိဂ္တြင္လည္းလာေရာက္ကစားကာအေတြ႕အႀကဳံသစ္ရယူလိုေနပါတယ္။