ဘာစီလိုနာစတားကို သူရှိရာဂျူဗင်တပ်သို့ လာကစားရန် ဖုန်းဆက်ပြောကြားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၉ခုနှစ်နွေရာသီတုန်းကဘာစီလိုနာစတားတစ်ဦးကိုသူရှိရာဂျူဗင်တပ်သို့လာရောက်ကစားရန်ကိုယ်တိုင်ဖျောင်းဖျမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်စူပါစတားဟောင်းဟာ၂၀၁၈ခုနှစ်နွေရာသီတုန်းကပြောင်းရွှေ့ကြေးပေါင်၈၈သန်းဖြင့်ရီးရဲလ်မက်ဒရစ်မှဂျူဗင်တပ်သို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သူဟာဘာစီလိုနာစတားတစ်ဦးကိုလည်းသူရှိရာတူရင်သို့လာကစားရန်တိုက်တွန်းခဲ့ပါတယ်။သူဟာလည်းဂျူဗင်တပ်သို့ပြောင်းလုနီးပါးဖြစ်ခဲ့ပေမယ့်ပြောင်းရွှေ့ကြေးမြင့်မားနေမှုကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပါတယ်။

ဆီဗီလာကွင်းလယ်ကစားသမားအိုင်ဗန်ရာကီတစ်ကခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၉ခုနှစ်တုန်းကသူ့ကိုအီတလီထိပ်သီးကလပ်သို့လာကစားရန်ဖျောင်းဖျခဲ့ကြောင်းဖွင့်ဟသွားတာဖြစ်ပါတယ်။

ဒါပေမယ့်ဘာစီလိုနာဘက်ကခရိုအေးရှားကွင်းလယ်ကစားသမားအတွက်ပြောင်းရွှေ့ကြေးပေါင်၄၃သန်းတောင်းဆိုမှုကြောင့်အပြောင်းအရွှေ့မှာမဖြစ်ပျက်လာခဲ့တာဖြစ်ပါတယ်။

အိုင်ဗန်ရာကီတစ်က “၂၀၁၉ခုနှစ်နွေတုန်းကခရစ္စတီယာနိုဟာကျွန်တော့်ကိုဂျူဗီသို့လာကစားဖို့ဖုန်းဆက်ပြောကြားခဲ့ပါတယ်။သူကကလပ်(ဂျူဗီ)ကလည်းကျွန်တော့်ကိုခေါ်ချင်တယ်လို့ပြောပါတယ်။ဒါပေမယ့်အပြောင်းအရွှေ့ကမဖြစ်လာခဲ့ပါဘူး။ဘာစီလိုနာကယူရိုသန်း၅၀တောင်းဆိုပါတယ်။များလွန်းအားကြီးတယ်”လို့ပြောကြားသွားပါတယ်။

ရာကီတစ်ဟာဘာစီလိုနာတွင်နောက်ထပ်တစ်ရာသီကစားပြီးနောက်ပြီးခဲ့တဲ့နွေရာသီတုန်းကအသင်းဟောင်းဆီဗီလာသို့ပြန်လည်ပြောင်းခဲ့ပါတယ်။

ZawGyi

ဘာစီလိုနာစတားကို သူရွိရာဂ်ဴဗင္တပ္သို႔ လာကစားရန္ ဖုန္းဆက္ေျပာၾကားခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၉ခုႏွစ္ေႏြရာသီတုန္းကဘာစီလိုနာစတားတစ္ဦးကိုသူရွိရာဂ်ဴဗင္တပ္သို႔လာေရာက္ကစားရန္ကိုယ္တိုင္ေဖ်ာင္းဖ်မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္စူပါစတားေဟာင္းဟာ၂၀၁၈ခုႏွစ္ေႏြရာသီတုန္းကေျပာင္းေ႐ႊ႕ေၾကးေပါင္၈၈သန္းျဖင့္ရီးရဲလ္မက္ဒရစ္မွဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

သူဟာဘာစီလိုနာစတားတစ္ဦးကိုလည္းသူရွိရာတူရင္သို႔လာကစားရန္တိုက္တြန္းခဲ့ပါတယ္။သူဟာလည္းဂ်ဴဗင္တပ္သို႔ေျပာင္းလုနီးပါးျဖစ္ခဲ့ေပမယ့္ေျပာင္းေ႐ႊ႕ေၾကးျမင့္မားေနမႈေၾကာင့္ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ပါတယ္။

ဆီဗီလာကြင္းလယ္ကစားသမားအိုင္ဗန္ရာကီတစ္ကခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၉ခုႏွစ္တုန္းကသူ႔ကိုအီတလီထိပ္သီးကလပ္သို႔လာကစားရန္ေဖ်ာင္းဖ်ခဲ့ေၾကာင္းဖြင့္ဟသြားတာျဖစ္ပါတယ္။

ဒါေပမယ့္ဘာစီလိုနာဘက္ကခ႐ိုေအးရွားကြင္းလယ္ကစားသမားအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၄၃သန္းေတာင္းဆိုမႈေၾကာင့္အေျပာင္းအေ႐ႊ႕မွာမျဖစ္ပ်က္လာခဲ့တာျဖစ္ပါတယ္။

အိုင္ဗန္ရာကီတစ္က “၂၀၁၉ခုႏွစ္ေႏြတုန္းကခရစၥတီယာႏိုဟာကြၽန္ေတာ့္ကိုဂ်ဴဗီသို႔လာကစားဖို႔ဖုန္းဆက္ေျပာၾကားခဲ့ပါတယ္။သူကကလပ္(ဂ်ဴဗီ)ကလည္းကြၽန္ေတာ့္ကိုေခၚခ်င္တယ္လို႔ေျပာပါတယ္။ဒါေပမယ့္အေျပာင္းအေ႐ႊ႕ကမျဖစ္လာခဲ့ပါဘူး။ဘာစီလိုနာကယူ႐ိုသန္း၅၀ေတာင္းဆိုပါတယ္။မ်ားလြန္းအားႀကီးတယ္”လို႔ေျပာၾကားသြားပါတယ္။

ရာကီတစ္ဟာဘာစီလိုနာတြင္ေနာက္ထပ္တစ္ရာသီကစားၿပီးေနာက္ၿပီးခဲ့တဲ့ေႏြရာသီတုန္းကအသင္းေဟာင္းဆီဗီလာသို႔ျပန္လည္ေျပာင္းခဲ့ပါတယ္။