ဘာစီလိုနာစတားဂရက်ဇ်မန်းကို အငှားဖြင့် ပြန်လည်ခေါ်ယူလိုက်တဲ့ အက်သလက်တီကို

လာလီဂါချန်ပီယံအက်သလက်တီကိုမက်ဒရစ်ဟာဘာစီလိုနာမှပြင်သစ်စတားအန်တိုနီဂရက်ဇ်မန်းကိုအငှားဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဟာအန်တိုနီဂရက်ဇ်မန်းရဲ့လုပ်ခကိုအပြည့်အဝပေးရမယ့်အပြင်စာချုပ်အတွင်းတွင်လာမယ့်နွေရာသီမှာယူရိုသန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်ကိုလည်းထည့်သွင်းထားပါတယ်။

ငွေကြေးပြဿနာများနှင့်ရင်ဆိုင်နေရတဲ့ဘာစီလိုနာဟာအသင်းရဲ့အသုံးစရိတ်လျှော့ချလိုတဲ့ရည်ရွယ်ချက်ဖြင့်ဂရက်ဇ်မန်းအားအက်သလက်တီကိုသို့အငှားချလိုက်တာဖြစ်ပြီးသူ့နေရာတွင်အစားထိုးဖို့ဆီဗီလာတိုက်စစ်မှူးလုခ်ဒီဂျောင်ကိုခေါ်ယူခဲ့ပါတယ်။

ဂရက်ဇ်မန်းဟာလွန်ခဲ့တဲ့၂နှစ်တုန်းကမှအက်သလက်တီကိုမှဘာစီလိုနာသို့ပေါင်၁၀၇သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။ဒါကြောင့်ဘာစီလိုနာဟာဂရက်ဇ်မန်းအပြောင်းအရွှေ့အတွက်ငွေပေါင်၇၃သန်းဆုံးရှုံးနစ်နာရပါမယ်။

ဒါပေမယ့်လည်းဘာစီလိုနာဟာငွေကြေးအခက်အခဲရှိနေမှုနဲ့အတူတစ်ပတ်လုပ်ခပေါင်၅သိန်းကျော်ရရှိနေတဲ့ဂရက်ဇ်မန်းအားအငှားချထားနိုင်မှုနဲ့အတူငွေကြေးပြဿနာအနည်းငယ်လျှော့ကျလာပါမယ်။

ဂရက်ဇ်မန်းဟာဘာစီလိုနာတွင်ကစားတဲ့နှစ်ရာသီအတွင်းတွင်လာလီဂါပွဲ၇၄ပွဲကစားခဲ့ရာမှာ၂၂ဂိုးတည်းသာသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ဘာစီလိုနာဟာဂရက်ဇ်မန်းရဲ့သွင်းဂိုးတစ်ဂိုးအတွက်ပေါင်၅သန်းနီးပါးသုံးခဲ့ရပါတယ်။

ZawGyi

ဘာစီလိုနာစတားဂရက္ဇ္မန္းကို အငွားျဖင့္ ျပန္လည္ေခၚယူလိုက္တဲ့ အက္သလက္တီကို

လာလီဂါခ်န္ပီယံအက္သလက္တီကိုမက္ဒရစ္ဟာဘာစီလိုနာမွျပင္သစ္စတားအန္တိုနီဂရက္ဇ္မန္းကိုအငွားျဖင့္ေခၚယူအားျဖည့္လိုက္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ဟာအန္တိုနီဂရက္ဇ္မန္းရဲ႕လုပ္ခကိုအျပည့္အဝေပးရမယ့္အျပင္စာခ်ဳပ္အတြင္းတြင္လာမယ့္ေႏြရာသီမွာယူ႐ိုသန္း၄၀ျဖင့္အၿပီးသတ္ေခၚယူႏိုင္မယ့္ အခ်က္ကိုလည္းထည့္သြင္းထားပါတယ္။

ေငြေၾကးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရတဲ့ဘာစီလိုနာဟာအသင္းရဲ႕အသုံးစရိတ္ေလွ်ာ့ခ်လိုတဲ့ရည္႐ြယ္ခ်က္ျဖင့္ဂရက္ဇ္မန္းအားအက္သလက္တီကိုသို႔အငွားခ်လိုက္တာျဖစ္ၿပီးသူ႔ေနရာတြင္အစားထိုးဖို႔ဆီဗီလာတိုက္စစ္မႉးလုခ္ဒီေဂ်ာင္ကိုေခၚယူခဲ့ပါတယ္။

ဂရက္ဇ္မန္းဟာလြန္ခဲ့တဲ့၂ႏွစ္တုန္းကမွအက္သလက္တီကိုမွဘာစီလိုနာသို႔ေပါင္၁၀၇သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။ဒါေၾကာင့္ဘာစီလိုနာဟာဂရက္ဇ္မန္းအေျပာင္းအေ႐ႊ႕အတြက္ေငြေပါင္၇၃သန္းဆုံးရႈံးနစ္နာရပါမယ္။

ဒါေပမယ့္လည္းဘာစီလိုနာဟာေငြေၾကးအခက္အခဲရွိေနမႈနဲ႔အတူတစ္ပတ္လုပ္ခေပါင္၅သိန္းေက်ာ္ရရွိေနတဲ့ဂရက္ဇ္မန္းအားအငွားခ်ထားႏိုင္မႈနဲ႔အတူေငြေၾကးျပႆနာအနည္းငယ္ေလွ်ာ့က်လာပါမယ္။

ဂရက္ဇ္မန္းဟာဘာစီလိုနာတြင္ကစားတဲ့ႏွစ္ရာသီအတြင္းတြင္လာလီဂါပြဲ၇၄ပြဲကစားခဲ့ရာမွာ၂၂ဂိုးတည္းသာသြင္းယူႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ဘာစီလိုနာဟာဂရက္ဇ္မန္းရဲ႕သြင္းဂိုးတစ္ဂိုးအတြက္ေပါင္၅သန္းနီးပါးသုံးခဲ့ရပါတယ္။oppnews

oppnews